မှုခင်း
ငဖဲမြို့နယ်ထဲက အရှိုချင်းတိုင်းရင်းသူ မိန်းမပျိုလေး ၂ ဦးကို ဓါးဖြင့်အချက်ပေါင်းများစွာရက်ရက်စက်စက်သတ်ဖြတ် လွှင့်ပစ်သွား
မြေလတ်အသံ၊ အောက်တိုဘာ ၁၀၊ ၂၀၂၂။
သတင်း-007
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံဘောရွာမှ အရှိုချင်းတိုင်းရင်းသူ မိန်းမပျိုလေး ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး တောထဲမှာ လွှင့်ပစ်ထားခဲ့ကြောင်း ရွာခံများထံက သိရသည်။
Catagories
ဓားထိုးဒဏ်ရာဖြင့်သေဆုံးခဲ့သည့် မနွယ်သန္တာဝင်းအမှုကို စစ်ကောင်စီနှင့် AA တို့စစ်ဆေးနေ
မြေလတ်အသံ၊ ဩဂုတ် ၁၈၊ ၂၀၂၂။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်း ရပ်ကွက်ရှိ လူသုံးကုန်အရောင်းဆိုင်တွင် ဓားထိုးဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် မနွယ်သန္တာဝင်း အမှုကို စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ဆေးနေကြသည်ဟု သိရသည်။
စစ်တွေမြို့ ရွှေဆိုင်တဆိုင်မှ သိန်း ၄၀ တန်ဖိုးရှိရွှေထည်များကို အမျိုးသားတဦးက လုယူထွက်ပြေး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက် ရှိ စိန်ရွှေရီရွှေဆိုင်မှ တကွင်းလျှင် ၁ ကျပ်သားရှိသည့် ရွှေလက် ကောက် ၂ ကွင်းကို အမျိုးသားတဦးက ယနေ့ဇူလိုင် ၁၃ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်ခန့်တွင် လုယူထွက်ပြေးသွားသည်ဟု သိရသည်။
Catagories
ပြည်က KTV မှာ ရဲပျောက်သွားတဲ့ သေနတ်ကိစ္စ စွတ်စွဲခံရတဲ့ဝိတ်တာ စစ်ဆေးနေစဉ် သေဆုံးဟုဆို
ပြည်၊ မေ ၂၀၊ ၂၀၂၂။
ပဲခူးတိုင်း၊ ပြည်မြို့မှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက် မနက်အစောပိုင်းက KTV တခုမှာ ဒုရဲအုပ်တဦးရဲ့ ခြောက်လုံးပြူး သေနတ်နဲ့အတူ ဖုန်းနဲ့ပိုက်ဆံတွေပါ ပျောက်ဆုံးမှု သံသယရှိသူကို ဖမ်းမိခဲ့ပြီး စစ်ဆေးနေစဥ်မှာပဲ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒုရဲအုပ်တဦး KTV မှာ သေနတ် အပါအဝင် ဖုန်းနဲ့ ပိုက်ဆံတွေ ပျောက်ဆုံး
ပြည်၊ မေ၁၇၊ ၂၀၂၂။
ပဲခူးတိုင်း ပြည်မြို့မှာ ဒုရဲအုပ်တဦး KTV သွားရင်း ပစ္စတိုတလက်နဲ့ ကျည်၆တောင့်အပြင် ဖုန်းနဲ့ ပိုက်ဆံတွေပါ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
အရပ်သားအချင်းချင်း ရန်ဖြစ်လို့ ရဲဖမ်းဆီးခံရသူ အလောင်းသာပြန်ရ

မကွေးတိုင်း၊ မကွေးမြို့မှာ ဧပြီ ၂၆ ရက် မနေ့က ည ၁၁ နာရီခန့်က အရပ်သားချင်းရန်ဖြစ်ရာမှ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရသူ ၁ ဦးဟာ ရဲစခန်းမှာဘဲသေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သေဆုံးသွားသူဟာ မြင်သာရပ်ကွက် ၂၈ လမ်းနေ ထိုင်သူ အသက် ၄၂ နှစ်အရွယ် ကိုကျော်မင်းထိုက်ဆိုသူဖြစ်ပြီး သူနဲ့အိမ်နီးနားချင်းနေသူတို့ ရန်ဖြစ်တာကနေ ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
Catagories
အုတ်ဖိုမြို့စီးပွားရေးဘဏ်ဗုံးခွဲခံရမှု အမျိုးသမီး ၂ ဦးအပါ ၆ ဦးဖမ်းဆီးခံရ
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖို့မြို့နယ် မြန်မာ့စီးပွားရေးဘဏ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြည်သူ ၆ ဦးကိုဖမ်းဆီးသွားတယ်လို့ မြို့ခံများထံကသိရသည်။
ကြို့ပင်ကောက်မြို့မှာ စစ်ကောင်စီက လူငယ်တဦးကို သေနတ်နဲ့ပစ်လို့ သေဆုံး
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှာ ဖေဖော်ဝါရီ ၅ရက် ညနေ ၄နာရီဝန်းကျင်က လူငယ်တဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်လို့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်ကိုရဲတပ်သားက ပစ်သတ်
မကွေးမြို့၊ မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်တယောက်ကို ရဲတပ်သားတဦးက သေနတ်ဖြင့်ပစ်သတ်လိုက်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စကားများရသည့်အကြောင်းအရာကို သိရှိရခြင်းမရှိသေးပဲ ဒုရဲအုပ်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း မြို့ခံတဦးကပြောသည်။
သဲကုန်းမြို့မှာ စစ်ကောင်စီသတင်းပေးလို့ ကျော်ကြားသူ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး
သဲကုန်းမြို့မှာ စစ်ကောင်စီသတင်းပေးလို့ ကျော်ကြားသူ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး
သဲကုန်း၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၁။
ပဲခူတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးလို့ နာမည်ကျော်ကြားနေတဲ့ ဦးဇော်ဝင်းဟာ ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုတီးကုန်းက သဲကုန်းကိုသွားတဲ့ ဇလဲ့ရွာနားမှာ သေနတ်အတိုနဲ့ ပစ်ခံရပြီးသေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။