ရုပ်သံ
ကားထဲမှာဘီယာသောက်နေတဲ့ ရဲတွေတိုက်ခိုက်ခံရလို့ အရာရှိတဦးအပါ ၄ဦးသေဆုံး( ရုပ်/သံ)
ဆားလင်းကြီး ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။
မကွေးတိုင်း ဆားလင်းကြီးမြို့နယ် ဖောင်းကားရွာထိပ်က ဘီယာဆိုင်ရှေ့က ကားးထဲမှာ ဘီယာသောက်နေကြတဲ့ ရဲတွေ တိုက်ခိုက်ခံရလို့ အရာရှိတဦးအပါအဝင် ၄ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေပြီဖြစ်နေတဲ့ ရင်ပေါင်တိုင်က ပြည်သူတွေ
ယင်းမာပင်၊ အောက်တိုဘာ ၂၂၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ်က ၁၉ ရက်နေ့မှာ PDF ခေါင်းဆောင် အမျိုးသမီးတဦး ရင်ပေါင်တိုင်ရွာမှာ ရောက်နေတယ်ဆိုပြီး စီးနှင်းလိုက်ရှာရင်း လေကြောင်းကပါ ပစ်လို့ ပြည်သူဦးရေ ရာနဲ့ချီထွက်ပြေးရင်း ပျားအိုရွာက ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။
အမေနဲ့ မောင်လေးအတွက် ကျတဲ့မျှက်ရည်တစက်က ကျည်တတောင့် ဖြစ်ရမယ်
စစ်ကိုင်း၊ အောက်တိုဘာ ၁၇၊ ၂၀၂၂။
ဂျပန်နိုင်ငံရဲ့ အထင်ကရ မြို့လေးတမြို့မှာ ကူးလူးသွားလာကြနေတဲ့ လမ်းမပေါ် အမျိုးသမီးသမီးတယောက် ဉီးဆောင်ပြီး လူငယ်တချို့ကအလှူခံပုံးတေွ ကိုင် လမ်းသွားလမ်းလာ သူတွေဆီက အလှူငွေ တောင်းခံနေတာ မြင်တွေ့ကြရမှာပါ။ သူတို့တွေကတော့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ဦးဆောင်တဲ့ အမျိုးသမီးဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင် ကျေးရွာသူ မမီးမီး ဖြစ်ပါတယ်။
စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး
မြိုင်၊ အောက်တိုဘာ ၁၆၊ ၂၀၂၂။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ စာသင်ကျောင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာလ ၁၅ ရက်မနေ့ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaing Warriors အဖွဲ့မှ ရဲဘော်တင်ဖေကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ စစ်သား ၁၅ဦးသေပြီး ကားတစီးသိမ်းယူနိုင်ခံ
ယင်းမာပင်၊ အောက်တိုဘာ ၁၅ ၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာတရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထွက်လာချိန်
စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၅ ဦးသေပြီး ကားတစီးသိမ်းယူနိုင်ခဲ့တယ်လို့ ချင်းတွင်
တိုက်ဂါးအဖွဲ့ဆီက သိရပါတယ်။
တပတ်အတွင်း မြေလတ်သတင်း
တပတ်အတွင်း မြေလတ်သတင်း
မြေလတ်အသံ ၊ အောက်တိုဘာ ၁၄၊ ၂၀၂၂။
- ငဖဲမြို့နယ်ထဲက အရှိုချင်းတိုင်းရင်းသူ မိန်းမပျိုလေး ၂ ဦးကိုဓါးဖြင့်အချက်ပေါင်းများစွာ ရက်ရက်စက်စက် သတ်ဖြတ်လွှင့်ပစ်သွားတဲ့သတင်း
- ဝက်လက်မှာ PDF စခန်း ဝင်စီးခံရလို့ ရဲဘော် ၇ဦးကျဆုံးပြီး ၄ဦးပျောက်ဆုံးနေတဲ့ သတင်းနဲ့နောက်ဆက်တွဲ သတင်း
တော်လှန်ရေးဝင်နေတဲ့ ယင်းမာပင်က ဆင်၀န်ထမ်း ၃၁ ဦးနဲ့ ဆင်ကောင်ရေ ၃၇ ကောင်
ယင်းမာပင်၊ အောက်တိုဘာ ၁၄၊ ၂၀၂၂။
စစ်ကောင်စီကအာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က အလောင်းတော်ကဿပနယ်မြေ၊ သစ်တောထိန်းသိမ်းရေးဌာနမှာ လုပ်ကိုင်နေကြတဲ့ ဆင်၀န်ထမ်း ၃၁ ဦးနဲ့ ဆင်ကောင်ရေ ၃၇ ကောင်ဟာ CDM လုပ်ခဲ့ကြတာ အခုဆိုရင် တနှစ်ကျော်ရှိပြီဖြစ်ပါတယ်။
ယင်းမာပင်မှာ ပျူစောထီးစခန်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရ
ယင်းမာပင်၊ အောက်တိုဘာ ၁၃၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်ပင်ထီးကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို နယ်မြေခံကာကွယ်ရေးအဖွဲ့တွေပေါင်းကာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ သေဆုံးမှုတွေရှိတယ်လို့ ပုံတောင် Tiger PDF ကတဆင့် သိရပါတယ်။
မြိုင်မှာ အထိုင်ချနေတဲ့ တပ်မ ၁၀၁ က စစ်သားတွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ
မြိုင်၊ အောက်တိုဘာ ၁၃၊ ၂၀၂၂။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well-2 ရေနံမြေစခန်းမှာအထိုင်ချတပ်စွဲနေတဲ့ ပခုက္ကူအခြေစိုက် တမခ ၁၀၁ ကစစ်သားတွေနဲ့ ပျူစောထီးအင်အား ၇၀ ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့အောက်တိုဘာလ ၁၁ ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဆေးရေးဂိတ်ကို မြောင်အမျိုးသမီးဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦး သေဆုံး
မြောင်၊ အောက်တိုဘာ ၁၂၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မြောင်မြို့က လူဝန်မှုကြီးကြပ်ရေး − လဝကရုံး နဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို T.R.G Women Drone Force တပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။