ကမ္မရဲစခန်းက ရဲဒုတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ကမ္မရဲစခန်းက ရဲဒုတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းက ဒုတပ်ကြပ်တဦး မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီ အလင်းဝင်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

အလင်းဝင်လာသူဟာ အသက် ၃၆ နှစ်အရွယ် ရဲဒုတပ်ကြပ် နန္ဒကျော် ဖြစ်ပြီး မေ ၂ ရက်မှာ G3 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၃၀ တောင့်ကျော်ယူပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။ 

“ကျနော်တို့နဲ့ချိတ်ထားတာ ၁ နှစ်လောက်ကြာပါပြီ။ သူကဒဏ်ရာရနေလို့ မနေ့ကမှထွက်လာတာ။ ကျနော်တို့ ရန်သူ့နယ်မြေအထိ သွားခေါ်ခဲ့ရတာ။ အင်အားအလုံးအရင်းနဲ့ သွားခေါ်ခဲ့ရတာ” လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။ 

လက်ရှိမှာ ရဲဒုတပ်ကြပ် နန္ဒကျော်ကို ငွေကျပ်သိန်း ၅၀ ဆုချီးမြင့်ကာ မြိုင်ပကဖစခန်းမှာပဲ အနားယူခိုင်းပြီး မိသားစုရှိတဲ့နေရာကို ပို့ပေးဖို့ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ မြိုင်ပကဖဆီကို အလင်းဝင်လာတဲ့ စစ်သားနဲ့ရဲ စုစုပေါင်း ၅၉ ဦးရှိပြီလို့ ဗိုလ်လက်ယာက ပြောပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ကမ္မ #နယ်မြေရဲစခန်း #အလင်းဝင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10