သူတို့နဲ့စကားပြောခြင်း

“သွေးတွင်းအဆီကျစေတဲ့ သပြေပင်” (Podcast)

ကိုယ်တွင်းခုခံအားကောင်းမွန်ပြီး သွေးတွင်းအဆီကျစေဖို့ သပြေပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ မီးယပ်သွေးလွန်ရောဂါကို သပြေပင်ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ကုသနိုင်သလဲ။ သပြေပင်ရဲ့ အသီးအပွင့်တွေကို လွန်ကဲစွာစားသုံးမိရင် ဘာတွေဖြစ်နိုင်သလဲစတာတွေကို နားဆင်ရမှာပါ။

ငယ်ဘဝ ဓါတ်ပုံဆရာအကြောင်း (သူတို့နဲ့စကားပြောခြင်း)

မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ် Ye Hein (YH Photography) ရဲ့ ငယ်ဘဝ ဓါတ်ပုံဆရာအကြောင်းကို ယခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

" အနုပညာက ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ " T Zin (သူတို့နဲ့ စကားပြောခြင်း)

အနှစ် ၂၀ ထောင်ချခံလိုက်ရတဲ့ အဆိုတော် ဗျူဟာနဲ့ တော်လှန်ရေးထဲက Rapper တွေအကြောင်းကို Artist T Zin က မြေလတ်အသံရဲ့ "သူတို့နဲ့စကားပြောခြင်း" အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ပျောက်ဆုံးတာတွေ၊ စိတ်ရောကိုယ်ပါ မလုံခြုံတော့တဲ့ အခြေအနေမှာ ပျော်ရွှင်နေကြသူတွေ၊ ကိုယ်ချင်းစာတရားမရှိဘဲ အနုပညာဖန်တီးမှုလို့ အမည်တပ်သူတွေနဲ့ပတ်သက်ပြီး အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

" Rapper မင်းလွန်ပြောတဲ့ Gen L33 " (သူတို့နဲ့ စကားပြောခြင်း)

မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ်မှာ Gen L33 သီချင်းဖန်တီးသူ လူငယ် Rap Artist မင်းလွန် ရဲ့Gen L33 သီချင်း ဘယ်လိုထွက်လာခဲ့လဲ၊ ဘာကြောင့်ဒီသီချင်းကို ဖန်တီးဖြစ်ခဲ့တာလဲဆိုတာတွေနဲ့ “ဂျန်လီးဆိုတာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုကို ပြောတာမဟုတ်ပါဘူး။ ခင်ဗျားက အဲ့ဒီလိုအတွေးအခေါ်ရှိနေရင် ခင်ဗျားက ဂျန်လီးပဲ” ဆိုတဲ့ သူ့ရဲ့ အတွေးအခေါ်တွေကို အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

Gen L33 သီချင်းရေးစပ်သီဆိုခဲ့တဲ့ လူငယ် Rap Artist မင်းလွန်

ကလေးအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီး တလအတွင်းမှာပဲ သူကိုယ်တိုင်းရေးစပ်သီဆို ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ Gen L33 သီချင်း အကြောင်းနဲ့ပတ်သက်ပြီး ပြောဖြစ်ခဲ့ကြတာတွေကို ဇန်နဝါရီလ ၁၂ ရက် သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီမှာ မြေလတ်အသံရဲ့ Facebook စာမျက်နှာကနေ အပြည့်အစုံ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

" အမည်တပ်မထားသည့် အနုပညာထုတ်ကုန်နှင့် တော်လှန်ရေး "

မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ်မှာ “အ” … တန်ခူး ရိုက်ကူးတင်ဆက်ခဲ့သူ Filmmaker Yit (ရစ်) ရဲ့ အမည်ဖော်ပြခြင်းမပြုတဲ့ တော်လှန်သောအနုပညာအကြောင်း၊ အနုပညာထုတ်ကုန်နှင့် ဖိနှိပ်မှုကြားက ခံယူချက်၊ ကိုယ့်အနုပညာ ကိုယ့်ထုတ်ကုန်အပေါ် ယုံကြည်ချက်နဲ့အတူ အမည်နာမ ကျော်စောမှုကိုလျစ်လျူရှုပြီး တတ်စွမ်းသ၍ တော်လှန်ပါဝင်နေမှုတို့ကို အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

ရဲဘော် ကျီးကန်း (ပထမပိုင်း) "ဆုံးရှုံးမှု၊ ယုံကြည်မျှော်လင့်ချက် နှင့် တော်လှန်ရေး"

ရဲဘော် ကျီးကန်း ရဲ့ တော်လှန်ရေးကာလအတွင်း ပါဝင်ခဲ့မှု၊ လက်နက်ကိုင်တော်လှန်ရေးအတွင်း ခန္ဓာကိုယ်အစိတ်အပိုင်း၊ မိသားစုဝင်နဲ့ ရဲဘော်ရဲဘက်တွေ ဆုံးရှုံးခဲ့ရတဲ့အကြောင်းတွေနဲ့အတူ သူ့ရဲ့ယုံကြည်ရဲရင့်မှုတွေကို အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

Daniel Aung (Khant) ပထမပိုင်း "Pride Event နှင့် တော်လှန်ရေး"

Daniel Aung (Khant)ရဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်နဲ့ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ Pride Event တွေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေနဲ့ LGBT တဦး အနေနဲ့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးကာလ အတွေ့အကြုံများအကြောင်းကို အခု Podcast လေးမှာ စကားပြောဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10