Kyaw Gyi

ရန်ကုန်-မန္တလေးလမ်းမှာ ယာဥ် ၃ စီးတိုက်၊ လမ်းဘေးအိမ်ကိုပါဝင်တိုက်မိပြီး ၃ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

"မှားတာက လိုက်ထရပ်ယာဥ်က မှားတာ။ လူသေဒဏ်ရာရများတာက ဘဲတင်လာတဲ့ကားပေါ်က များတယ်။ ဘိလပ်မြေတင်ယာဥ်အိမ်ထဲဝင်သွားလို့ အိမ်နားက လူတွေပါဒဏ်ရာရကုန်တယ်"

ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

"သေနတ်သမားတွေက လူတော့မများဘူး။ နှစ်ယောက်သုံးယောက်တော့ပါမယ်။ သူ့အိမ်ထဲဝင်ပြီး လေး၊ ငါး၊ ဆယ်ချက်ထက်မနည်း ပစ်ခတ်ပြီး ပြန်ထွက်သွားကြတယ်လို့တော့ သိရတယ်"

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စရဖ ၁ ဦးအသတ်ခံရ

"သူကိုစောင့်ကြည့်နေတာကြာပြီ။ သူကိုရှင်းရင်လည်း ဘာမှမရနိုင်လို့ ဖမ်းဆီးပြီး သတင်းရယူဖို့ ကြိုးစားတာ။ သူကထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာ။ သူဆီကနေတော့ ဖုန်းတလုံးရခဲ့တယ်"

စစ်တပ်ကပစ်တဲ့ ဒရုန်းဗုံးထိမှန်လို့ PDF ၂ ဦးကျဆုံး

"သူတို့က စကစ စစ်ကြောင်းလာနိုင်လို့ ပွိုင့်ကင်းစောင့်နေတာ။ စကစ စစ်ကြောင်းက လွှတ်တဲ့ ဒရုန်းဗုံးသီး ထိမှန်ပြီးနေရာမှာပဲ ကျဆုံးသွားတာ။ ကျဆုံးရဲဘော် နှစ်ယောက်ကို နောက်တန်းတောင် ပြန်မယူနိုင်ဘဲ ရှေ့တန်းမှာပဲ နာရေးလုပ်လိုက်ရတယ်"

စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး လသားအရွယ်ကလေးအပါ ၉ ဦးဒဏ်ရာရ

"သိရသလောက်က အဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်တယ်လို့တော့ကြားတယ်။ အဲ့နေရာတွေက KNU ထိန်းချုပ်နယ်မြေဆိုတော့ စကစဘက်ကလည်း လေကြောင်းကနေပစ်တာနဲ့ လက်နက်ကြီး ပစ်တာတွေက အမြဲလိုလိုလုပ်လေ့ရှိတယ်"

ဘုရားထီးတင်ပွဲကပြန်လာတဲ့ကား တိမ်းမှောက်လို့ ၁ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

"ကားက အရှိန်လည်းပါတော့ ဘီးကပေါက်သွားပြီး မှောက်သွားတာ။ ယာဥ်မောင်းအပါအဝင် ကားပေါ်မှာ ၁၅ ယောက်လောက်ပါတယ်။ အမျိုးသမီးတဦးကတော့နေရာမှာပဲ သေဆုံးသွားတယ်"

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ မတ္တရာမြို့နယ်စစ်ကောင်စီဗိုလ်မှူး သေနတ် ၄ ချက်ပစ်ခံရပြီး သေဆုံး

“ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်းထိုင်နေချိန် ပစ်ခတ်ခံရတာ၊ သူ့ကားပေါ်မှာလည်း လက်နက်တွေပါတယ်။ အခုအလောင်းက သူ့အိမ်မှာ ထားထားတယ်”

မတ္တရာမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး သက်နိုင်စိုး လက်ဖက်ရည်ဆိုင်မှာ သေနတ် ၄ ချက်ပစ်ခံရပြီး သေဆုံး

အသတ်ခံရသူဟာ မတ္တရာမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး သက်နိုင်စိုး ဆိုသူဖြစ်ပြီး ၎င်းဟာ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်သွားကားလမ်းမဘေး ကန်သာကျေးရွာအနီးရှိ “စု” လက်ဖက်ရည်ဆိုင်(SUU Café)မှာ တဦးတည်းထိုင်နေစဉ် အမည်မသိသေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပဲခူးမြို့မှာ အတင်းအကျပ် စစ်သားစုဆောင်းတာတွေလုပ်နေပြီး မလိုက်သူတွေကို ပိုက်ဆံတောင်းတာ အိမ်ချိပ်ပိတ်တာတွေလုပ်

ပဲခူးတိုင်း၊ ပဲခူးမြို့နဲ့ မြို့နယ်အတွင်းမှာ စစ်မှုထမ်းဥပဒေအရ ဒေသခံတွေကို စစ်သားစုဆောင်းတာ၊ မလိုက်သူတွေကို ငွေကြေးတောင်းခံတာ နေအိမ်ချိပ်ပိတ်တာတွေ စစ်ကောင်စီက အတင်းအကျပ်လုပ် ဆောင်နေတယ်လို့ သိရပါတယ်။

သစ်တင်လာတဲ့သုံးဘီးက ခရီးသည်တင်သုံးဘီးကိုဝင်တိုက်လို့ ၅ ဦးဒဏ်ရာရ

“သုံးဘီးပေါ်ပါလာတဲ့သစ်တွေက ရှည်တာလည်းပါတော့ လက်ကိုင်ထိန်းရခက်ပြီး တဖက်ယာဥ်ကြောကိုဝင်သွားတာ။ ခရီးသည်တွေတင်လာတဲ့ သုံးဘီးကိုသစ်ချောင်းတွေက ထိုးမိကုန်တာ"

စစ်မှုထမ်းဖို့လူသစ်လိုက်စုပေးတဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံရ

ဧပြီလ ၂၂ ရက်မနက် ၁၀ နာရီခန့်မှာ အသက် ၅၇ နှစ်အရွယ် လှံတင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးသိန်းကို နေအိမ်မှာရှိနေချိန် အင်အား ၂၀ ဝန်းကျင်ပါ လက်နက်ကိုင်လူတစုက ဆိုင်ကယ်တွေနဲ့လာပြီး နေအိမ်ထဲဝင်ပစ်သွားတာလို့ ဆိုပါတယ်။

လမ်းဟောင်းမှာ ဆီသယ်တွဲကားနဲ့ စပါးအိတ်တင်ကား တိုက်မိပြီး ၃ ဦးဒဏ်ရာပြင်းထန်

"ဘယ်သူမှားပြီး ဘယ်သူမှန်လည်းတော့မသိရဘူး။ စပါးအိတ်တင်ကားက ခါးလယ်ကနေဖြတ်တိုက်ခံရပြီး လမ်းဘေးရေမြောင်းထဲရောက်နေတယ်။ ဆီဘောက်ဆာကားကတော့ လမ်းပေါ်မှာခေါင်းခန်းကြေနေသလို ရပ်ထားရတယ်"

ပြည်မြို့မှာ လူငယ်အမျိုးသား ၁ ဦး အဆုံးစီရင်

"သိရသလောက်ကတော့ လူမှုရေးကိစ္စတွေရှိတယ်လို့ သိရတယ်။ အသေးစိတ်ကတော့ မသိရဘူး။ အဲဒါကို စိတ်ညစ်ပြီး လုပ်သွားတာ။ အိမ်သားတွေ အပြင်ကပြန်လာမှ သိရတာ"

ရေတာရှည်တိုက်ပွဲ ၅ ရက်ကျော်ကြာလာပြီး စစ်တပ်ဘက်ထိခိုက်သေဆုံးမှုရှိ

"တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးတွေလည်း များတယ်။ စကစဘက်ကတော့ ပိုများတယ်။ မနေ့ကဆို ပိတောက်ကုန်းကျေးရွာပတ်လည်မှာ ဖြစ်တာ။ ဒီမနက်ထိလည်း လက်နက်ကြီးပစ်တာ တွေရှိနေတယ်။"

တောင်တွင်းကြီးက ရာအိမ်မှူး ၃ ဦး ရဲစခန်းအနီးမှာ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

"ဖြစ်တဲ့နေရာက ရဲစခန်းရှေ့မျက်နှာချင်းဆိုင်လို့တောင် ပြောလို့ရတယ်။ သူတို့ကိုပဲရွေးပြီး ခေါင်းချည်းပဲ ပစ်ခတ်သွားတာ။ နေရာမှာပဲ နှစ်ယောက်သေသွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10