Kyaw Gyi

စစ်မှုထမ်းသက် ၇ လသာရှိတဲ့ စစ်သား ၂ ဦး လက်နက်တွေနဲ့အလင်းဝင်

"သူတို့က မိဘတွေရဲ့ဖိအား စကစအဖွဲ့တွေရဲ့ဖိအားကြောင့် တပ်ထဲရောက်ခဲ့တယ်။ အခြေခံ စစ်သင်တန်း ဆင်းထားတာတောင် မကြာသေးဘူး။ သင်တန်းတက်တာ၊ တပ်သားဖြစ်တာ စုစုပေါင်းမှ ၇ လပဲရှိသေးတယ်။ ‘စကစ လက်အောက်အမှုမထမ်းလိုတော့ဘူး။ အလင်းဝင်ချင်တယ်’ လို့ ဆက်သွယ်လာလို့ သွားရောက်ခေါ်ဆောင်လာခဲ့တာ"

ပဲခူးနဲ့ မွန်အစပ်မှာ စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်မှု နှစ်ဖက်ထိခိုက်မှုရှိ

ဧပြီလ ၉ ရက် ဒီကနေ့ မနက် ၈ နာရီကျော်မှာ ဝေါမြို့ဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းလာတဲ့ စစ်ကားအစီးရေ ၂၀ ဝန်းကျင်ပါ စစ်ကောင်စီယာဥ်တန်းကို KNLA ပူးပေါင်းတပ်တွေဘက်က ခြုံခိုမိုင်းဆွဲပြီး ပိတ်ဆို့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ညောင်လေးပင်မှာ စစ်တပ်ရဲ့ဖမ်းဆီးငွေတောင်းခံရသူ အပြန်လမ်းမှာ မိုင်းထိသေဆုံး၊ ကျောက်တံခါးမှာလည်း မိုင်းထိလို့  ၁ ဦး ဒဏ်ရာရ

သေဆုံးသူဟာ ညောင်လေးပင်မြို့နယ်၊ ကျွန်းစုကျေးရွာနေ အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုးဖြစ်ပြီး ဧပြီလ ၇ ရက်မှာ ရန်ကုန်ကနေ သူနေထိုင်ရာကျေးရွာကို လိုင်းကားနဲ့ပြန်လာချိန် ရေကြည်ချောင်းတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကားပေါ်ကဆွဲချခံရကာ အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ညအိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်မှုမထမ်းချင်လို့ ကျောက်ဆည်ခရိုင်အမှတ်၂ တပ်ရင်းထဲဝင်လာသူ ၅၁ ဦး (ရုပ်/သံ)

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုသူ ၅၁ဦး ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်းကို ရောက်ရှိလာပါတယ်။

ချောက်မှာ ဧပြီလအပူချိန် ၄၇.၄ ဒီဂရီဆဲလ်စီးယပ်နဲ့ အမြင့်ဆုံးစံချိန်သစ်တင်ခဲ့

ဧပြီ ၆ ရက် ချောက်မြို့နယ်အတွင်း အပူချိန်ဟာ ၄၇.၄ ဒီဂရီဆဲလ်စီးယပ်အထိရှိနေပြီး ယခင်ဧပြီလအမြင့်ဆုံးအပူချိန်မှာ ၁၉၇၈ ဧပြီလအတွင်းက စံချိန်တင်ထားတဲ့ ၄၇.၀ ဒီဂရီဆဲလ်စီးယပ်အထိသာရှိလို့ အခုအပူချိန်ဟာ စံချိန်သစ်တင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကွေးက သွေးကူညီမှုအသင်းဥက္ကဌတဦး သတ်ဖြတ်ခံရ

"တော်တော်လေးရက်ရက်စက်စက် သတ်ဖြတ်ခံထားရပုံပဲ။ ဓားဒဏ်ရာပဲ အချက်ရေတော်တော်များတယ်။ သိရသလောက်ဆို အချက်ရေ ၆၀ လောက်တောင်ရှိနိုင်တယ်"

ကျောက်တံခါးမှာ ဒေသခံအမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းထိလို့ ဒဏ်ရာရ

"ပဲ ခူးဖို့သွားတဲ့အချိန် သူတို့လယ်ကွက်ထဲမှာပဲ ထိသွားတာ။ ပေါက်ကွဲသံကြားရတော့ ရွာသားတွေ ထွက်ကြည့်ကြတော့ သူ့ကိုလဲနေတာတွေ့ရတာ"

မုံရွာမြို့ပေါ် မစ်ရှင်သွားတဲ့ PDF အဖွဲ့ လှည့်ကင်းနဲ့တိုးပြီး ပစ်ခံရလို့ ၁ ဦးသေ၊ ၁ ဦးဖမ်းဆီးခံရ

"စကစနဲ့ဆက်နွယ်သူ ဆေးဝန်ထမ်းလင်မယားကို ဖမ်းဆီးပြီးအပြန်မှာ ပစ်ခံရတာ။ တယောက်ကတော့ ပစ်ခံရပြီး နေရာမှာဆုံးသွားတယ်။ တယောက်က ပေါင်မှာထိပြီး ဖမ်းခံလိုက်ရတယ်။ ကျန်သူတွေကတော့ လွတ်မြောက်လာကြတယ်"

မင်းဘူးမှာ တောမီးကနေ နေအိမ်နဲ့ဆိုင်ခန်း မီးလောင် (ရုပ်/သံ)

"နေကလည်းပူ လေကလည်းတိုက်နေချိန် တောမီးကနေလောင်ပြီး ခြံထဲကအပင်တွေနဲ့ ဆိုင်၊ နေအိမ်တွေပါ မီးကူးကုန်တာ။ ကံကောင်းတာက ရွာထဲကို မီးမကူးသွားတာ"

မင်းဘူးမှာ တောမီးကနေ နေအိမ်နဲ့ဆိုင်ခန်း မီးလောင်

"နေကလည်းပူ လေကလည်းတိုက်နေချိန် တောမီးကနေလောင်ပြီး ခြံထဲကအပင်တွေနဲ့ ဆိုင်၊ နေအိမ်တွေပါ မီးကူးကုန်တာ။ ကံကောင်းတာက ရွာထဲကို မီးမကူးသွားတာ"

ပြည်ကြီးတံခွန်မြို့နယ်က လဝကရုံး ဗုံးခွဲခံရလို့ ပြည်သူ ၂ ဦးသေဆုံး

"ဗုံးလာပစ်တဲ့အချိန်က ပက်စပို့စ်လုပ်တဲ့သူတွေကော မှတ်ပုံတင်လုပ်သူတွေကော ရှိနေချိန်ဆိုတော့ ထိခိုက်များသွားတာ။ ဗုံးလာကျတာကလည်း လူတွေရှိတဲ့နားလာကျတာ"

အိမ်စီးကားနဲ့ ခရီးသည်တင်ယာဥ်တိုက်မိလို့ ၇ ဦးဒဏ်ရာရ

"အန်စာတုံးက လမ်းမကြီးအတိုင်းမောင်းလာတာကို လမ်းကြားထဲက ထွက်လာတဲ့ ပရိုဘောက်ယာဥ်က အန်စာတုံးနောက်ဖင်ကို ဝင်တိုက်လို့ အန်စာတုံးကားက မှောက်သွားတာ။ "

မကွေးမှာ မီးလောင်လို့ နေအိမ် ၄ လုံးပျက်စီး

"ထင်းမီးနဲ့ချက်ပြီးတော့ မီးသတ်ထားတာမကုန်လို့ အဲ့ကနေတဆင့် မီးက အိမ်နံရံကိုကူးပြီး မီးလောင်သွားတာ။ တော်သေးတာက အချိန်မီ မီးထိန်းလိုက်နိုင်လို့ ဒီလောက်နဲ့ပြီးသွားတာ"

ပျူစောထီးအဖွဲ့က ဝိုင်းရိုက်လို့ ရွာသား ၂ ဦး ဆေးရုံတင်လိုက်ရ

"ရွာသားတွေကလည်း ရွာပြင်သွားတာ ကင်းလှည့်နေတဲ့ ပျူစောထီးအဖွဲ့နဲ့တိုးပြီး စစ်ဆေးမေးမြန်းရာကနေ ရိုက်နှက်ခံရတာ။ ဒဏ်ရာတွေရကုန်လို့ ဆေးရုံတင်ထားရတယ်။ ဒီနေ့ထိ ပြန်မဆင်းလာရသေးဘူး"

စစ်ကိုင်းမှာ အမျိုးသားတဦး ပိုးသတ်ဆေးသောက်ပြီး သေဆုံး

"သူ့အနားမှာလည် တရုတ်စာတွေနဲ့ပိုးသတ်ဆေးနံ့ရတဲ့ အထုပ်တခုကို အိတ်ဖွင့်လျက်သားတွေ့ရတယ်။ ဆေးသောက်ပြီးမှ ဘုရားကန်တော့တဲ့ပုံစံနဲ့ သေနေတာတွေ့ရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10