Kyaw Gyi

မုံရွာမှာ အပူဒဏ်ကြောင့် ၃ ရက်အတွင်း လူ ၃၀ ကျော်သေဆုံး

"အပူချိန်ပြင်းတော့ တချို့က နေ့လယ်ရေချိုးကြတာ။ ရေချိုးပြီးမကြာဘူး သေဆုံးကြတာ။ တချို့ကျတော့လည်း အပြင်ကပြန်အလာ မူးတယ်ဆိုပြီးလှဲချသေတာ။ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေက နေအိမ်ထဲမှာနေရင်းနဲ့ကို ဆုံးတာရှိတယ်"

ရေစကြိုမှာ အငြိမ်းစားကျောင်းဆရာလင်မယား နေအိမ်အတွင်း သတ်ဖြတ်ခံထားရ

" ဆရာမတို့လင်မယားက အငြိမ်းစားယူပြီး ကျူရှင်သဘောမျိုးဖွင့်ပြီး ကလေးတွေကို စာသင်ပေးနေကျ။ မနေ့မနက်ကလည်း ကလေးတွေက ခါတိုင်းလို အိမ်လာစာသင်ချိန် တံခါးကပိတ်လျက်ဆိုတော့ မသင်္ကာလို့ ပတ်ဝန်းကျင်ကိုအကူအညီတောင်း တံခါးဖွင့်ကြည့်မှ အဲတော့မှ အသတ်ခံထားရမှန်းသိရတာ။ ဖြစ်နိုင်တာကတော့ ညပိုင်းကတည်းက အသတ်ခံထားရပုံပဲ"

ကားလမ်းပေါ်ထွက်နေတဲ့ ကြိုးစကို ဆွဲမိရာမှ အမျိုးသမီးတဦး မိုင်းထိဒဏ်ရာရ

" သူတို့က ဦးလေးဖြစ်တဲ့ စစ်ရှောင်ရဟန်းကိုသွားကြိုတာ။ သူတို့သွားတဲ့ကားလမ်းပေါ်မှာ ကြိုးကတန်းလန်းခံနေတာဆိုတော့ မိန်းမဖြစ်သူကကားပေါ်က ဆင်းပြီး ကြိုးကိုသွားဖယ်တာမှာ မိုင်းပေါက်ကွဲတာ "

ဆီပိုက်ပေါက်နေတဲ့ဆိုင်ကယ် မီးလောင်ရာက နေအိမ်တွေပါမီးလောင်ပျက်စီး

"မနက်ပိုင်း သူ့မိသားစုဝင်တွေက စျေးသွားတယ်။ ဆိုင်ကယ်ဆီပိုက်ပေါက်နေတာကို မသိဘူး။ စျေးကနေပြန်လာပြီး အိမ်မှာရပ်ထားချိန် အင်ဂျင်ကလည်းပူနေ ဆီကလည်း အင်ဂျင်ပေါ်ကျတော့ မီးထလောင်တာ"

PDF စခန်းဝင်စီးတဲ့စစ်ကြောင်း မိုင်းကွင်းမိ၊ ခြုံခိုတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေ

" သတင်းအတိအကျရလို့ ကျနော်တို့စခန်းကို ဝင်စီးတာ။ ကျနော်တို့ကလည်း စစ်ကြောင်းလာမယ် သတင်းရလို့ လူတွေကြိုရှောင်ပြီး မိုင်းကွင်းဆင်ထားခဲ့တာ။ သူတို့က စခန်းမိုင်းကွင်းကိုကျော်ပြီး စခန်းထဲရောက်လာတော့ ကိုယ့်စခန်းကို လက်နက်ကြီးနဲ့ ပြန်ပစ်ရတဲ့အခြေအနေဖြစ်သွားတယ်"

စစ်ကိုင်းမှာ လက်နက်ကိုင်ပျူစောထီးနေအိမ် ဝင်ပစ်ခံရ၊ ပျူစောထီးဒဏ်ရာပြင်းထန်ရပြီး ဇနီးဖြစ်သူသေဆုံး

"လက်နက်ကိုင်အဖွဲ့က သေနတ်အရှည်တွေလည်းပါတယ်။ သူတို့နာမည်ခေါ်ပြီး အိမ်ထဲထိ ဝင်ပစ်သွားတာလို့တော့ သိရတယ်။ မယားဖြစ်သူကတော့ နေရာမှာပဲသေသွားတယ်"

စစ်တပ်သတင်းပေးလုပ်ပြီး ဆက်ကြေးတောင်းနေတဲ့ရာအိမ်မှူး ပစ်သတ်ခံရလို့သေဆုံး

"ထားဝယ်ရွာနားမှာရှိတဲ့ဂိတ်က ရိုးမထဲကထွက်လာတဲ့ သစ်ကားတွေကို ပိုက်ဆံတောင်းတဲ့ဂိတ်။ ဖြစ်တဲ့နေ့က အဲ့ဂိတ်မှာ သူတယောက်တည်းရှိနေချိန် ပစ်သတ်ခံလိုက်ရတာ။ နေရာမှာပဲ သေဆုံးသွားတယ်"

ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးဒဏ်ရာရ

"စစ်တပ်ဘက်ကတော့ တိုက်ပွဲရှိတာဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် သူတို့ပစ်ချင်ရင် လက်နက်ကြီးက ပစ်နေတာပဲ။ ဒီဘက်က ဒေသခံတွေကတော့ လက်နက်ကြီးသံကြားတာနဲ့ ဗုံးခိုကျင်းတွေထဲ ဝင်နေရတာက အလုပ်တခုလိုဖြစ်နေတယ်"

PDF ထုတ်လုပ်ရေးစခန်းနဲ့ ကင်းစခန်းစီးနင်းခံရလို့ ၁ ဦးကျဆုံးပြီး ပစ္စည်းတွေပါဆုံးရှုံး

"စကစ စစ်ကြောင်းက ဒီဘက်တကြောမှာပတ်နေတာ တပတ်လောက်ရှိနေပြီ။ မနေ့မနက် အစောပိုင်းက ကင်းစခန်းတခု ဝင်စီးခံလိုက်ရတယ်။ နောက်ပြီးတော့ ပကဖ ထုတ်လုပ်ရေးစခန်းတခုကိုလည်း စီးနင်းခံလိုက်ရသေးတယ်"

အကျဉ်းထောင်တွေမှာ သောက်သုံးရေမလုံလောက်လို့ ရောဂါတွေဖြစ်ပွားနေ

"သာမန်အခြေနေထက်ကို ရေကို ခွက်ရေလျော့ပြီး ချိုးရတယ်။ မသန့်တဲ့ရေတွေ ချိုးရတယ်။ သောက်ရတယ်။ သောက်ရေတောင် အကျဥ်းသားတွေက ပိုက်ဆံစုဝယ်သောက်ရတဲ့အခြေနေရှိတယ်။"

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ကိုယ်ဝန်ဆောင်မိခင်ကို တွဲကားက တိုက်ပြေး

" ကားက ရန်ကုန်ဘက်နေ မန္တလေးဘက်ကိုမောင်းလာတာ။ အမျိုးသမီးကလည်း သူ့ရွာဘက်ကို လမ်းလျှောက်ပြန်လာတာ နောက်နေပွတ်ချိတ်သွားတာ"

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိသားစုဝင် ၄ ဦးသေဆုံး

"စကစဘက်က လက်နက်ကြီးတွေပစ်နေတော့ သူတို့မိသားစုက အိမ်အောက်က ဗုံးခိုကျင်းထဲကို ဆင်းတာ။ သူတို့လည်းအိမ်အောက်အရောက် လက်နက်ကြီးလည်း သူတို့အနားအကျလိုဖြစ်သွားတာ"

ဖမ်းလာတဲ့လူငယ် ၂ ဦးကို စစ်တပ်ကသတ်ပြီး ဒရုန်းနဲ့ပါဗုံးကြဲလို့ PDF ၃ ဦးဒဏ်ရာရ

မေလ ၁၂ ရက်မှာ အုတ်ဖိုမြို့ဘက်ကနေ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စီတုံးကျေးရွာအရောက်မှာ ဖမ်းဆီးလာတဲ့ အသက် ၂၀ အရွယ်လူငယ် ၂ ဦးကို ပစ်သတ်ခဲ့ပြီး မေလ ၁၃ ရက်မနက် ၃ နာရီမှာ ထန်းတောရွာဘက်မှာ တော်လှန်ရေးရဲဘော်အချို့ရှိနေချိန် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေတဲ့ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ လူငယ်တွေကို နေအိမ်အထိ စစ်တပ်က ဖမ်းခေါ်နေ

မေ ၁၃ ရက် ညပိုင်းမှာ ဖြူးမြို့၊ မြို့မအနောက်ရပ်ကွက် အသက် ၃၀ အရွယ် ကိုပဲပြားကို စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၁ ဦးကို ထပ်မံသတ်ဖြတ်၊ ပဲခူးအနောက်ခြမ်းမှာ အသတ်ခံရသူ ၅ ဦးရှိလာ

"ခေါင်းမှာက ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေရှိသလို လျှာကလည်း အပြင်ကိုထွက်နေတာဆိုတော့ လည်ပင်းကို တခုခုနဲ့ရစ်ပတ်ပြီး သတ်ဖြတ်ထားတဲ့ပုံပဲ"လို့ ပေါင်းတလည်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10