Kyaw Gyi

အမြန်လမ်းမှာ အိမ်စီးကားမှောက်လို့ ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးအပါ ၆ ဦးဒဏ်ရာရ

" ကားက မန္တလေးမြို့ကကားလို့တော့ သိရတယ်။ ရေနံချောင်းဘက်ကို အလုပ်ကိစ္စနဲ့သွားပြီး ပြန်လာကြတာ။ ကားပေါ်မှာက ကလေး ၃ ယောက်နဲ့ လူကြီး ၄ ယောက်ပါတာ"

စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတဲ့ ရာအိမ်မှူး ၂ ဦး အသတ်ခံရ

"နတ်စင်ကုန်းရာအိမ်မှူးကို ကဲလင်းကုန်းရာအိမ်မှူးက အိမ်ပြန်လိုက်ပို့တာ။ ကဲလင်းကုန်းရာအိမ်မှူးက အရှေ့ကဆိုင်ကယ်မောင်းတယ်။ နတ်စင်ကုန်းရာအိမ်မှူးက နောက်ကစီးလာတာ။ သူတို့လာမှာသိလို့ စောင့်ပြီးပစ်သွားတာလို့သိရတယ်။”

ပြင်စည်ကျေးရွာ ရာအိမ်မှူး ပစ်သတ်ခံရ

"သူအိမ်အတွက် ရေတင်ပြီးပြန်လာတာ လမ်းမှာပစ်သတ်ခံရတာလို့ သိရတယ်။ သူပစ်သတ်ခံရတဲ့နေရာနဲ့ သူ့နေအိမ်ကတော့ သိပ်မဝေးဘူး"

ဆင်ဖြူကျွန်းမှာ လေပြင်းတိုက်လို့ နေအိမ် ၃၀ ကျော်ပျက်စီး

"လေရောမိုးရောက တနာရီလောက်ပတ်တိုက်တာ။ ဘက်စုံကနေ လေကပတ်တိုက်နေတာဆိုတော့ ရွာခံတွေကကြောက်ပြီး ဘုန်းကြီးကျောင်းဆီပြေးကြရတာ။ "

PDF ထဲကို စနေမ ဘယ်လိုရောက်လာခဲ့တာလဲ (အမျိုးသမီးကဏ္ဍ)

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအစမှာကတည်းက လက်နက်နဲ့ တော်လှန်ချင်ခဲ့တာဖြစ်ပေမယ့် အိမ်ကခွင့်မပြုခဲ့လို့ အခုမှလက်နက်ကိုင်ခွင့်ရခဲ့သူပါ။ မန္တလေးတိုင်း ကျောက်ဆည်မြို့က အသက် ၁၈နှစ်အရွယ် စနေမ ဖြစ်ပါတယ်။ စစ်တပ်က မတရားအာဏာသိမ်းလိုက်ချိန်က သူဟာ အလယ်တန်းကျောင်းသူပဲ ရှိပါသေးတယ်။

ဝေါမှာ လူငယ်တွေနေရပ်စွန့်ခွာနေလို့ လုပ်သားရှားပါးမှုနဲ့ ရပ်ကျေးကိစ္စတွေမှာအခက်တွေ့နေ

"အစကတော့ အခြေအနေစောင့်ကြည့်နေကြသေးတယ်။ နောက်ပိုင်းကျတော့ ပြည်ပထွက်တာများတယ်။ PDF ထဲဝင်တာတော့ နည်းတယ်။ အရင်ကဆို ကျနော်တို့ရွာမှာ လူငယ် ၂၀၀ လောက်ရှိတယ်။ လက်ရှိမှာဆို ၅၀ လောက်ပဲ ကျန်တော့တာ။ ကြံခိုင်ရေးပါတီဝင်လူငယ်တွေတောင် ပြေးကြတာ"

ရေတာရှည်တိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၄ ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကလည်းသေဆုံးသူများ

"သူတို့ (စစ်ကောင်စီ)စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ။ ၃ ကြိမ်လောက်ဖြစ်တယ်။ ဆွာရွာမဘက်ကို လာတာ။ စစ်ကောင်စီဘက်ကတော့ လေယာဥ်၊ လက်နက်ကြီးတွေနဲ့ ပစ်ကူတော်တော်လေးပေးခဲ့တာ။ တိုက်ပွဲက ၃ နာရီလောက်ဖြစ်သွားတာ"

ရွှေတောင်မှာ လေပြင်းတိုက်လို့ နေအိမ် ၃၀ ကျော်ပျက်စီး

"ရုတ်တရက်မိုးရွာချပြီး လေပြင်းတိုက်လာတာ။ မိုးရွာလေတိုက်တာက အချိန်သိပ်မကြာပါဘူး။ အလွန်ဆုံးမှ မိနစ် ၂၀ လောက်ပဲရှိမယ်။ လေကပြင်းတော့ အိမ်တွေပျက်စီးကုန်တာ"

မကွေးမှာ ၃ ရက်အတွင်း ဓားထိုးမှု ၂ ကြိမ်ဖြစ်လို့ ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ

"ဓားထိုးမှုက နှစ်မှုဖြစ်တယ်။ တမှုက ရေကစားမဏ္ဍပ်မှာ ရေကစားနေကြရင်းဖြစ်တာ။ နောက်တမှုကတော့ နေအိမ်ခြံဝန်းအတွင်းမှာ ဓားနဲ့လာဝင်ထိုးသွားတာ။ ရန်ငြှိုးကြောင့် လူသတ်မှုနဲ့ထောင်က ထွက်လာသူက လာထိုးသွားတာ"

တောင်ငူမှာ အမျိုးသား ၁ ဦး စစ်မှုထမ်းဖို့ မဲပေါက်ပြီးနောက် အဆုံးစီရင် (ရုပ်/သံ)

"သိရတာက စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး လာပြောပြီးကတည်းက စိတ်ညစ်တယ် စစ်မှုမထမ်းချင်ဘူးပြောပြီး ထွက်သွားတယ်တဲ့။ ညပိုင်းအိမ်ပြန်လာတော့မူးနေပြီး ကြိုးဆွဲချသွားတာလို့ သိရတယ်"

မန္တလေးမှာ မိသားစုဝင် ၃ ဦး တပြိုင်တည်းအသတ်ခံရ

"အမေနဲ့သားက အိပ်ခန်းအတွင်းမှာ အသတ်ခံထားရတယ်။ အဖေဖြစ်သူက ရေချိုးခန်းထဲမှာ အသတ်ခံထားရတယ်။ သူတို့မိသားစုက ၅ ဦးမှာ သမီး ၂ ယောက်က ပြည်ပမှာအလုပ်လုပ်နေတာ"

ကန့်ဘလူတိုက်နယ် ပကဖ ထုတ်လုပ်ရေးစခန်း မီးလောင်ကာ သိန်း ၁,၀၀၀ ကျော်ဖိုးဆုံးရှုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တောင်ပိုင်းအခြေစိုက် ကန့်ဘလူတိုက်နယ် ပကဖထုတ်လုပ်ရေးစခန်း မီးလောင်ကာ သိန်း ၁,၀၀၀ ကျော်ဖိုးဆုံးရှုံးသွားတယ်လို့ စခန်းတာဝန်ခံထံက သိရပါတယ်။

၄ မွှာပူးကလေးမှာ အသက်ရှင်တဲ့ ကလေး ၂ ဦးအနက် ၁ ဦးထပ်မံသေဆုံး

"မွေးကတည်းက စနစ်တကျ မွေးဖွားခွင့်မရခဲ့လို့ ဆေးရုံဘက်ကနေ အကောင်းဆုံးကုသမှုတွေပေးခဲ့ပေမယ့် ဆေးရုံရောက်ပြီး ၈ ရက်အကြာမှာ တယောက်ထပ်ဆုံးသွားတယ်။ ဆေးရုံရောက်ကတည်းက ကလေးတွေကို အထူးကြပ်မတ်ကုသဆောင်မှာထားပြီး ဆေးကုသနေတာ"

ညောင်လေးပင်မှာ စစ်ကောင်စီအဖွဲ့တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

"သတင်းအရ ကျနော်တို့ဘက်က စနိုက်ပါနဲ့သွားစောင့်ပစ်တာ။ သူတို့ဘက်က ၂ ယောက်စနိုက်ပါထိတယ်။ ပစ်ခတ်မှုခဏဖြစ်တယ်။ ကျနော်တို့ပြန်ဆုတ်လာပြီးမှ စကစဘက်က လက်နက်ကြီးတွေပစ်ခတ်လာတာ ရှိတယ်"

စစ်တပ်ထောက်ပို့ကားတွေ အပစ်ခံရပြီး စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် ၇ ဦးသေဆုံး

"ကုမ္ပဏီကားနဲ့ ခဲယမ်းတွေသယ်လာတယ်လို့ သတင်းရလို့ အဲ့ကားကိုတားစစ်ဖို့လုပ်ရာမှာ နောက်ကပါလာတဲ့ ကုန်တင်ယာဥ်ကနေ အရင်ပစ်လာလို့ နှစ်စီးစလုံးကို ပစ်ခတ်ခဲ့ရတယ်။ ပစ်ပြီးတော့ ကုမ္ပဏီယာဥ် ကန်တာကားကို တက်စစ်ပြီး ခဲယမ်းနဲ့ဗုံးသီးတွေရလို့ နောက်ကုန်တင်ယာဥ်ကို စစ်ဖို့လုပ်ချိန် စကစဘက်က စစ်ကူလာတာရော၊ လက်နက်ကြီးတွေပစ်လာလို့ ပြန်ဆုတ်လာရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10