Kyaw Gyi

ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာ မိုင်းကွဲ

"မိုင်းကိုတော့ ဘယ်အချိန်ကတည်းက ဘယ်လိုပုံစံလာထားသွားလဲတော့ မသိရဘူး။ မနက်ရုံးတက်ချိန် မရောက်သေးတော့ အထိအခိုက်က နည်းသွားတာ"

ကင်းလှည့်ထွက်တဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၇ ဦးသေဆုံးပြီး သေနတ် ၇ လက်ကို သိမ်းဆည်းခဲ့

"ပန်းတိုင်းခြုံဂိတ်က အဖွဲ့တွေ ထွက်လာတာကို သတင်းရလို့စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်။ သူတို့ဘက်က အကုန်သေကုန်တယ်။ ပြန်ပစ်ချိန်တောင် မရလိုက်ဘူး"

တောင်ငူမှာ ၃ ရက်အတွင်း အပူဒဏ်ကြောင့် လူ ၁၀ ဦးသေဆုံး

"အပူဒဏ်ကြောင့်သေသူများလို့ လူသေတွေအတွက် အိမ်မှာအလောင်းထားဖို့ အအေးခေါင်းတွေပါ မရတဲ့ အခြေအနေဖြစ်တယ်။ ဦးနှောက်သွေးကြောပြတ် သေတာများတယ်။ သိရတဲ့တယောက်ဆို အဲကွန်းကားထဲကနေ အပြင်ထွက်လာတာ ခဏလေးပဲ ချက်ချင်းဆုံးသွားတာ"

ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ရထားသံလမ်းနဲ့ တံတားတစင်း မိုင်းခွဲဖျက်ဆီးခံရ

"ကားလမ်းတံတားက အရင် မိုင်းခွဲခံရတယ်။ နောက်ထပ် တနာရီလောက်အကြာမှာ ရထားလမ်းမိုင်းခွဲခံရတာ။ တံတားနဲ့ ရထားလမ်းတော့ တော်တော်ပျက်စီးသွားတယ်။ ကုန်ရထားတစီးပါတွဲချော်သွားတာလို့ သိရသေးတယ်"

မကွေးမှာ အပူရှပ်ပြီး အမျိုးသား ၁ ဦးထပ်မံသေဆုံး၊ ၃ ရက်အတွင်း သေဆုံးသူ ၇ ဦးထိရှိလာ

"အလုပ်ကိစ္စအပြင်သွားပြီး ပြန်လာတာ။ ပူလွန်းလို့ဆိုပြီး တဲထဲမှာ ထိုင်နေရင်းကနေ သတိလစ်ပြီးလဲကျသွားတာ။ အသက်ပါ ပါသွားတယ်"

မိုးညိုမှာ စစ်မှုထမ်းတွေကိုထောက်ပံ့ဖို့ဆိုပြီး ဒေသခံတွေကို ပိုက်ဆံတောင်းနေ

"ဒီမနက်မှာပဲ အရင်အသုတ်က စစ်မှုထမ်းပါသွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေတောင်းတာ။ တတ်နိုင်သူတွေက ၅၀၀၀၀ လောက်ထည့်ကြ။ ဂုဏ်ပြုမှတ်တမ်းထုတ်ပေးမယ် ဘာညာဆိုပြီး ပြောတယ်။ သာမန်အိမ်တွေက မရှိသူဆို ၅၀၀၀၊ နည်းနည်းရှိသူဆို ၁၀၀၀၀ ဆိုပြီးထည့်ခိုင်းတာ"

မကွေးမှာ ပလပ်ခုံအပူလွန်ကဲရာကမီးလောင်ပြီး နေအိမ် ၃ လုံးပျက်စီး

"ဖြစ်ချင်တော့ အဲဒီအချိန်မှာ မီးကလာနေတာဆိုတော့။ ပလပ်ခုံကနေ မီးစလောင်တာလို့သိရတယ်။ လူတွေကတော့ ပြေးနိုင်လို့လွတ်တာ"

အုတ်တွင်းမှာ ဆိုင်ကယ်ငှားသူက ကယ်ရီသမားကို လည်လှီးပြီး ဆိုင်ကယ်လုသွား

"သူကိုတွေ့တဲ့နေရာက လူပြတ်တယ်။ မနက်ပိုင်းဆိုတော့ လမ်းသွားလမ်းလာအနည်းငယ်က ရှိနေသေးတော့တွေ့ပြီး ဆေးရုံပို့နိုင်ခဲ့တာ။ ညပိုင်းလောက်ဖြစ်ရင်သွေးလွန်ပြီးသေလောက်တယ်"

အပူဒဏ်နဲ့ ဖျက်ပိုးကြောင့် ပြောင်းအထွက်နှုန်း ထက်ဝက်နီးပါးကျဆင်းလို့ တောင်သူတွေအရှုံးပေါ်နေ

"ပုံမှန်ဆို တဧက တင်း ၁၀၀ ကျော်ထွက်တယ်။ ဒီနှစ်က တင်း ၆၀ လောက်ပဲထွက်တာရှိတယ်။ ယခင် တဧက တင်း ၁၀၀ လောက်ထွက်နေတာတောင် တွက်ခြေမကိုက်တာ။ ခုလို အထွက်နှုန်းခေါက်ချိူးကျသွားတော့ ပိုဆိုးကုန်တာပေါ့"

စစ်ဆေးရေးလုပ်နေတဲ့ PDFအဖွဲ့ ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး လက်နက်အချို့လည်း သိမ်းဆည်းခံရ

" လာပစ်တဲ့ စကစအဖွဲ့က မင်းကုန်းရွာထဲမှာ ရှိနေတဲ့ အဖွဲ့တွေ။ စစ်ဆေးရေးလုပ်နေတဲ့ PDF တွေဘက်ကလည်း တစုတစည်းတည်းရှိမနေချိန်၊ စကစအဖွဲ့က လျှပ်တပြတ်လာပစ်တော့ ရဲဘော်နှစ်ယောက်က ဖမ်းခံလိုက်ရတယ်။ ပြီးမှ အဲ့နှစ်ယောက်ကို ပစ်သတ်သွားတာ"

ပဲခူးမှာ ခွေးရူးကိုက်ခံရသူ ၄၀ ဝန်းကျင်အထိရှိလာ၊ လွတ်နေဆဲဖြစ်လို့ မြို့ခံတွေစိုးရိမ်နေ

" ဟိုနေ့ကတည်းက လွတ်နေတဲ့ ခွေးရူးက ဒီမနက် ဆိုရှယ်လစ်ရပ်ကွက်ထဲမှာ ထပ်ကိုက်တယ်။ လူတွေဝိုင်းလိုက်တော့ပြေးသွားတာ ပျောက်နေတယ်။ လောလောဆယ်တော့လိုက်ရှာနေကြတုန်းပဲ"

အပူရှိန်မြင့်တက်လို့ မကွေးမြို့မှာ ၂ ရက်အတွင်း လူ ၆ ဦးသေဆုံး၊ မကွေးတိုင်းအတွင်း သေဆုံးသူ ၁၂ ဦးထိရှိလာ

"ခုတ​လောအပူရှိန်များတော့ လူတွေက အပူရှပ်လက္ခဏာတွေနဲ့သေဆုံးတာတွေ ဆက်တိုက်ရှိနေတယ်။ ဥပမာ ဦးနှောက်သွေးကြောပြတ် သေဆုံးတာမျိုးတွေ ပိုများတယ်။ အချို့က ဆေးရုံရောက်မှသေသလို အချို့ကနေအိမ်မှာတင် သေဆုံးတာတွေရှိတယ်"

ပဲခူးရွှေမော်ဓောဘုရားပွဲစျေးထဲ ခွေးရူးဝင်ကိုက်၊ ကလေး ၄ ဦးအပါ လူ ၂၉ ဦး ကိုက်ခံရ

" အဲ့ဒီခွေးက ကျွန်းသာယာဘက်ကလာကတည်းက မူမမှန်ဘူး။ ရေတွေလည်းစို ဗွက်တွေလည်း ပေနေတာ။ သူလာတဲ့လမ်းတလျှောက် ကိုက်လာတာ။ လူတွေက ခွေးရူးကိုက်တယ်ဆိုတော့ ပြေးကြတာလည်းရှိတယ်"

စစ်ကြောင်းကိုရိက္ခာထောက်ပံ့ဖို့ဆိုကာ လုပ်ငန်းရှင်တွေကိုစစ်တပ်ထဲခေါ်ပြီး သိန်းဆယ်ချီတောင်း

"မြို့နယ်ထဲက လုပ်ငန်းရှင်အားလုံးကိုခေါ်ပြီးပြောတာ။ လုပ်ငန်းအကြီးအသေးအပေါ်မူတည်ပြီး ငွေထည့်ဝင်ကြဖို့ ပြောတယ်။ အကူအညီတောင်းတဲ့ပုံစံပြောပေမယ့်လည်း ငွေအမောက်(ပမာဏ)ကိုတော့ သတ်မှတ်တယ်။ မပေးရသေးတဲ့သူတွေလည်း ရှိတယ်"

ရန်ကုန်-မန္တလေးလမ်းမှာ ယာဥ် ၃ စီးတိုက်၊ လမ်းဘေးအိမ်ကိုပါဝင်တိုက်မိပြီး ၃ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

"မှားတာက လိုက်ထရပ်ယာဥ်က မှားတာ။ လူသေဒဏ်ရာရများတာက ဘဲတင်လာတဲ့ကားပေါ်က များတယ်။ ဘိလပ်မြေတင်ယာဥ်အိမ်ထဲဝင်သွားလို့ အိမ်နားက လူတွေပါဒဏ်ရာရကုန်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10