ကလေးထောင်ပိုင်နဲ့  နိုင်ငံရေးအကျဉ်းသားတွေ စကားများရာကနေ ဆူပူမှုတွေဖြစ်ပေါ်ပြီး စစ်တပ်က ပစ်ခတ်လို့ အကျဉ်းသား ၇ ဦးသေဆုံး

ကလေးထောင်ပိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ စကားများရာကနေ ဆူပူမှုတွေဖြစ်ပေါ်ပြီး စစ်တပ်က ပစ်ခတ်လို့ အကျဉ်းသား ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှာ မနေ့က နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်ပိုင်စကားများပြီး၊ ဆူပူမှုများဖြစ်ပွားပြီးခဲ့ရာ စစ်တပ်က လာရောက်ပစ်ခတ်ပစ်ခတ်ခဲ့လို့ အကျဉ်းသား  ၇ ဦးသေဆုံးခဲ့တယ်လို့ ထောင်နဲ့နီးစပ်တဲ့ ဒေသခံတဦးထံက သိရပါတယ်။

"နိုင်ငံရေးအကျဉ်းသားကို ထောင်ပိုင်က မချေမငံပြောတာကို နိုင်ငံရေးအကျဉ်းသားက မကျေနပ်လို့ အချွန်နဲ့ ထောင်ပိုင်ရဲ့လည်ပင်းကို ထိုးလိုက်တယ်။ ပစ်ခတ်မှုတွေလည်းဖြစ်တယ်။ ပစ်ခတ်မှုဖြစ်တာက ကလေးအကျဥ်းထောင်ကို စစ်တပ်ကသွားဝိုင်းတယ်။ မြို့ထဲက ရဲတွေ‌ကော အင်အား ၃၀ နဲ့ ၄၀ လောက် ထောင်ကို အရေးပေါ်သွားကြတယ်။ ကျနော်တို့ ပထမဆုံးသိရတာက ကျဆုံးမှု (အကျဉ်းသား) ၇ ဦးလောက်လို့ သိရပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

NLD အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၉၊ မေလ ၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကလေးနဲ့ ရွှေဘိုက အကျဉ်းထောင်တွေမှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က တန်းတူညီမျှမှုမရှိဘူးဆိုပြီး ထောင်တွင်းဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့က အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြဿနာတက်တာ ပထမဆုံးလို့ သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10