ကံမမြို့နယ်၊ ဒါန်းကိုင်းဂိတ်မှာ မော်တော်ယာဉ်တွေကို စစ်တပ်က ကျပ်သိန်းချီပြီး ပိုက်ဆံတောင်းနေ

ကံမမြို့နယ်၊ ဒါန်းကိုင်းဂိတ်မှာ မော်တော်ယာဉ်တွေကို စစ်တပ်က ကျပ်သိန်းချီပြီး ပိုက်ဆံတောင်းနေ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ဒါန်းကိုင်းကျေးရွာအနီး ဒါန်းကိုင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့က မော်တော်ယာဉ်တွေဆီကနေ ကျပ် ၂ သိန်းမှ ၈ သိန်းအထိ ပိုက်ဆံတောင်းနေကြတယ်လို့ ကံမမြို့ခံတဦးက ပြောပါတယ်။ 

ပြည်-ကံမလမ်းပေါ်က ဒါန်းကိုင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတပ်ဖွဲ့တွေက ဧပြီ ၆ ရက်က စတင်ပြီး ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေဆီကနေ အတင်းအဓမ္မငွေကြေးကောက်ခံနေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

သုံးဘီးမော်တော်ယာဉ်(အိုးဝေ)တစီးကို ကျပ် ၂ သိန်း၊ ကံမ-ပြည်ပြေးဆွဲနေတဲ့ လိုင်းကားတွေကို ကျပ် ၅ သိန်းနဲ့ အုတ်၊သဲ၊ကျောက်သယ်(၆ ကျင်းသယ်) ဖောကားကြီးတစီးကို ကျပ် ၈ သိန်းအထိ တောင်းခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အရင်က ဘယ်သွားမလို့လဲ၊ ဘယ်က ပြန်လာလဲ ဒီလောက်ပဲစစ်ဆေးတာ။ အခု ဖြတ်လာတဲ့ကားတွေကို အကုန် ပိုက်ဆံတောင်းနေတာ။ ပိုက်ဆံမပါရင် ကုန်ပစ္စည်းတွေချထားခဲ့ခိုင်းပြီး ပိုက်ဆံပြန်ယူခိုင်းတယ်။ အတင်းအဓမ္မ တောင်းတဲ့ ပုံစံမျိုးလုပ်နေတာ။” လို့ ကံမမြို့ခံတဦးက ပြောပါတယ်။ 

ဒါန်းကိုင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးခန့်ရှိပြီး ဂိတ်ကနေဖြတ်သွားတဲ့ သုံးဘီးကား၊ လိုင်းကား၊ ခရီးသည်တင်အဝေးပြေးကား၊ အုတ်သဲကျောက်တင်ကားတွေကို တနှစ်စာလိုင်းကြေးသဘောမျိုး ကောက်ခံနေကြတာလို့ သိရပါတယ်။ 

#မြေလတ်အသံ

#မကွေးတိုင်း #ကံမမြို့နယ် #ဒါန်းကိုင်းကျေးရွာ #ဒါန်းကိုင်းစစ်ဆေးရေးဂိတ် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10