ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာ မိုင်းကွဲ

ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာ မိုင်းကွဲ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ ဆားတန်းရပ်ကွက်ရှိ ကျောက်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှာ မိုင်းပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၃ ရက် ဒီမနက် ၆ နာရီကျော်မှာ မီးသတ်တပ်ဖွဲ့ရုံးခန်းအတွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"မိုင်းကိုတော့ ဘယ်အချိန်ကတည်းက ဘယ်လိုပုံစံလာထားသွားလဲတော့ မသိရဘူး။ မနက်ရုံးတက်ချိန် မရောက်သေးတော့ အထိအခိုက်က နည်းသွားတာ"လို့ မီးသတ်ရုံးနဲ့နီးစပ်သူတဦးကပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေဒဏ်ရာရခဲ့သလို ရုံးအတွင်းခန်းရှိ မျက်နှာကျက်၊ ပြတင်းပေါက်မှန်တွေနဲ့ ရုံးတွင်းပစ္စည်းတွေပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး တနာရီခန့်အကြာမှ စစ်ကောင်စီအဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေကိုတော့ ကျောက်ကြီးဆေးရုံကိုတင်သွားတယ်လို့ မီးသတ်ရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့တွေက လုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၃ ဇွန် ၉ ရက်ကလည်း ကျောက်ကြီးမြို့ရှိ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်ရဲစခန်း ဒရုန်းဗုံးချခံရပြီး ဝန်ထမ်း ၂ ဦး ထိခိုက်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီးမြို့ #မီးသတ်ရုံး #မိုင်းကွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10