ကျောက်ထုအမြောက်တပ်က တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ကျောက်ထုအမြောက်တပ်က တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ် ၃၆၈ က တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Yaw Revolution Army - ထီးလင်းဆီက သိရပါတယ်။

အလင်းဝင်လာသူဟာ ကျောက်ထုအမြောက်တပ်က တပ်သားကျော်စိုးဦးဖြစ်ပြီး မေ ၁ ရက်မှာ YRA - ထီးလင်းအဖွဲ့ဆီ အလင်းဝင်လာတာလို့ ဆိုပါတယ်။

“သူ့ရဲ့မိခင်တပ်ရင်းကတော့ ကျောက်ထုအမြောက်တပ် ၃၆၈ ကဖြစ်တယ်။ အဲ့ဒီကနေမှ ထီးလင်းမှာ တာဝန်ကျနေတာပါ။ တာဝန်ကျနေတဲ့အချိန် ကျနော်တို့ဘက်ကို အလင်းဝင်လာတာ ဖြစ်ပါတယ်။ အရင်ကလည်း ကျနော်တို့ထဲမှာက သူတို့တပ်က တဦးအလင်းဝင်လာတာရှိတယ်။ သူနဲ့ ချိတ်ဆက်ထားတာဖြစ်တယ်။ သူလာမဲ့လမ်းကို လမ်းခုလတ်တနေရာက သွားကြိုခဲ့ရတာရှိပါတယ်” လို့ YRA - ထီးလင်းခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။  

တပ်သား ကျော်စိုးဦးဟာ MA 1 ၁ လက်၊ ကျည် ၅၀၀ တောင့်အပါအဝင် အခြားဆက်စပ်ပစ္စည်းတွေ ကိုပါ ယူဆောင်လာတာကြောင့် ၎င်းကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း Yaw Revolution Army အဖွဲ့ဆီကို အလင်းဝင်လာသူရဲနဲ့ စစ်သား စုစုပေါင်း ၂၅ ဦးရှိပြီလို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ကျောက်ထုအမြောက်တပ် #တပ်သား #အလင်းဝင် #လက်နက်ခဲယမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10