ချောက်က  မွတ်စလင်အမျိုးသားတွေအပါ ၃ ဦးအသတ်ခံရ

ချောက်က မွတ်စလင်အမျိုးသားတွေအပါ ၃ ဦးအသတ်ခံရ

မကွေးတိုင်း၊ ချောက်မြို့ပေါ်နေ မွတ်စလင်အမျိုးသားတွေအပါအဝင် ၄ ဦးဟာ ပခုက္ကူဘက်ကို ကားနဲ့ခရီးသွားချိန် ၃ ဦးကလမ်းမှာအသတ်ခံခဲ့ရပြီး စီးသွားတဲ့ကားနဲ့ ကျန် ၁ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ချောက်မြို့၊ စျေးတန်းရပ်ကွက်ရှိ သမာဓိ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင် ဦးအောင်ကျော်ဦး (ခ) ဦးဟာကင်းမ်၊ ဆွေမျိုးတော်စပ်သူ ဦးဟာစင်၊ သူငယ်ချင်းဖြစ်သူ ဦးဟာဗင်နဲ့ ယာဥ်မောင်းသူ ဦးမြင့်ဌေးတို့ ၄ ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၅ ရက်မှာ ပခုက္ကူကိုသွားချိန် အသတ်ခံခဲ့ရတာလို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ တာဝန်ရှိသူ ကိုပြူးကြီးကမြေလတ်အသံကို ပြောပါတယ်။ “သူနဲ့အတူတူ သိန်း ၃ ထောင်အထက်ပါသွားတယ်၊ ကား ၁ စီးလည်းပြန်မရပါဘူး၊ အလောင်းက ၃ လောင်းပဲပြန်ရတယ်၊ ၁ ယောက်ကတော့ ဘယ်သူပျောက်နေတယ်ဆိုတာမသိရပါဘူး” လို့ ပြောပါတယ်။ ဦးအောင်ကျော်ဦးနဲ့ ဦးမြင့်ဌေးတို့မှာတော့ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေရရှိထားပြီး၊ ကျန် ၁ ဦးကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကြောင့် ဘယ်သူလဲဆိုတာကို အတည်ပြုလို့မရသေးဘူးလို့လည်း ဆိုပါတယ်။ သူတို့ကို ပခုက္ကူတံတားထိပ်မှာ အထိုင်ချတပ်စွဲနေတဲ့ တမခ ၁၀၁ မှ စစ်သားတွေက ပခုက္ကူမြို့ရှောင်လမ်းအလွန်မှာ ဖမ်းဆီးသတ်လိုက်တာလို့လည်း သိရပြီး ဘယ်နေ့မှာ သတ်လိုက်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ အဲ့ဒီ‌နောက်အလောင်းတွေကို ပခုက္ကူရင်ခွဲရုံမှာထားရှိပြီး စစ်ကောင်စီတပ်သားတွေဟာဇန်နဝါရီလ ၂၆ ရက်မှ သေဆုံးသူတွေရဲ့မိသားစုကို အကြောင်းကြာကာ ချောက်မြို့ကိုပြန်သယ်ပြီး သင်္ဂြိုလ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ #မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10