စလင်းမှာ မိုးရွာချိန် ခရီးသည်တင် Express ကား တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရ

စလင်းမှာ မိုးရွာချိန် ခရီးသည်တင် Express ကား တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သာစည်ကျေးရွာအနီးမှာ ခရီးသည်တင် Express ယာဥ်တိမ်းမှောက်လို့ ယာဉ်ပေါ်ပါ ခရီးသည် ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယနေ့ မေ ၃ ရက် မနက် ၆ နာရီခွဲခန့်မှာ ဆင်ဖြူကျွန်းမြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ SCANIA အမျိုးအစား “နန်းထိုက်တော်ဝင်” ခရီးသည်တင်ယာဥ်ဟာ သာစည်ကျေးရွာနဲ့ ကြည်တော်စုကျေးရွာအကြားမှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

" မိုးကလည်းရွာနေချိန်ဆိုတော့ စလစ်ဖြစ်ပြီးမှောက်တာလို့ သိရတယ်။ ကားပေါ်မှာလည်း ခရီးသည် ၃ ဦးနဲ့ယာဥ်မောင်း ယာဥ်နောက်လိုက်တွေပဲ ပါတယ်" လို့ ဆင်ဖြူကျွန်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိမ်းမှောက်လို့ ကားပေါ်ပါ ခရီးသည် ၃ ဦးမှာ ပေါင်ကျိုးဒဏ်ရာ၊ ခါးကျိုးဒဏ်ရာနဲ့ သာမန်ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး ဒေသခံလူမှုကူညီရေးအသင်းတွေက စလင်းဆေးရုံနဲ့ ဒဏ်ရာရရှိမှုများသူ ၂ ဦးကို မကွေးဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ဧပြီ ၂၃ ရက်ကလည်း မကွေးမြို့၊ သိင်္ဂါရပ်ကွက်၊ဗိုလ်ချုပ်လမ်းနဲ့ သပြေလမ်းဆုံမှာ သစ်တင်လာတဲ့ သုံးဘီးက ခရီးသည်တင်သုံးဘီးကိုဝင်တိုက်လို့ ၅ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မင်းဘူး #စလင်း #ခရီးသည်တင် #Express #တိမ်းမှောက် #ဒဏ်ရာရ #မိုးရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10