ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနား အရှိုချင်းဌာနချုပ်မှာကျင်းပ

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနား အရှိုချင်းဌာနချုပ်မှာကျင်းပ

မကွေးတိုင်းထဲက CDF-Asho နောက်တန်းဌာနချုပ်ဖြစ်တဲ့ ကုက္ကလိုင်ကွင်းမှာ အရှို(ချင်း) တိုင်းရင်းသားတဦးဖြစ်သလို ကျောင်းသားခေါင်းဆောင်လည်းဖြစ်တဲ့ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်းနေ့ အောက်မေ့ဖွယ်အခမ်းအနားကို အကျဉ်းချုံးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၆ရက် မနေ့က ချင်းအလံတော်နဲ့ စစ်အာဏာရှင်ကို‌ တော်လှန်ရင်းကျဆုံးခဲ့တဲ့ ကျောင်းသား၊ ပြည်သူတွေကို အလေးပြုကြပြီး၊  ရဲဘော်တွေနဲ့ စစ်မေတွေက သူတို့ရဲ့ ဆလိုင်း တင်မောင်ဦးအပေါ် အမြင်၊ တော်လှန်ရေးခံယူချက်နဲ့ ချင်းလူမျိုးတွေအတွက် စံပြဂုဏ်ယူစရာဖြစ်တာတွေကို ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျ​နော်တို့ CDF-Asho အနေနဲ့ဆိုရင် ချင်းတမျိုးသားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံးကို ကာကွယ်သွားဖို့၊ ပြီးတော့ လူတန်းစားအလွှာပေါင်းစုံ လွတ်မြောက်ရေးရရှိတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ နောင်တော်ဆလိုင်းတင်မောင်ဦးကို ကတိသစ္စာပြုခဲ့တယ်။”လို့ CDF-Asho တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၈ ခုနှစ်၊ ကျွန်းဆွယ်အရေးအခင်းကစပြီး ၁၉၇၆ခုနှစ် ‌ဇွန်လ ၂၆ရက်နေ့ ‌အင်းစိန်ထောင်တွင်း ကြိုးပေးကွပ်မျက်ခံရချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#ဆလိုင်းတင်မောင်ဦး #နှစ်ပတ်လည် #အရှိုချင်း #CDF_Asho #ကြိုးပေးကွပ်မျက်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10