ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်း မိုင်း‌ဆွဲခံရပြီး သေဆုံးမှုရှိ

ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်း မိုင်း‌ဆွဲခံရပြီး သေဆုံးမှုရှိ

မကွေးတိုင်း၊ ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဆိပ်ဖြူမြို့နယ်၊ ဆယ်မိုင်လမ်းဆုံဂိတ်ကနေ ကပစ ၂၂ တပ်စခန်းထဲကို ပြန်လာတဲ့ အင်အား ၂၀ ပါ စစ်‌ကောင်စီကားတစ်စီးကို ဧပြီ ၃၀ ရက် မနက် ၉ နာရီလောက်က ချတောက်ရွာသစ် တောင်ဘက်မှာ ၁၈ မိုင်းကြီး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

"ကား ၂ စီး နဲ့ထွက်လာတာ။ ကျနော်တို့မိုင်းဆွဲလိုက်တော့ ရှေ့ကားတစီးကို ထိသွားတယ်။ မိုင်းဆွဲခံလိုက်ရတော့ စစ်**ဘက်က ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိတယ်ဗျ။ သေဆုံးဒဏ်ရာရ သတင်းတွေကိုတော့ တပ်တွင်းဖရဲသီးရဲ့ပြောကြားချက်အရသိရတာ" လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီကားတွေဟာ ရှေ့ဆက်မသွားနိုင်ဘဲ နောက်ဘက်ကို ပြန်လှည့်သွားပြီး အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ မိုင်းဆွဲခံရတဲ့နေရာကိုလာပြီး လမ်းသွားပြည်သူတွေကို စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)နဲ့ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ NSP တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

အလားတူ ဧပြီ ၂၇ ရက် ညနေ ၅ နာရီလောက်ကလည်း  ဆိပ်ဖြူမြို့ပေါ်ကနေ ထမ္မကောက်အထိုင်တပ်စခန်းကိုလာတဲ့ စစ်သားအင်အား ၁၅ ဦးပါ ကားတစီးကို ဆိပ်ဖြူမြို့နယ်၊ ဂျု‌ပ်ချောင်းကြီး လမ်းခွဲအနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေ‌ဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေးတိုင်း #ဆိပ်ဖြူ #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10