နတ်ရေတွင်းရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့၊ ၂ ကြိမ်ပေါင်း နေအိမ် ၃၈ လုံးပျက်စီး

နတ်ရေတွင်းရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့၊ ၂ ကြိမ်ပေါင်း နေအိမ် ၃၈ လုံးပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း‌၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာက နေအိမ်တွေကို စစ်ကောင်စီက ဒုတိယအကြိမ် မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ 

ပေါက်ခေါင်းမြို့နယ်ကနေလာတဲ့ အင်အား ၆၀ ပါ စစ်ကောင်စီတပ်သားတွေက ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ နတ်ရေတွင်းရွာက နေအိမ် ၁၀ လုံးကို ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၁ နာရီကျော်လောက်မှာ မီးရှို့ခဲ့တာလို့ ပြောပါတယ်။ 

“တိုက်ပွဲမရှိဘဲကို သပ်သပ်မီးလာရှို့တာ။ နတ်ရေတွင်းကို စစ်တပ်ကမီးရှို့တာ ဒါနဲ့ဆို ၂ ကြိမ်ရှိသွားပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကလည်း နတ်ရေတွင်းရွာကို စစ်ကောင်စီတပ်သားတွေက ပထမအကြိမ် မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၈ လုံးပျက်စီးခဲ့ပါတယ်။ 

အဲ့ဒီရွာကို စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စတင်ကာ ရွာသားတွေဟာ နေရပ်ကနေစွန့်ခွာနေကြတာလို့ ဆိုပါတယ်။ 

နတ်‌ရေတွင်းရွာမှာ အိမ်ခြေ ၁၁၈ လုံးရှိပြီး ပေါက်ခေါင်းမြို့နယ်အစပ်မှာရှိကာ ပေါင်းတည်မြို့နဲ့ ၁၈ မိုင်ဝန်းကျင်အကွာမှာတည်ရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ 

အလားတူ ဇန်နဝါရီ ၄ ရက်မှာ ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာက နေအိမ် ၂၀ နဲ့ စပါးကျီ ၂ လုံး၊ ဇန်နဝါရီ ၁၄ ရက်မှာ နေ့လယ်ပိုင်းမှာ မအူကွင်းရွာက နေအိမ် ၃၃ လုံး၊ ညနေပိုင်းမှာ တောင်ခမောက်ရွာ က နေအိမ် ၂၇ လုံး၊ စပါးကျီ ၃ လုံးနဲ့ ပညာရေးဝန်ထမ်းဆောင်တဆောင်တို့ကို စစ်ကောင်စီတပ်သား တွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #နတ်ရေတွင်းရွာ #စစ်ကောင်စီ #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10