နိုင်ငံတည်ဆောက်နေတဲ့ကာလဖြစ်လို့ အာဆီယံဥက္ကဌနေရာကို လက်လွှတ်ခဲ့တာလို့ စစ်ကောင်စီပြော

နိုင်ငံတည်ဆောက်နေတဲ့ကာလဖြစ်လို့ အာဆီယံဥက္ကဌနေရာကို လက်လွှတ်ခဲ့တာလို့ စစ်ကောင်စီပြော

နိုင်ငံတည်ဆောက်နေတဲ့ကာလဖြစ်တာကြောင့် အလှည့်ကျအာဆီယံဥက္ကဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံထံ လွှဲပြောင်းပေးခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။

၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်များထုတ်ပြန်ချက်မှာ၂၀၂၆ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်နိုင်ငံမှ တာဝန်ယူရန်ဆုံးဖြတ်ခဲ့ကြပြီး၊ အခြားဆုံးဖြတ်ချက်တစ်ရပ် မထွက်ပေါ်မီအချိန်အထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဇယားကို အက္ခရာစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန်လို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အခုလိုရှင်းလင်းချက်ထုတ်ပြန်တာလို့ ဆိုပါတယ်။

အာဆီယံဥက္ကဌအဖြစ် ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံက တာဝန်ယူရမှာဖြစ်ပြီး လက်ရှိမှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံတော်ကိုတည် ဆောက်နေတဲ့ကာလဖြစ်တာကြောင့် ဖိလစ်ပိုင်နိုင်ငံကို ၂၀၂၆ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့ သဘောထားမေးမြန်းပြီး လွှဲပြောင်းပေးခဲ့တာလို့ ဖော်ပြပါတယ်။

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ရယူဖို့ အဆင်သင့်ရှိတယ်လို့ စက်တင်ဘာလ ပထမပတ်အတွင်းကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဘာကြောင့်ရယူတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အင်္ဂလိပ်အက္ခရာစဉ်အတိုင်း အလှည့်ကျဥက္ကဌအဖြစ် တာဝန်ရယူတာဖြစ်ပြီး ၂၀၂၄ နဲ့ ၂၀၂၅ မှာ လာအိုနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က အလှည့်ကျပြီးတဲ့နောက် ၂၀၂၆ မှာ မြန်မာနိုင်ငံက အလှည့်ကျမှာဖြစ်ပေမယ့် ၂၀၂၇ ခုနှစ်မှာ အလှည့်ကျမယ့် ဖိလစ်နိုင်ငံက ၂၀၂၆ ခုနှစ်မှာ ဥက္ကဌ အဖြစ်တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ 

#သတင်း #အာဆီယံ #ဥက္ကဌ #စစ်ကောင်စီ #ဖိလစ်ပိုင် #မြန်မာ #၂၀၂၆ #အလှည့်ကျ #လွှဲပြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10