ပိတ်ဆို့မှုတွေကြားထဲက စီးပွားရေးကို တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ထပ်မံတိုးတက်မယ်လို့ ခန့် မှန်းကြောင်း စစ်ခေါင်းဆောင် ပြောပြန်

ပိတ်ဆို့မှုတွေကြားထဲက စီးပွားရေးကို တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ထပ်မံတိုးတက်မယ်လို့ ခန့် မှန်းကြောင်း စစ်ခေါင်းဆောင် ပြောပြန်

စီးပွားရေးပိတ်ဆို့မှုတွေကြားထဲက နိုင်ငံစီးပွားရေးကို တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ရာမှာ အတိုင်းအတာတခုအထိ တိုးတက်လာခဲ့ပြီး ထပ်မံတိုးတက်မယ်လို့ ခန့်မှန်းထားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၉ ရက် မနေ့မနက်ပိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်(ရမခ)ရှိ ၎င်းရဲ့လက်အောက် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေကို တွေ့ဆုံပြီး အခုလိုပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က တာဝန်ယူခဲ့တဲ့ ၂ နှစ်တာကာလအတွင်း နိုင်ငံအနေနဲ့ ထိုက်သင့်သလောက် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့လို့  ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းတို့စစ်ကောင်စီတာဝန်မယူမီမှာ နိုင်ငံစီးပွားရေးဟာ အနုတ် ၅.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၎င်းတို့တာဝန်ယူချိန်ကစပြီး ပိတ်ဆို့မှုများကြားမှ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတခုအထိ တိုးတက်ခဲ့တယ်လို့ သူကပြောပါတယ်။

နိုင်ငံစီးပွားရေးတိုးတက်အောင် လုပ်ဆောင်နိုင်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုနေပေမယ့် လက်ရှိမှာ နိုင်ငံတဝန်း အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေပါ စားဝတ်နေရေးကျပ်တည်းနေတယ်လို့ တပ်မိသားစု အသိုင်းအဝိုင်းထံက သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၎င်းရဲ့လက်အောက်တပ်ဖွဲ့ဝင်မိသားစုတွေအနေနဲ့ ဝင်ငွေ၊ ထွက်ငွေ မျှတအောင်သုံးစွဲဖို့ မကြာခဏထည့်သွင်းပြောဆိုပေမယ့် လက်ရှိကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အဆင်မပြေဘူးလို့ မကွေးမြို့ပေါ်တပ်ရင်းတခုရဲ့ တပ်မိသားစုဝင်တဦးက ပြောပါတယ်။

#မြေလတ်အသံ

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #နိုင်ငံစီးပွား #ပြောဆိုမှု #ရမခ #လားရှိုး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10