ပေါင်းတည်မြို့နယ်မှာ စစ်တပ်က အရပ်သား ၃ ဦးကို ဖမ်းဆီး

ပေါင်းတည်မြို့နယ်မှာ စစ်တပ်က အရပ်သား ၃ ဦးကို ဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ အုတ်တွင်းကုန်းရွာက အရပ်သားပြည်သူ ၃ ဦးကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ တောင်ဘို့လှအုပ်စု၊ အုတ်တွင်းကုန်းရွာက အသက် ၅၅ နှစ်အရွယ် ဦးအေးလွင်၊ အသက် ၄၅ နှစ်အရွယ် ကိုစိုးမိုးအောင်နဲ့ အသက် ၂၄ နှစ်အရွယ် ကိုအောင်လွင်ဦးတို့ကို ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီလောက်မှာ နေအိမ်တွေကနေ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“သူတို့ ၃ ဦးစလုံးက နိုင်ငံရေးနဲ့ပတ်သက်မှု မရှိဘူး။ ကြားတာက သူတို့အမျိုးထဲမှာ PDF နဲ့ ဆက်နွယ်တဲ့ သူရှိတယ်ဆိုပြီး ဖမ်းသွားတာ။ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရဘူး။ မိသားစုလည်း တွေ့ခွင့်မရဘူး“ လို့ ဒေသခံတဦးက ပြောပါတယ်။ 

အဲ့ဒီသူ ၃ ဦးကို ဖမ်းဆီးတဲ့ညကလည်း သာလှပင်စည်ရွာ ဘုန်းတော်ကြီးကျောင်းစောင့် ဦးစောမြင့်နဲ့ ကိုမှုံတေ တို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက အကြောင်းမဲ့သေနတ်ဒင်နဲ့ ရိုက်သွားတဲ့အတွက် ကိုမှုံတေဟာ ဆေးခန်းပြခဲ့ရသေးတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူ ၃ ဦးဟာ သူတို့နေထိုင်တဲ့ ကျေးရွာမှာ ပန်းပဲလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကိုသာ လုပ်ကိုင်ကြသူတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ တောင်ဘို့လှအုပ်စု၊ သာလှပင်စည်ရွာက အသက် ၃၄ နှစ် အရွယ် ကိုကျော်စိုးထွန်းကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး မိသားစုနဲ့ အဆက်သွယ်ပြတ်နေတယ်နေတယ်လို့ ဆိုပါတယ်။

အလားတူ  ဇန်နဝါရီ ၂၀ ရက်ဝန်းကျင်ကလည်း ဆင်လူးအုပ်စု ဝက်မြေလူးရွာက အသက် ၃၅ နှစ်အရွယ် ကိုနိုင်နဲ့ ဇနီးဖြစ်သူကိုလည်း စစ်အုပ်စုက ဖမ်းဆီးခဲ့ရာ ဇန်နဝါရီ ၂၉ ရက် ဒီနေ့တိုင် ပြန်လွတ်လာခြင်း မရှိသေးပါဘူး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ပေါင်းတည် #အုတ်တွင်းကုန်းရွာ #ဒေသခံ #ပြည်သူ #စစ်တပ် #ဖမ်းဆီး #အရပ်သား #ပြည်သူ #တောင်ဘို့လှ #သာလှပင်စည်ရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10