ပြည် ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့က အသံတိတ်သပိတ်မြင်ကွင်း

ပြည် ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့က အသံတိတ်သပိတ်မြင်ကွင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်၊ ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့က ပြည်သူတွေဟာ စစ်အာဏာသိမ်းတာ ၃ နှစ်မြောက်နေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်ဒီနေ့မနက်ပိုင်းကစပြီး အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိသတ်မှတ်ထားတာဖြစ်ပြီး ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရှိသူများကလွဲပြီး အများစုဟာ သူတို့ရဲ့နေအိမ်တွေမှာပဲနေထိုင်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ပုံစာ - အသံတိတ်သပိတ်ဆင်နွှဲနေသည့် ပြည်၊ ပေါင်းတည်နှင့် ကြို့ပင်ကောက်မြို့မှ နေရာတချို့အား မြင်တွေ့ရစဉ်။

 

#မြေလတ်အသံ

#ပဲခူး #ပြည် #ပေါင်းတည် #ကြို့ပင်ကောက် #စစ်ကောင်စီ #အာဏာသိမ်း၃နှစ်ပြည့် #အသံတိတ်သပိတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10