မကွေးမှာ ပလပ်ခုံအပူလွန်ကဲရာကမီးလောင်ပြီး နေအိမ် ၃ လုံးပျက်စီး

မကွေးမှာ ပလပ်ခုံအပူလွန်ကဲရာကမီးလောင်ပြီး နေအိမ် ၃ လုံးပျက်စီး

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဘုရားပျိုကျေးရွာက အိမ်တအိမ်မှာ ပလပ်ခုံ အပူလွန်ကဲရာကနေ မီးလောင်ပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁ ရက် ဒီမနက် ၃ နာရီကျော်ခန့်မှာ ဘုရားပျိုကျေးရွာနေ ဦးဥာဏ်လင်း နေအိမ်ကနေ မီးစတင်လောင်ခဲ့တာလို့ ဆိုပါတယ်။

"ဖြစ်ချင်တော့ အဲဒီအချိန်မှာ မီးကလာနေတာဆိုတော့။ ပလပ်ခုံကနေ မီးစလောင်တာလို့သိရတယ်။ လူတွေကတော့ ပြေးနိုင်လို့လွတ်တာ"လို့ ဒေသခံတဦးကပြောပါတယ်။

မီးလောင်မှုကြောင့် ဦးဥာဏ်လင်းနေအိမ်အပါအဝင် သွပ်မိုးသစ်ကာနေအိမ် ၃ လုံး၊ နွားတင်းကုပ် ၂ လုံး၊ ဆိုင်ကယ်အချို့နဲ့ အိမ်တွင်းပစ္စည်းတွေ မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်ရာကို မကွေးမြို့နယ်မီးသတ်၊ အရန်မီးသတ်၊ ဒေသခံလူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေက မီးငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ပြီးတနာရီခန့်အကြာမှာ မီးငြိမ်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

နေအိမ်ပျက်စီးသွားတဲ့ မီးဘေးသင့်ပြည်သူ ၁၀ ဦးကျော်ကတော့ ကျေးရွာအတွင်းရှိ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။ 

ဧပြီ ၄ ရက် ညပိုင်းကလည်း မကွေးမြို့နယ်၊ ပုထိုးကျေးရွာမှာ မီးဖိုမီးကြွင်းမီးကျန်ကနေ  မီးလောင်လို့ နေအိမ် ၄ လုံးပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဘုရားပျိုကျေးရွာ #မီးလောင် #နေအိမ်ပျက်စီး #မီးဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10