မကွေးလေတပ်က ထွက်ပေါ်တဲ့ ပေါက်ကွဲသံကြီးတွေကြောင့် မြို့ခံတွေထိတ်လန့်နေရ

မကွေးလေတပ်က ထွက်ပေါ်တဲ့ ပေါက်ကွဲသံကြီးတွေကြောင့် မြို့ခံတွေထိတ်လန့်နေရ

မကွေးမြို့အခြေစိုက် စစ်ကောင်စီတပ် မကွေးလေတပ်စခန်းဌာနချုပ် (ကလခ) အတွင်းက ထွက်ပေါ်တဲ့ ပေါက်ကွဲသံတွေကြောင့် မကွေးမြို့ခံတွေ ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေး-ကံပြားလမ်းပေါ်မှာရှိတဲ့ အဲ့ဒီလေတပ်ထဲကနေ ဇူလိုင်လ ၂၀ ရက် မနေ့မနက် ၁၀ နာရီမှာ တကြိမ်၊ ၁၁ နာရီမှာ တကြိမ်၊ နေ့လည် ၁ နာရီဝန်းကျင်ခန့်မှာတကြိမ်နဲ့ ဒီကနေ့ ဇူလိုင် ၂၁ ရက် မနက်ပိုင်းမှာ ၂ ကြိမ် ကျယ်လောင်တဲ့ပေါက်ကွဲသံတွေ ကြားရတာနဲ့အတူ နေအိမ်တွေပါတုန်ခါခဲ့တာလို့ ဆိုပါတယ်။

“မြို့ခံတွေအကုန်လုံးက ဗုံးကွဲတယ်ဘဲထင်နေကြတာ။ မကွေးလေတပ်လောက်က ပေါက်ကွဲသံကြီးက သစ္စာလမ်းလောက်အထိ အိမ်တွေပါတုန်တာ။ အဲ့လောက်အသံကြီးတခါမှမကြားဖူးတော့ အကုန်လုံးထိတ်လန့်ကုန်ကြတာ။ ဗုံးကွဲတာမျိုးဆိုရင်တော့ ဘယ်နားမှာကွဲတယ်ဆိုတာ တန်းသိရတာပေါ့။ ခုက တိုက်လေယာဉ် စူပါဆိုးနစ်ဖွင့်တာလို့တော့ ပြောနေကြတယ် ” လို့ မကွေးမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

မကွေးတခြားမြို့ခံတဦးကတော့ စစ်ကောင်စီလေတပ်အတွင်း အခုလိုအသံမျိုးကြားဖူးတာမျိုးမရှိဘဲ လေယာဉ်ပျံတက်စဉ် ထွက်ပေါ်တဲ့အသံဖြစ်ပါက ယခင်က ၎င်းတို့အသုံးပြုဖူးတာမျိုးမရှိသေးတဲ့ တိုက်လေယာဉ်တွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မကွေးလေတပ်ကထွက်ပေါ်တဲ့ ပေါက်ကွဲသံတွေနဲ့ပတ်သက်လို့ ဘာကြောင့်ထွက်ပေါ်တယ်ဆိုတာတော့ မြေလတ်အသံအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ဇူလိုင်လ ၁၇ ရက်နေ့ မနက်အစော ၁ နာရီခန့်မှာ မကွေးလေတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရှော့တိုက်ဒုံး ၅ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လေတပ်တွင်းကျရောက်ပေါက်ကွဲကာ ဆီဂိုထောင်နဲ့အဆောက်အဦတချို့ ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုတွေလည်းရှိတယ်လို့ ပြောဆိုထားပါတယ်။

#မြေလတ်အသံ

#မကွေး #လေတပ်စခန်း #ပေါက်ကွဲသံ #ထွက်ပေါ်မှု #မြို့ခံပြည်သူ #ထိတ်လန့်မှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10