မိုးသက်လေပြင်းတိုက်ပြီး ဓါတ်တိုင် ၈ တိုင်ကျိုးလို့ စလင်းနဲ့ဆင်ဖြူကျွန်းမှာ လျှပ်စစ်မီးပြတ်တောက်

မိုးသက်လေပြင်းတိုက်ပြီး ဓါတ်တိုင် ၈ တိုင်ကျိုးလို့ စလင်းနဲ့ဆင်ဖြူကျွန်းမှာ လျှပ်စစ်မီးပြတ်တောက်

မကွေးတိုင်း၊ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်တွေမှာ မိုးသက်လေပြင်းတိုက်လို့ လျှပ်စစ်ဓါတ်ဓာတ်အားပေးတိုင်တွေ ကျိုးပဲ့လဲကျကုန်တာကြောင့် လျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မတ် ၂၁ ရက် မနေ့ ညနေ ၃ နာရီလောက်က မိုးလေပြင်းထန်စွာတိုက်ခတ်ခဲ့တာဖြစ်ပြီး စလင်းမြို့နယ်၊ ကူတိုရွာ အနောက်ဘက်က  စလင်း - ပွင့်ဖြူ ၃၃ ကေဗွီ(စလင်း) ဓါတ်အားလိုင်း ကွန်ကရစ်တိုင် ၈ တိုင် ကျိုးပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်တာလို့ ဆိုပါတယ်။

“ဓါတ်အားတိုင်တွေက မြေပြင်ပေါ်ကို ကျိုးကျသွားတာပါ။ တိုင်တွေ အစားထိုး ပြင်ဆင်နေပါပြီ“လို့  လျှပ်စစ်ဌာနနဲ့  နီးစပ်သူတဦးက ပြောပါတယ်။

မိုးသက်လေပြင်းကြောင့် လူနဲ့ တိရိစ္ဆာန် ထိခိုက်မှုမရှိခဲ့ဘဲ မတ် ၂၂ ရက် ဒီကနေ့မှာ ဓါတ်အားတိုင်တွေ အသစ်ပြန်လည်တပ်ဆင်နေပေမယ့် ညပိုင်းအထိ လျှပ်စစ်ဓါတ်အား ပြန်ရ၊ မရကိုတော့ တိကျစွာမသိရသေးဘူးလို့ ဆိုပါတယ်။

ပုံစာ - ပျက်စီးသွားသည့် လျှပ်စစ်ဓါတ်အားတိုင်များ။

ဓါတ်ပုံ - Khant  Ko Ko Aung လူမှုကွန်ယက်စာမျက်နာက ကူးယူဖော်ပြသည်။

#မြေလတ်အသံ

#မကွေး #စာလင်း #မိုးသက်လေပြင်း #ဓါတ်အားပေးတိုင် #မီးပြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10