မြိုင်မှာ စစ်ကောင်စီရှေ့ပြေးခြေလျင်တပ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုများဟုဆို

မြိုင်မှာ စစ်ကောင်စီရှေ့ပြေးခြေလျင်တပ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုများဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့မှ Well-2 ရေနံမြေစခန်းကို စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းရဲ့ ရှေ့ပြေးခြေလျင်တပ်သားတွေကို ကိုင်းတောမရဲစခန်းနဲ့ Well-2 ရေနံမြေစခန်းအကြား ဒေသခံကာကွယ်ရေးတပ်တွေက မိုင်း ၁၅ လုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ခြေလျင်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေကို မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနဲ့ Well-2 ရေနံမြေစခန်းအကြား ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၃ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ဗိုလ်လက်ယာက ပြောပါတယ်။
 
"သူတို့ဖြန့်ထွက်လာတာမှာ ကျနော်တို့ဆင်ထားတဲ့မိုင်းတွေအပေါ်အရောက်မှာ ဆွဲလိုက်တာ၊ သေဆုံး ၂၀ လောက်ရှိတယ်၊ မိုင်းထိလို့ ဖောကား‌ ၃ စီးလောက်နဲ့ လာသယ်သွားတယ်၊ ပခုက္ကူ တပ်မ ၁၀၁ ထဲက ဖောကား ၆ စီးနဲ့ထွက်လာတဲ့ စစ်သားတွေ" လို့ ဗိုလ်လက်ယာက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တပ်ခွဲ-၁၊ တပ်ခွဲ -၄( စင်္ကြာ) ၊ မုန်တိုင်းတပ်ဖွဲ့ နဲ့ MUGDF တပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ဆို့ပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်ကလည်း မြိုင်မြို့နယ်၊ တွင်းမကျေးရွာအနား ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့က Drone နဲ့ ဗုံးကြဲခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
 
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10