ယင်းမာပင်က စစ်ရှောင်တွေကို ရေဓာတ်ပြည့်ဝဖို့ ဓာတ်ဆားထုပ် ၃၀၀၀ ကျော် ထောက်ပံ့

ယင်းမာပင်က စစ်ရှောင်တွေကို ရေဓာတ်ပြည့်ဝဖို့ ဓာတ်ဆားထုပ် ၃၀၀၀ ကျော် ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ရှောင်နေရတဲ့ပြည်သူတွေအတွက် ကျန်းမာရေးအထောက်အကူဖြစ်စေဖို့ ဓာတ်ဆားထုပ်တွေကို မေ ၂ ရက်မှာ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဆီက သိရပါတယ်။

ယင်းမာပင်မြို့နယ်ရှိ စစ်ရှောင်စခန်း ၄ နေရာမှ စစ်ရှောင်ပြည်သူတွေကို ၁ ဦးလျှင် ဓာတ်ဆား ၃ ထုပ်နှုန်းနဲ့ ၁၀၉၉ ဦးအတွက် စုစုပေါင်း ၃၂၉၇ ထုပ် ထောက်ပံ့ပေးခဲ့ပြီးငွေကျပ် ၁၃ သိန်းကျော် (၁၃၉၂၀၀၀ ကျပ်) ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

"ကလေးတွေဆိုရင် အပူဖုတွေ၊ မျက်စိနာတာတွေ ဖျားနာတာတွေဖြစ်ကြတယ်။ လူကြီးတွေမှာ မူးဝေတာ အဖြစ်များနေပါတယ်။ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဖို့ ဓာတ်ဆားတွေ မျှဝေပေးခဲ့တာ"လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ခေါင်းဆောင် မဖူးပွင့်ဝေက ပြောပါတယ်။

ယင်းမာပင်နယ်အတွင်း နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက်ထိ အပူချိန်မြင့်မားနေပြီး စစ်ရှောင်ပြည်သူတွေမှာ ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေးချို့တဲ့နေကြကာ ဆေးဝါးနဲ့ ကုသဖို့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ရှောင်ပြည်သူများကို မေလ ၂ ရက်နေ့က ဓာတ်ဆားထုပ်များမျှဝေပေးနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ရှောင်ပြည်သူ # ကျန်းမာရေးချို့တဲ့ #ထောက်ပံ့ #အညာပစ်တိုင်းထောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10