လက်ပံတန်းမြို့အထွက်က စစ်တပ်စစ်ဆေးရေးဂိတ် စီးနင်းပစ်ခတ်ခံရ

လက်ပံတန်းမြို့အထွက်က စစ်တပ်စစ်ဆေးရေးဂိတ် စီးနင်းပစ်ခတ်ခံရ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့၊ ကွမ်းခြံကျေးရွာ၊ ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်တာတွေရှိခဲ့တယ်လို့ Myanmar Defense Force ဆီက သိရပါတယ်။

မေ ၇ ရက် ည ၁၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ရှိနေတဲ့ အဲ့ဒီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် ရဲဘော်တွေဘက်က အသာစီးယူကာ ပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“**တွေဘက် အကျရှုံးကတော့ ၃ ယောက်လောက်ရှိလိမ့်မယ် သေချာတယ်။ သေတဲ့သူတွေကို ညတွင်းချင်း အလောင်းဖျောက်ပြီး အစားထိုးထည့်ထားတယ်လို့လည်း ကြားတယ်။”လို့ Myanmar Defense Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအရေအတွက်နဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။ 

ဒါ့အပြင် ပစ်ခတ်နေချိန်မှာ အရပ်သားပြည်သူကားတွေနဲ့ ခရီးသွားကားကြီးတွေ ဆက်တိုက်ဆိုသလို ဖြတ်သန်းနေတာကြောင့် စခန်းစီးနင်းတိုက်ခိုက်မှုမှာ အသာစီးရခဲ့ပေမယ့် ပြည်သူထိမှန်မှာ စိုးရိမ်တဲ့အတွက် အချိန်တိုအတွင်းမှာ ပြန်ဆုတ်ခွာပေးခဲ့ကြရတယ်လို့ အထက်ပါသတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“စတိုက်ပွဲဖြစ်တဲ့ချိန် ကျနော်တို့က ဘန်ကာတွေအကုန်လုံးကို ပစ်နေပြီ။ အဲ့ချိန်မှာ ကား ၂ စီးက မကြားတာလားတော့မသိဘူး။ ပစ်နေတဲ့အထဲကို ဝင်လာတယ်။ အဲ့မှာ ကျနော်တို့က အပစ်ခဏ ရပ်ပေးရတယ်။ ပြီးရင်ပြန်ပစ်တယ်။ ခဏခဏကျတော့ ကျနော်တို့ဘက်က အဆင်မပြေတော့ဘူး။ အဲ့တော့ တိုက်ပွဲအချိန်ခဏလေးနဲ့ ပြန်ဆုတ်ပေးလိုက်ရတော့တာ။”လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း၂၊ တပ်ခွဲ ၂၊ ၃၊ ၆၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း ၃ Myanmar Defense Force တို့ ပူပေါင်းလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ကျွန်းကလေးရွာ ရဲစခန်းကနေ ညတွင်းချင်း စစ်ကူရောက်လာကာ ကွမ်းခြံ စစ်ဆေးရေးဂိတ်မှာ အင်အား ၃၀ နီးပါးထပ်ဖြည့်ထားပြီး ထိခိုက်ဒဏ်ရာရတပ်သားတွေကိုတော့ လက်ပံတန်းဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။ 

ပုံစာ - Myanmar Defense Force အဖွဲ့ဝင် ရဲဘော်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #ကွမ်းခြံကျေးရွာ #စစ်ကောင်စီစစ်ဆေးရေးဂိတ် #ပစ်ခတ် #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10