လယ်ဝေးရဲစခန်းလုံခြုံရေးဂိတ် ဗုံးပစ်ခံရပြီး ရဲ ၃ ဦးဒဏ်ရာပြင်းထန်

လယ်ဝေးရဲစခန်းလုံခြုံရေးဂိတ် ဗုံးပစ်ခံရပြီး ရဲ ၃ ဦးဒဏ်ရာပြင်းထန်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရဲစခန်းအရှေ့မှာ ဇွန်လ ၁၂ ရက် ဒီနေ့ ညနေ ၅ နာရီခန့်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လယ်ဝေးမြို့နယ်၊ အမှတ် ၄ ရပ်ကွက်ရှိ မြို့မရဲစခန်းရှေ့၊ ရဲတပ်ဖွဲ့လုံခြုံရေးဂိတ်ကို ဆိုင်ကယ်စီး လူငယ် အမျိုးသား ၂ ဦးက ဗုံးပစ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးထိမှန်ကာ ၂ ဦးစိုးရိမ်ရတယ်လို့ လယ်ဝေးမြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။

“အဲ့ဒီဂိတ်က ရဲစခန်းရှေ့မှာလုံခြုံရေးဂိတ်ပုံစံမျိုးလောက်ပဲချထားတာ၊ စစ်တာဆေးတာတွေတော့ သိပ်မရှိဘူး။ ဆိုင်ကယ်စီးကောင်လေး ၂ ယောက်ဗုံးပစ်ပြီးပြေးသွားတာ” လို့ ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဒီကနေ့ညနေပိုင်းက လယ်ဝေးမြို့နယ်ရဲစခန်း ဗုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ကလည်း လယ်ဝေးမြို့နယ်ရှိ အေလာလေဆိပ် ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#နေပြည်တော် #လယ်ဝေး #ရဲစခန်း #လုံခြုံရေးဂိတ် #ဗုံးပစ်ခံရ #ရဲတပ်ဖွဲ့ဝင် #ဒဏ်ရာပြင်းထန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10