လူတစုရဲ့ မိုက်မဲမှုကို လူအများခံနေရတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

လူတစုရဲ့ မိုက်မဲမှုကို လူအများခံနေရတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

လူတစုရဲ့မိုက်မဲမှုကို လူအများက ခံနေကြရတယ်လို့ အာဏာသိမ်းထားတဲ့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၁ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ  မင်းအောင်လှိုင်က အခုလိုပြောဆိုလိုက်တာပါ။

အကြမ်းဖက်မှုတွေ ရှိနေတဲ့ နယ်မြေတွေမှာ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်လို့ မရကြောင်း၊  နောက်ကျကျန်ခဲ့ခြင်းအကျိုးဆက်ကို နယ်မြေခံလူထုကခံစားနေရကြောင်း၊ လူတစ်စုရဲ့ မိုက်မဲမှုကို ဒေသခံလူအများက ခံနေရကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

ဒါ့အပြင် တည်ငြိမ်အေးချမ်းတဲ့ နယ်မြေနဲ့ တည်ငြိမ်အေးချမ်းမှုမရှိတဲ့နယ်မြေတွေကို နှိုင်းယှဉ်ကြည့်ရင် တည်ငြိမ်အေးချမ်းမှုမရှိတဲ့နယ်မြေမှာ ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်သူလူ ထုရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ များစွာကွာဟနေတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးတဲ့နောက် နေရာဒေသအနှံ့အပြားမှာ ခုခံတော်လှန်တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေကြောင့် လူသန်းချီနေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။ 

တဖက်မှာလည်း ငွေကြေးဖောင်းပွမှုကြောင့် ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းနေသလို အခြေခံစားသောက်ကုန်များအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ပြည်သူလူထုအကြား ဆင်းရဲမွဲတေမှုတွေ မြင့်မားလာတာကို တွေ့ရပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီ #ဥက္ကဌ #မင်းအောင်လှိုင် #အစည်းအဝေး #ပြောဆိုမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10