သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်နှောင့်ယှက်တဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်တယ်လို့ NUG ဆို

သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်နှောင့်ယှက်တဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်တယ်လို့ NUG ဆို

သတင်းမီဒီယာတွေကို ခြိမ်းခြောက်နှောင့်ယှက်တဲ့ မည့်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာဆန့်ကျင်ပြီး အဲဒီလုပ်ရပ်တွေ ပပျောက်သွားဖို့နဲ့ သတင်းသမားတွေကိုကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပြောဆိုပါတယ်။

NUG ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်ကို ယနေ့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့လည်းဖြစ်ပြီး ဒီနေ့မှာပဲ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လာတာပါ။

စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာဆိုင်ရာ သဘောထားထုတ်ပြန်ချက်မှာ အချက် ၈ ချက်ပါဝင်ပြီး ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများ အပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သတင်းမီဒီယာတွေ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံတာ၊ သတင်းမီဒီယာတွေရဲ့ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမယ့် ကန့်သတ် တားဆီး ချုပ်ခြယ်မှု မှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထုတ်ပြချက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံတာ၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်တာနဲ့ သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ ဆိုပါတယ်။

NUG ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဥက္ကဌ နန်းဖော့ဂေ က ကောင်းမွန်တယ်လို့ ဆိုပါတယ်။

"NUG အနေနဲ့ သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက် ထုတ်ပြန်တာ ကောင်းပါတယ်။ ဒီရပ်တည်ချက်ထဲမှာပါတဲ့ အချက်တွေအတိုင်း မြန်မာနိုင်ငံက မီဒီယာတွေကို ထောက်ခံအားပေးမှု၊ သတင်းလွတ်လပ်ခွင့်အတွက် ဝိုင်းဝန်းကြိုးပမ်းပေးမှုနဲ့ သတင်းသမားတွေအတွက် လက်တွေ့ကျတဲ့ အကာအကွယ်ပေးမှုတွေလည်း လုပ်ဆောင်သွားစေချင်ပါတယ်။" လို့ တိုက်တွန်းပြောဆိုပါတယ်။ 

မြေပြင်မှာရှိတဲ့ သတင်းဌာနအချို့နဲ့ သတင်းထောက်အချို့ရဲ့ ရင်ဆိုင်ကြုံတွေမှုအခြေအနေတွေအရတော့ NUG ရဲ့ ပအဖ၊ ပကဖနဲ့ ပလဖ အဖွဲ့အစည်းတချို့ဆီမှာ သတင်းရယူတဲ့အခါ ကန့်သတ်ခံရတာ၊ ခြိမ်းခြောက်ခံရတာတွေနဲ့ တခြား ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းအချို့ကလည်း သတင်းဖော်ပြမှုတွေနဲ့ပတ်သက်ပြီး သတင်းဖော်ပြတဲ့ သတင်းဌာနတွေနဲ့ သတင်းရေးသားတဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်တာ သတင်းမေးမြန်းခွင့်ကန့်သတ်တာတွေ ရှိနေတယ်လို့ သတင်းမီဒီယာသမားအချို့က ပြောဆိုပါတယ်။

#မြေလတ်အသံ

#ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ #သတင်းမီဒီယာ #လွတ်လပ်ခွင့် #NUG #သတင်းသမား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10