အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီစက်လှေ ရေမြှုပ်မိုင်းဆွဲခံရ

အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီစက်လှေ ရေမြှုပ်မိုင်းဆွဲခံရ

ပဲခူးတိုင်းတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အင်အားဖြည့်ဖို့ စက်လှေတွေနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့ ရေမြှပ်မိုင်းနဲ့ တိုက်ခိုက်ခံလိုက်ရပါတယ်။

ဇန်နဝါရီလ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်မှာ မန်ကျည်းပင်စက်လှေဂိတ်ကနေ တောင်ညိုဆည်အတွင်း ရေလမ်းအတိုင်း အင်အား ၁၀၀ ကျော် စက်လှေ ၃ စီးနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့ကိုသာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ က တပ်ခွဲ ၄ခု ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF တာဝန်ရှိသူက ပြောပါတယ်။

"စကစ ဘက်က လောလောဆယ်မှာ အင်အားဖြည့်နေကြတယ်။ သူတို့က ရေလမ်းကြောင်းကို သုံးပြီးတော့လာတာ။ အဲဒါကို သတင်းရလို့ ရေမြှပ်မိုင်းထောင်ပြီး မိုင်းခွဲတာပါ။ မိုင်းခွဲခံရတော့ရှေ့ဆက်မတက်တော့ဘဲ နောက်ပြန်လှည်သွားတယ်"လို့ပြောပါတယ်။

စစ်ကောင်စီစက်လှေ မိုင်းဆွဲခံရလို့ ထိခိုက်မှုရှိနိုင်ပြီး ထိခိုက်ဒဏ်ရာရမှုအခြေနေကိုတော့မသိရဘူးလို့ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့ပေမယ့်  တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်တာမရှိဘူးလို့  သိရပါတယ်။

ဇန်နဝါရီ ၂၇ရက်က စစ်ကြာင်းထိုးဖို့လာတဲ့ စစ်ကောင်စီတပ်ကို ပျဉ်းမခေါင်ကျေးရွာအနီး ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

အဲ့ဒီအပြင်ဇန်နဝါရီ ၂၆ ရက်ကလည်း မန်းကျည်းပင်စက်လှေဂိတ်က တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10