အရာတော်မှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

အရာတော်မှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

စစ်ကိုင်တိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဇန်နဝါရီလ ၂၇ ရက်မနေ့ကညနေပိုင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

သလဲဘာကျေးရွာဟာ ပျူစောထီးအများစုနေတဲ့ရွာ ဖြစ်သလို စစ်ကောင်စီတပ်တွေကလည်း အင်အား ၃၀ နီးပါးနဲ့ တပ်စွဲနေရာ အဲ့ဒီနေရာကို ညနေ ၆ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်မှ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။ 

“အစကတော့ နယ်မြေခံတပ်ရင်းတွေ တိုက်ခိုက်နေတာ၊ ကျနော်တို့က အခြားစစ်ဆင်ရေးတခုမှာ ရောက်နေတော့ အစောပိုင်းမှာ မပါလိုက်ဘူး။ ညနေပိုင်းမှာ ကျနော်တို့ကို တပ်ကူခေါ်တယ်။ ကျနော်တို့အင်အားစုပြီး အမြန်သွားရောက်ခဲ့တယ်။ ဘန်ကာတွေကို RPG နဲ့ ပစ်တယ်။ စက်ကလေးတွေနဲ့ ပစ်တယ်။ သေတဲ့သူတွေလည်း သေတယ်။ မီးလောင်တာတွေလည်း အများကြီးပါ။ ထွက်ပြေးတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်၊ GTR၊ ကိုမိုးကြိုးအဖွဲ့နဲ့ ကိုရန်နောင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

ညနေ ၆ နာရီလောက်ကနေ ည ၁၁ နာရီခွဲလောက်ထိ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သားနဲ့ ပျူစောထီး ဆယ်ဂဏန်းလောက် သေဆုံးကာ လက်ပစ်ဗုံး ၂ လုံးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ခန့်မှန်းပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

အလားတူ ဇန်နဝါရီလ ၂၅ ရက်ကလည်း စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကနေ မိုင်းရှင်းထွက်လာတဲ့ စစ်သားတွေကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်အဖွဲ့က မြင်းမူမြို့နယ်၊ နတ်ခရိုင်နဲ့ လယ်ကြီးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10