အုပ်ချုပ်ရေးမှူးရုံးထဲကို PDF က ဝင်ပစ်လို့ ရာအိမ်မှူးတဦးသေဆုံး

အုပ်ချုပ်ရေးမှူးရုံးထဲကို PDF က ဝင်ပစ်လို့ ရာအိမ်မှူးတဦးသေဆုံး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့  No More Dictatorship People Defence Force - NMD တာဝန်ခံဆီက သိရပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ ခိုင်ရွှေဝါလမ်း၊ ၆၈ လမ်းနဲ့ ၆၉ လမ်းကြားရှိ မြို့သစ်အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းကို ဇန်နဝါရီ ၃၀ ရက် မနေ့ကနေ့လယ် ၂ နာရီလောက်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုကြောင့် ရပ်ကွက်ရာအိမ်မှူး အသက် ၃၀ အရွယ် ကိုစည်သူဝင်း သေနတ် ၅ ချက်ထိမှန် သေဆုံးပြီး နောက်ထပ်အမျိုးသားတဦး ကျည် ၂ ချက်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ 

“ရုံးထဲ တဦးထဲဝင်ပြီး ဝင်ဝင်ချင်းတန်းပစ်တာ ရာအိမ်မှူးကတော့ ဦးခေါင်းထိပြီး ပွဲချင်းပြီးသေတယ်။ ကျန်တကောင်ကတော့ ဘယ်ထိမှန်းမသိဘူး ထွက်ပြေးသွားတယ်” လို့ NMD အဖွဲ့တာဝန်ခံ ကိုချာလီက ပြောပါတယ်။

အလောင်းနဲ့ ဒဏ်ရာရသူကို ဘယ်ကိုသယ်သွားတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

ရာအိမ်မှူးနဲ့အဖွဲ့ဟာ ရုံးအတွင်း သန်းခေါင်စာရင်း အကြောင်းပြကာ ပြည်သူတွေကို စစ်မှုထမ်းဖို့ စာရင်းလုပ်နေချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေတဲ့ဘယ်သူမဆို သန်းခေါင်စာရင်း‌ကောက်ယူရေးမှာ ပါဝင်ပါက သုတ်သင်သွားမယ်လို့လည်း NMD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို No More Dictatorship People Defence Force-NMD နဲ့ ရွှေတောင်ပံစစ်ဆင်ရေး (မန္တလေး) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ရှိ ပျူစောထီးအားကောင်းတဲ့ ရွာသာယာရွာကို NMD အဖွဲ့က ရော့ကက်ဒုံး အလုံး ၂၀ နဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ချမ်းမြသာစည် #အုပ်ချုပ်ရေးမှူး #ပစ်ခတ် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10