အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် အဖမ်းခံရသူ ၃ ဦး မိသားစုနဲ့အဆက်ပြတ်နေ

အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် အဖမ်းခံရသူ ၃ ဦး မိသားစုနဲ့အဆက်ပြတ်နေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်တပ်ကဖမ်းဆီးသွားတဲ့ ရွာသား ၃ ဦး မတ် ၃၁ ရက် ဒီနေ့အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘဲ အဆက်ပြတ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရုံးချောင်းအုပ်စု အုပ်ချုပ်‌ရေးမှူးကို မတ် ၂၄ ရက်ည ၈ နာရီလောက်မှာ BTZM GBK PDF တပ်ဖွဲ့က နေအိမ်မှာဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ 

အဲ့ဒီနောက် မတ် ၂၆ ရက်မနက်မှာ ရုံးချောင်းအုပ်စု၊ ရုံးချောင်းရွာသားတွေဖြစ်တဲ့ အသက် ၆၀ နှစ်ဝန်းကျင် ဦးမောင်မောင်သန်း၊ အသက် ၃၅ နှစ်အရွယ် ကိုမင်းမင်းအောင်နဲ့ ရုံးချောင်းအုပ်စု၊ သခွတ်ပင်ရွာ၊ အင်တိုင်းကွက်သစ်က အသက် ၆၀ အရွယ် ဦးကုလားကြီးတို့ကို အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကနေ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

“ကြို့ပင်ကောက်မြို့ကိုခေါ်သွားပြီး ဘယ်မှာဆိုတာ သတင်းမကြားရတော့ဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူ ၃ ဦးဟာ တော်လှန်‌ရေးအဖွဲ့အစည်းတွေနဲ့လည်း အဆက်အသွယ်မရှိသလို အေးဆေးနေသူတွေ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

လက်ရှိအချိန်ထိ သူတို့ ၃ ဦးကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာနဲ့ နောက်ဆက်တွဲအခြေအနေကို မသိရှိသေးတာကြောင့် မိသားစုတွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။ 

ကြို့ပင်ကောက်အခြေစိုက် BTZM GBK PDF ရဲ့ တပ်ဖွဲ့ဝင်တဦးကတော့ “ဒီကောင်တွေ(စစ်တပ်) ဘာမှ မဆိုင်တဲ့ ပြည်သူတွေကို လိုသလို ဥပဒေတပ်ဖမ်းပြီး မင်းအောင်လှိုင်အလိုကျ လုပ်ဆောင်ပေးနေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ ရက်ညကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ လှည်းပြင်တင်အုပ်စု ဘုရားကွင်း - အင်တောသာရွာကနေ စစ်အုပ်စုကဖမ်းဆီးခဲ့တဲ့ ကိုဇော်ထိုက်ကို မတ် ၂၇ ရက် မနက်က ဘုရားကွင်းရွာအနီးမှာ ဦးခေါင်းနောက်စိပွင့်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ရုံးချောင်းအုပ်စု #ဖမ်းဆီးခံရွာသား #တွေ့ခွင့်မရ #အဆက်ပြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10