MEC ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ညိုစောကို စစ်ခေါင်းဆောင်ရဲ့အကြံပေးအဖြစ် ခန့်

MEC ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ညိုစောကို စစ်ခေါင်းဆောင်ရဲ့အကြံပေးအဖြစ် ခန့်

စစ်တပ်ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ညိုစော ကို စစ်ကောင်စီဥက္ကဌရဲ့အကြံပေးပုဂ္ဂိုလ် အဖြစ်ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

 

စစ်ထောက်ချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး ညိုစော ဟာ စစ်ခေါင်းဆောင်ရဲ့ယုံကြည်ရသူတဦးဖြစ်ပြီး သူ့ကို စစ်ကောင်စီဥက္ကဌရဲ့အကြံပေးဖြစ်သလို ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

 

ဒုဗိုလ်ချုပ်ကြီး ညိုစော ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၃ ဆင်း စစ်ဗိုလ်ချုပ်တဦးဖြစ်ပြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ စစ်တိုင်းမှူးတာဝန်တွေကို ရယူခဲ့ပြီးနောက်  စစ်တပ်ကာကွယ်ရေးဘတ်ဂျက်တွေကို အများဆုံးအသုံးပြုတဲ့စစ်ရုံးတခုဖြစ်တဲ့ စစ်ထောက်ချုပ်ရုံးရဲ့ စစ်ထောက်ချုပ်တဦး ဖြစ်လာတာပါ။

 

စစ်ထောက်ချုပ်ရာထူးက အနားယူခဲ့ပြီးနောက် စစ်တပ်ရဲ့ အဓိကစီးပွားရေ လုပ်ငန်းတွေဖြစ်တဲ့ MEC ဥက္ကဌ အဖြစ်တာဝန်ယူခဲ့သလို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ ထိပ်ပိုင်းတာ ဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီ ဖွဲ့စည်းခဲ့တဲ့ ရုရှားနိုင်ငံမှ စက်သုံးဆီများ တင်သွင်းဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှာလည်း ဒုဗိုလ်ချုပ်ကြီး ညိုစောကို ဥက္ကဌအဖြစ်ခန့်အပ်ခဲ့ပါတယ်။

 

ပုံစာ - စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်အတူတွေ့ရသည့် ဒုဗိုလ်ချုပ်ကြီး ညိုစော။

 

#မြေလတ်အသံ

#စစ်ကောင်စီ #ဥက္ကဌ #အကြံပေးပုဂ္ဂိုလ် #ဒုဗိုလ်ချုပ်ကြီး #ညိုစော

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10