PDF စခန်းတခုမှာ ရေရှားလို့ အသွားအပြန် သုံးမိုင်အထိသွားကာ ရေချိုးနေရ

PDF စခန်းတခုမှာ ရေရှားလို့ အသွားအပြန် သုံးမိုင်အထိသွားကာ ရေချိုးနေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်ကြားမှာ အခြေစိုက်တဲ့ PDF စခန်းတခုဟာ ရေရှားပါးမှုနဲ့ ကြုံနေရတယ်လို့  ယင်းမာပင်ခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃၊ Triple Revolution ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မီးဖိုဆောင်သုံးရေကို အသွားအပြန် တမိုင်အကွာက ရေတွင်းမှာ ခပ်ယူရပြီး ရေချိုးရန်အတွက်တော့ အသွားအပြန် သုံးမိုင်အကွာက ရေကန်ကို သွားရောက်ရတယ်လို့ ဆိုပါတယ်။

”တခါတလေ တိုက်ပွဲပြန်လာလို့ အရမ်းပင်ပန်းရင်တော့ ဆိုင်ကယ်နဲ့ သွားချိုးခိုင်းတယ်။ ကျန်တဲ့  ရဲဘော်တွေကတော့ ဆီဖိုးက မိုးထိအောင် ထောင်တက်နေတော့ ခြေလျင်သွားချိုးရတယ်။ လေ့ကျင့်ပြီးသား ရတာပေါ့“ လို့  T R I P L E - R ရဲ့ တာဝန်ခံရဲဘော် Yar Ma က ပြောပါတယ်။

မီးဖိုဆောင်သုံးရေကိုတော့ ပလပ်စတစ်ပုံးတွေကို အသုံးပြုကာ ဆိုင်ကယ်နဲ့ သယ်ယူရတယ်လို့ သူကဆက်ပြောပါတယ်။

သောက်‌ရေကိုတော့ စခန်းအနီးမှာ တပ်ဖွဲ့ဝင်တွေ တူးထားတဲ့ ပေ ၃၀ အနက်လောက်ရှိတဲ့ ရေတွင်း (ဒေသအခေါ် လက်ထောင်းတွင်း)က‌ ရေကို အသုံးပြုရတယ်လို့ သူကဆက်ပြောပါတယ်။ 

တပ်ဖွဲ့မှာ အသုံးပြုမယ့် ရေရဖို့ စခန်းအနီးက ချောင်းမှာ ရေတူးဖော်ပေမယ့် ရေမရတာကြောင့် အဲဒီစခန်းဟာ နှစ်စဉ် မတ်လကစကာ ရေရှားပါးလေ့ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ T R I P L E - R တပ်ဖွဲ့ဝင် အချို့ဟာ ကောလင်းမြို့နယ်ထဲမှာ အခြားမဟာမိတ်တွေနဲ့အတူ စစ်ကူသွားရောက်နေတယ်လို့ သိရပါတယ်။

ပုံစာ - Triple Revolution တပ်ရင်းမှ ရဲဘော်တဦး ရေခပ်နေစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲမြို့နယ် #မြိုင်မြို့နယ် #PDF #ရေရှားပါး #ယင်းမာပင်ခရိုင် #TripleRevolution

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10