PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့မပြောတော့ဘဲ လက်အောက်စစ်သားတွေ အသက်ပေးကာကွယ်ကြဖို့သာ စစ်ခေါင်းဆောင်တိုက်တွန်း (ရုပ်/သံ)

ယမန်နှစ်တွေမှာ ပြောဆိုနေကျ PDF တွေနဲ့ ထောက်ပံ့ပေးနေတဲ့ EAO တချို့ကို အမြစ်ပြတ်ချေမှုန်းမှာဖြစ်ကြောင်းကို မတ် ၂၇ရက်ကပြုလုပ်ခဲ့တဲ့ ၇၉ မြောက် တပ်မတော်နေ့မှာ ထည့်သွင်းပြောဆိုသွားတာမျိုး မရှိတာကို တွေ့ရပါတယ်။

မတ် ၂၇ရက်ကပြုလုပ်ခဲ့တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့မှာ အရင်နှစ်တွေမှာ ပြောခဲ့သလို PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့မပြောတော့ဘဲ လက်အောက်စစ်သားတွေ အသက်ပေးကာကွယ်ကြဖို့သာ စစ်ခေါင်းဆောင်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြုလုပ်တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာကျင်းပတဲ့ ၇၇ နဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ၂ နှစ်ဆက်တိုက် ထည့်သွင်းပြောဆိုခဲ့ပေမယ့် အခုနှစ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုတာမျိုး မတွေ့ရတာပါ။

#မြေလတ်အသံ

#တပ်မတော်နေ့ #စစ်ရေးပြ #မင်းအောင်လှိုင် #အခမ်းအနား #မိန့်ခွန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10