MLAT

စပါးရိတ်ပြီး ပြန်လာသူကို ပျူစောထီးတွေ သေနတ်နဲ့ ပစ်လို့ သေဆုံး

"ပျူစောထီးအဖွဲ့တွေ ရွာထဲကိုပတ်ပြီး မွှေသွားပါတယ်၊အမျိုးသမီးတွေပဲတွေ့လို့ တောင်ဘက်ကိုဆိုင်ကယ်နဲ့မောင်းသွားပါတယ်၊တောင်နားကျ စပါးရိတ်ပြန်လာတဲ့ ၁ ယောက်ကိုပစ်သတ်ခဲ့ပါတယ်၊ အဲဒီနားမှာပွဲချင်းပြီးတစ်ခါထဲကိုသေသွားပါတယ်၊အချက်ပေါင်းမနည်းပါဘူးပစ်သွားကြတာ"

ငါတို့ပြည်သူတွေအတွက် ငါတို့ရှိတယ်

ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အချိန်မီစားသောက်နိုင်ဖို့ အင်တိုက်အားတိုက် ဝိုင်းဝန်း လုပ်ကိုင်ပေးနေတာကိုမြင်ရတော့ "ငါတို့ပြည်သူတွေမှာ ငါတို့တွေရှိနေသေးတယ်" ဆိုတဲ့ စာသားလေးကို ပြေးမြင်မိပါတယ်။

ဗကသဟောင်း ကိုမင်းသွေးသစ်ကို ထောင်ဒဏ် တစ်နှစ်ချမှတ်

" ထောင်ဒဏ်ကို ၇ရက်ပဲ ချချ တစ်နှစ်ပဲချချ၊ ၁၀နှစ်ပဲ ချချ ဒါဟာ ဘယ်နည်းနဲ့မှ တရားမျှတစွာချနေတာ မဟုတ်ဘူးဆိုတာ ကျနော်တို့တင် မဟုတ်ဘူး ပြည်သူတရပ်လုံးကလည်းသိတယ်"

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်ရဲ့ ရုံးချိန်းကိုလာတဲ့ ဇနီးသည်ကို စစ်ကောင်စီထပ်မံ ဖမ်းဆီး

"ဖမ်းတာက (သာယာဝတီခရိုင်) တရားရုံးထဲမှာပဲ ဖမ်းလိုက်တာ။ လက်ရှိ ထိန်းသိမ်းထားတယ်ပဲ သိရသေးတယ်။ ဘာနဲ့ ဆွဲထားတယ် ပုဒ်မ ဘယ်လောက်လဲ မသိရသေးဘူး၊ ဖမ်းသွားတာ သူနဲ့အတူ ရုံးချိန်းလိုက်သွားတဲ့ အသိတွေက လှမ်းပြောတယ်။"

လက်နက်တီထွင်စမ်းသပ်မှုနဲ့ ထိခိုက်ဒဏ်ရာရသေဆုံးရတဲ့ ပြည်သူ့ရဲဘော်တွေ

စစ်ကောင်စီဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မြေပြင်ကသာမကဘဲ၊ နောက်ပိုင်းမှာ ဝေဟင်ကပါ အပြင်းအထန်ပြုလုပ်လာနေပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့အတွက် ဒေသတွင်း ပြည့်သူကာကွယ်ရေးအဖွဲ့တွေဟာ ယခင်နည်းဟောင်း လက်နက်များနဲ့ပြန်လည်တိုက်ခိုက် တာကနေ အသစ်သစ်သော လက်နက်ခဲယမ်းတွေကို စမ်းသပ်တီထွင်ထုတ်လုပ်လာနေကြပါပြီ။ စမ်းသပ်ဆဲကာလဖြစ်လို့ ထိခိုက်ဒဏ်ရာရမှုတွေ လိုအပ်ချက်တွေများစွာ ရှိခဲ့ပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနက မြိုင် MVRF ဥက္ကဌ ဦးအောင်ဇေယျ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဘူတာပိုင်မြေမှာ နေသူတွေမဖယ်ပေး‌ရင် အင်အားသုံးဖယ်ရှားမယ်လို့ စစ်‌ကောင်စီ စာထုတ်

"ဇီးဖြူကုန်းကိုပေးထားတဲ့စာကိုဖတ်ကြည့်တော့ ဒီဇင်ဘာ၃၁ရက်‌ နောက်ဆုံးထားပြီးဖယ်ရှားပေးရမယ်လို့အကြောင်းကြားစာထဲမှာပါတယ် ဖယ်မပေးရင်အတင်းဝင်ဖျက်မယ့်သဘောလည်းရေးထားတယ်"

အောင်လံက လွှတ်တော်ကိုယ်စားလှယ်၊ ကျောင်းဆရာအပါအဝင် ၄ ဦး၏ နေအိမ်ကို စစ်ကောင်စီချိတ်ပိတ်

မကွေးတိုင်း၊ အောင်လံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ CDM ပညာရေးဝန်ထမ်း ဆရာဦးကျော်ကျော်ဦး၊ NLD မြို့နယ် အလုပ်အမှုဆောင် ဒေါ်ဥမ္မာဌေးနဲ့ ကိုသူရနိုင် (ခေါ်) ကိုမိုင်းဆက် တို့ ၄ ဦးရဲ့ နေအိမ်တွေ စစ်ကောင်စီက ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

ရွှေဘိုနယ်မှာ မိုးစပါးအသစ်တင်းတရာကို ကျပ်ဆယ်သိန်းကျော်နဲ့‌‌ ဈေးဖွင့်

"ကျွန်တော်တို့နယ်မှာအဓိကထား စိုက်ပျိုးတာက ဘေးကြားစပါးမျိုးပါ အခြားမျိုးကွဲတွေလည်းစိုက်ပျိုးကြပါတယ် အခုရိတ်သိမ်းနေကြပါပြီပျမ်းမျှ စပါးထွက်နူန်းကတဧကကို တင်း၆၀ ဝန်းကျင်ထွက်ပါတယ်။ အခုဝယ်နေတာကစပါးတတင်းကိုကျပ် ၁၀,၅၀၀နဲ့ ၁၀,၇၀၀ကျပ်ပေးဝယ်ကြတယ်။ စပါးကောင်းရင်ကောင်းသလိုပေးဝယ်ပါတယ်"

ပုဒ်မ ၅၀၅ အမှုကို အမိန့်ချတာ မတူလို့ကျေနပ်မှုမရှိကြ

မနက်ပိုင်းမှာ အမိန့်ချတဲ့နှစ်အတိုင်း အမိန့်ချလိမ့်မယ်လို့ မိသားစုတွေက မျော်လင့်နေခဲ့တာဖြစ်ကြောင်း ပုဒ်မအတူတူချင်းကို အမိန့်ချတာချင်း မတူတဲ့အတွက် မဖြစ်သင့်ကြောင်း လိုက်ပါကူညီပေးနေသူတဦးက ဆိုပါတယ်။

သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

အာဏာသိမ်းစစ်ကောင်စီက သာယာဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားဆွဲဆိုထားမှုအား ယနေ့ နံနက်ပိုင်းက ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်လိုက်တယ်လို့ သိရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာပါဝင်သူ ၉ ဦး ထောင်ဒဏ်၂ နှစ်စီ ချခံရ

"အခုမနက်ပဲ ထောင်တရားရုံးကနေ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရသူ ၉ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်၊ အားလုံးက အုန်းနဲစမ်းရွာကပါ၊ အဲ့အထဲမှာမှ ထက်ကိုကိုလင်းဆိုတဲ့ တယောက်ကကျ ပုဒ်မ ၃၀၇နဲ့ ကပ်ခံရပြီး ၃၀၇အတွက်က ထောင်တနှစ်ချလိုက်တော့ သူက သုံးနှစ်ဖြစ်သွားတယ်"

စပါးစျေး‌ကောင်းနေပေမယ့် တောင်သူတွေမှာ ရောင်းစရာစပါးမရှိ

"ခေတ်ကပြောင်းသွားပြီ အရင်ကလို စပါးဂိုဒေါင်ထားနိုင်တဲ့ခေတ်မဟုတ်ဘူ၊း လယ်ထဲမှာတင်ထွက်သမျှစပါးအကုန်နီးပါးရောင်းကြတာ မျိုးစပါးလောက်ပဲကျန်တော့တာ ပြီးမှဆန်ဝယ်စားတယ်၊ ပေါ်စအချိန်ရောင်းတော့ အစိုဓါတ်လည်းရှိတော့ တောင်သူကလည်းသိပ်မမာနိုင်ဘူး ၆ သိန်းဝန်းကျင်လောက်နဲ့ရောင်းကြတာများတယ်"

မတ်ပဲစိုက်တောင်သူတွေ စိုက်ပျိုးရေးသုံးဆေး စျေးတက်မှုကို ရင်ဆိုင်နေရ

"အရင်နှစ်ကထက် ၅၀ ရာခိုင်နူန်းလောက် ခေါက်ချိုးတက်တယ်ပေါ့။ အရင်က တသောင်းတန်က တသောင်းရှစ်ထောင် ဖြစ်သွားတာမျိုးရှိသလို တချို့ကြတော့လည်း ကိုးထောင်တန်က တသောင်းသုံးထောင်လောက် ဖြစ်သွားတာမျိုးလည်းရှိတယ်။ အများစုကတော့ ခေါက်ချိုးတက်တာပေါ့"

နှမ်းခါးရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၇ဦးသေဆုံး

“ ပဒေသာမိုင်းအနည်းဆုံး ၉ လုံးနဲ့ဆွဲလိုက်တာပါ၊အင်အားက ၇၀ လောက်ရှိတယ်၊ သူတို့ဘက်က သေဆုံးတာ ၇ ယောက်ရှိတယ်၊”

မြေနုကျွန်းမြေရှားပါးမှုကြောင့် ခရမ်းချဥ်သီး စိုက်ပျိုးမှုနည်းပြီး စျေးကောင်း

“ဒီနှစ်လေ ခရမ်းချဥ်ကသိပ်မစိုက်ကြဘူး။ မြေကုန်းမြေမရှိတာ၊ သိပ်လည်းမစိုက်ကြဘူး တဦးနှစ်ဦးလောက်ပဲစိုက်ကြတယ်။ သိပ်လည်းမသီးဘူး၊ အထွက်နှုန်းနည်းတော့ စျေးကောင်းတာပေ့ါ၊ တခြားကျွန်းတွေမှာလည်း သိပ်မစိုက်ဘူး၊ ကုန်းအမြင့်တို့ဘာတို့မှာစိုက်ကြတယ် ကျနောတို့ဆီမှာက ရေမြုပ်ကွင်းတွေ ပဲရှိတော့တယ်၊ ကုန်းမြေတွေကိုအိမ်တွေဆောက်လိုက်ရတယ်၊ တော်တော်များများ မစိုက်ကြတော့ဘူး၊”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10