Cherry

စလင်းချောင်းရေလျှံလို့ ရွာ ၅ ရွာထက်မနည်း ဘေးလွတ်ရာ ပြောင်းရွှေ့ရ(ရုပ်/သံ)

“မနေ့နဲ့ ဒီနေ့ မိုးတအားများတာရော အထက်က ချောင်းရေကျတာရော ပေါင်းပြီးရေလျှံတာ။ အရင် မိုခါ (မုန်တိုင်း)တုန်းက ရေအဆင့်ရှိတယ်၊ ညကတည်းက ရေ တက်တာဆိုတော့ တချို့ဆို ရွေ့ချိန်ကိုမရလောက်ဘူး၊ ည ၁၀နာရီဆိုတော့ လူအိပ်ချိန်ဖြစ်နေပြီလေ၊ ဒီမနက် ထမင်းပို့ဖို့သွားတာ ရေကပေါင် အရင်းလောက်ရှိတော့ သွားမရဘူးဖြစ်နေတာ။ ရေစီးကလည်း နည်းနည်းသန်တယ်”

ကျေးရွာ ၇ ရွာကို လှည့်လည်ပြီး လူထုနိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်

“နိုင်ငံရေးဆွေးနွေးဖလှယ်ပွဲတွေလည်း လူငယ်တွေနဲ့အတူ လုပ်ခဲ့တယ်၊ လူထုကလည်း တော်လှန်ရေးအပေါ် စိတ်မကုန်သေးဘူး၊ တော်လှန်ရေးအပေါ် အားတင်းထားတယ်ဆိုတဲ့ အကြောင်းတွေ ပြန်ကြားရတယ်၊ ကလေးတွေကတော့ ရုပ်ရှင်ပြတဲ့အချိန် ပါတာပေါ့၊ သူတို့ကိုတော့ ပညာရေးပိုင်းဆိုင်ရာတွေ လူအခွင့်ရေးပိုင်းဆိုင်ရာတွေ ပြောပေးရတယ်။”လို့ ရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုသက်ဦး က ပြောပါတယ်။

သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဖက်က ၁၅ ဦးသေ၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်အပါ လက်နက်အများအပြားရ

“ပထမနေ့က စခန်းတဝက်သိမ်းနိုင်တယ်၊ မနေ့က မနက်ကျ စစ်ကူ ၁၀၀ နီးပါးတက်လာချိန် ကြားဖြတ်တိုက်တာ ၆ ကောင်ထပ်ကျတယ်။ စစ်ကူထပ်လာတာ လမ်းမှာတင် ပစ်ခံရပြီး ပြန်ဆုတ်တာ၊ သေတဲ့အထဲ အကောင်ကြီးလည်း ပါတယ်ကြားတယ်"

ကျောက်ကြီးမှာ ၂ ရက်ဆက်တိုက် လေကြောင်းကြဲလို့ ပြည်သူ ၅ထောင်ကျော် ထွက်ပြေးနေရ

၂ ရက်ဆက်တိုက် လေကြောင်းနဲ့ ပစ်ခတ်လို့ သစ်ချဆိပ်၊ ဖိုးသောစု၊ မျက်ရဲ(ကရင်)၊ မျက်ရဲ(ဗမာ)၊ တိုင်ပင်၊ ကျွန်းကုန်း၊ ဥသျှစ်ခင်၊ ငလောက်တက် စတဲ့ကျေးရွာ ၈ ရွာက ပြည်သူ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ငွေမဲစက္ကူ ၂ သောင်းတန် အသုံးမပြုရေး ကန့်ကွက်ဆန္ဒပြ

“ငွေမဲစက္ကူ ဖြစ်နေတဲ့အတွက် အသုံးမပြုအောင်လို့ ကန့်ကွက်တဲ့ သဘောအနေနဲ့ လုပ်ဖြစ်ခဲ့တာ၊ ပြည်သူတွေကို လုံးဝအသုံးမပြုဖို့ လှုံ့ဆော်ပေးတဲ့သဘောပါ၊ ၂ သောင်းတန် စက္ကူငွေ ထွက်လာခဲ့ရင်လည်း အသုံးမပြုကြဖို့ တိုက်တွန်းချင်ပါတယ်။" လို့ ဆားလင်းကြီး ပကဖ အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ကျပ် ၂ သောင်းတန် လက်ထဲမရောက်ရေး ဆုတောင်းနေရတဲ့ အညာပြည်သူတွေ

နည်းလမ်းမျိုးစုံနဲ့ ရောက်လာနိုင်တဲ့ ကျပ် ၂ သောင်းတန်ငွေစက္ကူကို ဒေသခံပြည်သူတွေက လက်မခံပါကလည်း စစ်ကောင်စီဘက်က အန္တရာယ်ပေးနိုင်သလို လက်ဝယ်ထားရှိပါကလည်း PDF တွေရဲ့ အရေးယူမှုကို ခံရနိုင်တာကြောင့် ဒီအခြေအနေဟာ ဒေသခံပြည်သူကို အင်မတန် အကြပ်ရိုက်စေတဲ့ အနေအထားဖြစ်စေတယ် လို့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်အင်အားစုမှ ရဲဘော် ကိုစနေက ပြောပါတယ်။

အညာဒေသက ကျောင်းသားလက်ရုံးတပ် အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို AA တာဝန်ရှိသူတွေ တက်ရောက်

“အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲက ပထမဆုံးအကြိမ်ပါဗျ။ သင်တန်းလေ့ကျင့်ရေး ကြမ်းတမ်းမှုကြောင့် ရဲဘော် ၂ ဦး ဆေးနားသွားရတယ်။ ကျနော်တို့လှုပ်ရှားတဲ့ စစ်ဒေသတွေမှာ မဟာဗျူဟာမြောက်တိုက်ပွဲတွေ ဖော်ဆောင်ဖို့ကို အဓိကထားလုပ်ဆောင်သွားမှာပါ " လို့ ကျောင်းသားလက်ရုံးတပ်တော် တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

နိုင်ကျဉ်းတချို့နဲ့ အဖမ်းခံရသူတွေကို စစ်ကြောင်းထိုးရာမှာ စစ်ကောင်စီက အသုံးပြု

“သေဒဏ်ကျထားတဲ့ ၄ ယောက်မှာ အမျိုးသမီးကတော့ ကျန်ထားခဲ့တယ်။ ကျန်တဲ့ ၃ ယောက်ကတော့ စစ်ကြောင်းထဲ ပါသွားတယ်။ အဖမ်းခံရပြီး စစ်ကြောင်းထဲ ထည့်ပေးလိုက်တာတော့ရှိတယ်၊ ပြစ်ဒဏ်ကျပြီးမှ စစ်ကြောင်းထဲထည့်တာတော့ ဒါပထမဆုံးပဲ။ ဖမ်းခံရတာက အများကြီး၊ ထောင်ထဲရောက်တာက နည်းနည်းလေးရယ်” လို့ အင်းတော်ဒေသခံတဦး က ပြောပါတယ်။

စစ်တပ်ထုတ်ကုန် ဝင်ငွေလျှော့ချရေး ကမ်ပိန်း

ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲအဖြစ် ဩဂုတ်လကနေ စပြီး ၂ လအတွင်း စစ်တပ်ပိုင် ဘီယာ ၆ မျိုးနဲ့ ဆေးလိပ် ၂ မျိုးရဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ပိတ်ဆို့ဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ပါဝင်ပေးကြဖို့ သပိတ်အင်အားစုတွေက တောင်းဆိုထားပါတယ်။

အင်းတော်က ၂ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးနဲ့ ABSDF ရဲဘော် ၁ ဦးသေဆုံး

“စစ်ကောင်စီဘက်က ပထမဆုံးနေ့မှာ အင်းတော်ကို သေတဲ့ ၂ ယောက်ပို့တယ်။ မနေ့(သြဂုတ် ၂၈)ကတော့ အနည်းဆုံး ၆ ယောက်လောက်သေတယ်၊ ဒဏ်ရာရတွေလည်း အများကြီးပဲ၊ မိုင်းတွေလည်း မိထားတာ၊ ကိုယ့်ဘက်ကျတာက ရန်သူရဲ့ ရှေ့ပွိုင့်တွေက အများကြီးကျတော့ လက်နက် သွားကောက်တာမှာ နောက်က ငါးကြင်းမြီး (စက်လတ်)နဲ့ ဆွဲလို့ ထိသွားတာ။”

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆီဘောက်ဆာတွဲကား တိမ်းမှောက်ပြီးမီးလောင်လို့ ယာဉ်မောင်းသေဆုံး

“ ဆီဂါလံ ၈၀၀၀ ကျော်မယ်ထင်တယ် ဘောက်ဆာတွဲကားက တော်တော်ကြီးတယ်။၊ ၂ နာရီလောက် မီးငြှိမ်းလိုက်ရတယ်၊ ကားကတော်တော်ဆိုးဆိုးကို လောင်သွားတာဆိုတော့ အလောင်းကတော့ တွေ့၊ မတွေ့ မသေချာဘူး”

မကွေး ခမရ ၃၀၁ နဲ့  ၃၁၇ တပ်ရင်းမှူးတွေ အမိန့်ဖီဆန်မှု၊ တာဝန်ရှိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ

တပ်မ ၈၈ ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်အတွင်းမှာ ခမရ ၃၀၁ ယာယီ တပ်ရင်းမှူး စစ်တက္ကသိုလ်အပတ်စဉ် ၄၆ ဆင်း ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ဇေယျာထွန်း ဟာ စစ်ခေါင်းဆောင်တွေရဲ့ စစ်ရေးအမိန့်ညွှန်ကြားမှုကိုဖီဆန်ခဲ့လို့ ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းအတွင်း ပြီးခဲ့တဲ့ဇွန်လက ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ထောင်အနှစ် ၂၀ ချမှတ်ခံခဲ့ရတယ်လို့ CDM တပ်မတော်သားတွေနဲ့စုဖွဲ့ထားတဲ့ ပြည်သူ့ပန်းတိုင် - People's Goal က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ထုတ်ကုန် ဝင်ငွေ ၇၀ ရာခိုင်နှုန်း လျော့ချရေး အညာက မြို့နယ် ၂၀ ကျော်မှာ ကမ်ပိန်းပြုလုပ်

“နယ်တွေမှာဆို စစ်တပ်ထုတ်ကုန်က မရှိသလောက်နီးပါးကို ရှားနေပြီ၊ ပြည်သူလူထုကလည်း အားမပေးကြဘူး၊ ဈေးဆိုင်တွေက မတင်ဘူးဆို ဒီပစ္စည်းတွေက ပြည်သူဆီ ရောက်မှာမဟုတ်တော့ ဈေးဆိုင်တွေကို အဓိကထားပြီးတော့ ဖြန့်နေတယ်၊ မြို့နယ်ပေါင်း ၂၀ကျော်မှာ စနေပြီ။”

စစ်ကြောင်းဝင်သွားတဲ့ရွာကို နယ်မြေရှင်းလင်းရေးဝင်ချိန် ခေါင်းမပါတဲ့ ရဲဘော်အလောင်း ၅လောင်းတွေ့

“ကျေးရွာဘုန်းကြီးကျောင်းရဲ့ မြောက်ဘက် အုတ်တံတားဘေးမှာ သတ်ဖြတ်ထားခဲ့တယ်။ ၅ ယောက်လုံးက အရှင်ဖမ်းခံရပြီးမှ သတ်ဖြတ်ခံရတာ။ သေနတ်ဒဏ်ရာ မတွေ့ဘူး။ ခေါင်းတွေပဲ အကုန်ဖြတ်သွားတယ်။ ခေါင်းတခြား ကိုယ်တခြားပေါ့။ ခေါင်းတွေကတော့ တန်းစီထားခဲ့တာ။”

မင်းတုန်းမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့  အနည်းဆုံး ၁၅ ဦးသေ

“ကျနော်တို့က မိုင်းဆွဲတော့ စကစဘက်က ဘေးနီးစပ်ရာ တောတွေထဲဝင်ပြီး တိုက်ပွဲဖြစ်ကြတယ်။ သူတို့ဘက်က လက်နက်ကြီးပစ်ကူတာ သူတို့လူအပေါ်ကို ပြန်ကျတာရှိတယ်။ စုံစမ်းသိရသလောက် ၅၀ ဝန်းကျင်သေတယ်။ ၅ မိုင်မှာ ကျွင်းတူးပြီး သင်္ဂြိုလ်တယ်လို့ ကြားရတာပေါ့။" လို့ သရက်ခရိုင်တပ်ရင်း - ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10