Cherry

ခင်ဦးမှာ ဒေသခံတွေအပြင် စစ်ရှောင်တွေပါ ရေမလောက်ငှမှုနဲ့ ရင်ဆိုင်နေရ

“နဂိုကဆို ရေအိုင်တွေရှိတယ်။ အဲ့အိုင်တွေကနေ ချိုးရေဆိုလည်းဒါပဲ။ သောက်ရေဆိုလည်း ဒါပဲ။ ဒါပေမယ့် ခုနွေရာသီရောက်တဲ့အခါမှာ အဲ့အိုင်တွေကလည်း ရေတဖြည်းဖြည်းခမ်းလာတယ်။ ရေတော်တော်ကို ရှားပါးပြီး သောက်ရေအတွက် ရေရတဲ့နေရာထိကို လှည်းတွေနဲ့ လာသယ်နေရတယ်။ ညအိပ်လာသယ်ရတာတွေရှိတယ်။ လူတွေသောက်ဖို့တောင် ခက်ခဲနေတော့ နွားတွေကိုလည်း အချိန်မှန်မှန်မတိုက်နိုင်တော့ သေဆုံးတာတွေ ဖြစ်ကုန်တာ။"

ဟုမ္မလင်းတိုက်ပွဲမှာ စစ်ကောင်စီအထိနာပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

“ယာယီပွိုင့်ကုန်းထိုးတဲ့နေရာတွေကို တပြိုင်ထဲတိုက်တာဗျ၊ သူတို့ဘက်က ၂ ယောက်ကျပြီးတော့ အလောင်းပြန်ကောက်တဲ့အချိန်မှာ နောက်တကြိမ် ထပ်ဖြစ်တယ်။ ကျတော်တို့သိထားတာ ၇ ယောက် ကျတယ်။ ၁ ယောက်ကတော့ အလောင်းလာမကောက်သေးဘူး။ မြစ်ဘယ်ဘက်ခြမ်းက တိုက်ပွဲအခြေနေကတော့ သေချာမသိရသေးဘူး။ လောလောဆယ်ဆယ်တော့ စစ်ဆိုင်ထားတုန်းပဲ။"

NUG ဝန်ကြီးရဲ့တူဖြစ်သူ တပ်ရင်းမှူးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးအသတ်ခံရ

"ရင်းမှူးက ဘော်ဒီဂတ်ကလေးနဲ့ စစ်ကြောင်းသွားထောက်တာ။ စစ်**မရောက်သေးဘူး ထင်ပြီး သဲကောရွာကို ဖြတ်တာ။ စစ်**တွေက ရွာထဲမှာ အရင်ရောက်နှင့်နေပြီး အဖမ်းခံလိုက်ရတာ။ နယ်မြေမကျွမ်းတာလည်း ပါမှာပေါ့။ ရင်းမှူးက ပြောင်းလာတာ မကြာသေးဘူး။ သူတို့ နှစ်ယောက်ကိုက ရွာထဲမှာ ကြိုးတုတ်ပြီး ရက်ရက်စက်စက် မီးရှို့သတ်သွားတယ်။ ရဲဘော်တွေက ရင်းမှူးအဖမ်းခံလိုက်ရတယ်ကြားလို့ စစ်ကူလာဖြည့်ရင်း မိပြီး ပစ်သတ်ခံရတာ"

တပူပေါ် တပူဆင့်တဲ့ စစ်ကိုင်းမြို့က ရေဒုက္ခ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တနေ့ကို မီး ၁ နာရီလောက်သာ လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရေအခက်ခဲ ကြုံနေရပြီး သောက်သုံးရေကအစ ရှားပါးနေတယ်

စိုက်ပျိုးစရိတ်ကြီးမြင့်မှုနဲ့ စစ်ဘေးကြောင့် ယင်းမာပင် ကြက်သွန်တောင်သူများ အရှုံးပေါ်

“မီးရှို့ခံရတာတွေ ကြောက်ကြတော့ ဈေးမမျှော်တော့ဘဲ အရင်းလေးရရင်ဆိုပြီး ရောင်းပစ်ရတာ၊ လုံးလုံးဆုံးရှုံး မှာထက်စာရင် ရသလောက်လေးဆိုပြီး လက်လွှတ်လိုက်ရတာပေါ့။ မနှစ်က‌ဆို ကြက်သွန်တွေ စင်လိုက်ထားကြ တယ်။ မီးထဲပါသွားတယ်။ တလုံးမှ ရောင်းမစားလိုက်ရတဲ့အဖြစ်မျိုးထိရှိတယ်။ အဲ့လိုအတွေ့ကြုံတွေရှိခဲ့တော့ ကြာကြာမထားရဲဘူး”

မီးမလာလို့ စစ်ကိုင်းမြို့မှာ ရေရှားပါးတဲ့ဒုက္ခ အဆိုးရွားဆုံး ရင်ဆိုင်နေရ

“မီးက တရက်လုံးမှ ၁ နာရီကောင်းကောင်းတောင်မရဘူး၊ ရေက တမြို့လုံးကိုခက်ခဲနေပြီ၊ ဘယ်လောက်ထိတောင်ဆိုးလဲဆို အိမ်သာတတ်စရာရေတောင် မရှိကြဘူး၊ အမေကြီးတယောက်ဆို အိမ်မှာသောက်ရေကို မရှိတော့လို့ ရေကျန်လေးမရှိဘူးလားလို့ လာ‌မေးတယ်၊ ပြည်သူတွေ တော်တော် ခက်ခဲနေကြတာပါ”

ပဇီကြီးစစ်ရှောင်တွေ ဆေးဝါးအကူညီလိုအပ်နေပြီး စစ်ကြောင်းကိုရှောင်ရင်း မြွေကိုက်ခံရလို့ ၁ ဦးသေဆုံး

“ကျနော်တို့စစ်ရှောင်နေတဲ့ဘက်ကို စစ်ကြောင်းထိုးမယ်သတင်းရလို့ တခြားနေရာကို ရှောင်မလို့ ဆင်းကြည့်ရာကနေဖြစ်တာ။ ကိုက်ခံရတဲ့ညပိုင်းက ဗမာဆေးမြစ်ကလေးတွေနဲ့တော့ ခြေထောက်ကိုစည်းပြီး ကုလိုက်သေးတယ်။ ကျနော်တို့နေရာက ရွာနဲ့ဝေးတော့ ဆရာဝန်၊ ဆရာမနဲ့ကလည်းမနီးဘူးဗျ၊ အဲ့ဒီရက်ကလည်းစစ်ကြောင်းကကပ်နေတော့ဘယ်မှသွားလို့မရဘူး”

တန့်ဆည်က စစ်အုပ်စုစခန်း စီးနင်းခံရပြီး စစ်သားနဲ့ပျူ ၂၀ ခန့်သေဆုံးကာ လက်နက်အချို့လည်း သိမ်းခံလိုက်ရ

“ရွာကင်းတွေနားထိကပ်နိုင်ပြီး အကုန်လုံးအသင့်ဖြစ်ပြီဆိုမှ ပစ်ခတ်ကြတာ၊ ကင်း ၃ ကင်းလုံး သိမ်းနိုင်ခဲ့တယ်၊ ကင်းနေရာတွေ မီးရှို့ခဲ့တယ်။ ကာဘိုင် ၈ လက်ရခဲ့တယ်၊ ကျည်ကတော့ အများကြီးပဲဗျ။ မရေရသေးဘူး၊ ပင်မစခန်းထဲထိ ဝင်နိုင်ခဲ့တယ်၊ ပင်မစခန်းက ဘုန်းကြီးကျောင်း ဖြစ်နေတဲ့အတွက် ဘာမှတော့မလုပ်ခဲ့ဘူး၊ မြေအောက်ခန်းတွေရော အကုန်ရှာ၊ အကုန်ရှင်း နိုင်ခဲ့တယ်”

ကပစနဲ့ဝါဇီတပ်ကို လျှပ်စစ်မီးပေးတဲ့ ဓာတ်အားခွဲရုံကို မိုင်းခွဲခဲ့လို့ စစ်တပ်တွင်း ဓာတ်အားတချို့ ပြတ်တောက်

“ရွာတွေကို မီးပေးတဲ့ ၁၁‌ ကေဗွီလား စစ်တပ်ကိုပေးတဲ့ ၆၆ ကေဗွီလား ဆိုတာ အချိန် ၂ ပတ်လောက်ယူပြီး ထပ်ခါထပ်ခါ စစ်ဆေးပြီးမှ လုပ်ခဲ့တာ။ အဲ့စက်ရုံဝန်းက သံဇကာတွေ တပ်ထားတယ်။ အဲ့သံဇကာတွေမှာ လျှပ်စစ်ဓာတ်အားတွေ လွှတ်ထားတာလည်း မြင်ရတယ်။ အဲ့ဒီကြားထဲကမှ အဆင်ပြေအောင် ဝင်ပြီး မိုင်း ၃ လုံးခွဲတာ”

ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ဆန္ဒပြတာဟာ NUGကို ဆန့်ကျင်တာဆိုပြီး ချောင်းဦးပအဖ ခြိမ်းခြောက်

“ရုံးကိုရောက်တော့ ငြိမ်းစုစီဥပဒေအရ ဆန္ဒပြရင်ဖောင်ကြိုတင်ရတယ်၊ မတင်တဲ့အတွက် ထောင် ၃ လ ချလို့ရတယ်လို့ ခြိမ်းခြောက်တယ်။ကျနော်တို့ အော်တဲ့ဆောင်ပုဒ်တွေက NUGကိုဆန္ဒပြတာဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့စွပ်စွဲတယ်။ ဘယ်သူက ခိုင်းစေလို့လဲဆိုပြီး ချိန်းခြောက်မေးတာခံရတယ်” လို့ ကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဆောမှာ ဆန်စပါးကုန်သွယ်ခွင့် ကန့်သတ်လိုက်လို့ စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေ

“ဆန်ဈေးတွေသတ်မှတ်လိုက်တော့ ကျနော်တို့မှာနည်းနည်းကြပ်တာပေါ့၊ အရင်က ၃ သောင်း ခုတော့ ၃ သောင်းခွဲ ဖြစ်သွားပါပြီ၊ ဆန်ဈေး ၄ သောင်းလောက်ရမှ ကျနော်တို့မှာ အရင်းရရုံပဲ၊ ခုက အရင်းတောင်မရတော့ စပါးစိုက်ရင် မြေဆီထည့်မသုံးနိုင်တော့ဘူးလေ၊ လျော့သုံးရတာပေါ့၊ ၂ အိတ်သုံးတဲ့နေရာကို ၁ အိတ်ပဲသုံးနိုင်တယ်၊ အဲ့တော့ စပါးအထွက်နှုန်းလည်းကျတယ်၊ နည်းနည်းအခက်တွေ့တာပေါ့"

ဒေသခံအများအပြားကိုသတ်ပြီးနောက် စစ်ကောင်စီက ပဇီကြီးကို PDF ရွာ‌ဆိုပြီး ဝါဒဖြန့်လာ

"မနေ့က စစ်ကြောင်း ၂ ကြောင်းနဲ့ ရွာကိုဝိုက်ပြီး ရွာထဲကိုပစ်တယ်။ ပြီးတော့ နောက်ပြန်ဆုတ်တယ်။ သူတို့ပြန်ဆုတ်ပြီး မကြာခင်အတွင်းမှာပဲ ဂျက်ဖိုက်တာနဲ့လာပြီး ဗုံးကြဲတယ်။ ဗုံးကြဲပြီးတော့မှ သူတို့ဝင်တယ်။ ခဏနေတော့ အဲ့လိုလီဆယ်လုပ်ငန်းတွေ လုပ်တယ်။ အခုကလည်း အဲ့ပတ်ဝန်းကျင်မှာပဲ ရှိသေးတယ်"

ကလေးမြို့ ပင်မသပိတ်က အမျိုးသမီးအဖွဲ့ဝင်တွေရဲ့နေအိမ်တွေ ဖျက်ဆီးခံရ

“မနေ့ညနေကလည်း ကလေးလမ်းဆုံဘက်မှာ ထပ်ဖြိုကြတယ်။ မိတဲ့ထဲက ယောက်ျားလေးတွေရဲ့ အိမ်တော့ မပါသေးဘူး။ ဒီနေ့ မအိစံအိမ်ကို စက်ကြီးတွေနဲ့ လာဖြိုသွားတယ်။ ဖမ်းမိတဲ့နေ့က ချိတ်ပိတ်တယ်။ နောက်ရက်တွေကျ လိုက်ဖြိုနေတာ။ တခြားသူတွေ မလုပ်ရဲအောင် တမင်လုပ်ပြနေတာထင်တယ်”

ပဇီကြီးမှာ တိုက်ပွဲဖြစ်၊ လေယာဉ်နဲ့ ဗုံးကြဲ

“အခု တိုက်ပွဲဖြစ်နေတာ၊ ဝေဟင်တော့ မလာသေးဘူး။ နယ်မြေခံအဖွဲ့တွေရဲ့ မိုင်းကွင်းတွေထဲ မိတာ တော်တော်သေတယ်လို့ကြားတယ်။ ပဒေသမိုင်းကွင်းတွေမိတာဆိုတော့ တအုန်းအုန်းပေါက်ကွဲသံတွေကို ပထမက ဝေဟင်ကျဲတယ်ထင်နေကြတာ၊ ပွိုင့်တွေကို **တွေတိုးတာ၊ လောလောဆယ် ဝေဟင်တော့ မလာသေးဘူး။ လေကြောင်းလာမှာတော့ ကြောက်ရတယ်။ ခုလည်း ဝေဟင်ထောက်နေရတယ်"

ပဇီကြီးကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးဖို့ ပြင်နေလို့ စစ်ရှောင်တွေ ထပ်ပြီး စစ်ရှောင်နေရ

“ပဇီကြီးရွာရဲ့ ပေတထောင်ကျော် (ကိုက် ၃၀၀ ကျော်) အကွာက တောတိုက်လေးတွေရှေ့မှာ ရောက်နေပြီ။ ပဇီကြီးကို တအားမဲနေတာဗျ။ ရွာထဲတော့ မဝင်သေးဘူး။ ကျနော်တို့အထင်ပြောရရင် သူတို့လုပ်သွားတဲ့လုပ်ရက်ကြီးကို အဖတ်ဆည်ဖို့ မဟုတ်တာတွေ သတင်းတင်ဖို့ရာ မြေပြင်ကွင်းဆင်းတာလို့ ထင်တယ်။ မလယ်ကနေ ပဇီကြီးကိုတန်းဝင်တာမဟုတ်ဘူး။ ဝိုက်ပြီးမှဝင်တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10