Danger

၂ ရက်ဆက် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားများ ခြေလက်အင်္ဂါမဲ့ဖြစ်သွား (ရုပ်/သံ)

"ကား ၁ စီးကတော့ ပြန်မယူဘူး၊ ယာဉ်မောင်းက လက်တွေပြတ်ကျန်ခဲ့တယ်၊ ကားလည်းဒီအတိုင်းထားသွားတယ်၊ ကားပေါ်မှာပါတဲ့ ဆန်တို့ ပဲတို့ကတော့ အကုန်လုံးပြန်ယူသွားတယ်၊ ကားကတော့ အခွံလိုက်ကျန်ခဲ့တာ၊ ၁၅ ဦးလောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်၊ လက်ပြတ်ခြေပြတ်တွေ ဖြစ်တယ်ဆိုတာ သူတို့နဲ့မွေးချင်းဆက်နွယ်တဲ့သူတွေက ဖုန်းနဲ့ပြန်ပြောလို့ သိရတာ"

ညောင်ဖြူပင်ရဲစခန်း ၃ ရက် ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

ညောင်ဖြူပင်ရဲစခန်းကို ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နဲ့ ၁၁ ရက် နံနက်တွေမှာ ဗုံးသီး ၅ လုံး၊ ၄ လုံး၊ ၆ လုံးတို့နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းပတ်ဝန်းကျင် အဆောက်အဦတွေနဲ့ ဘန်ကာတွေကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပဲ လို့ Chindwin Fighter Group(CFG) တာဝန်ခံက ပြောပါတယ်။

တပ်မ ၃၃ နဲ့ မန္တလေးနန်းတွင်းခြေလျင်စစ်ကြောင်း ၂ ကြောင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

"တိုက်ပွဲချိန်က ၁၀ မိနစ်လောက်ပဲကြာတယ်။ အဲ့ဒီစစ်ကြောင်းနဲ့ စတွေ့တာက ဝမ်းပြည့်ရွာရဲ့အနောက်ဘက်မှာ စတွေ့တာ။ ကျနော်တို့ကအနောက်ကနေ ကာပစ်ပေးတာ။ မီတာ ၂၀၀ ဝန်းကျင်လောက်က ပစ်ခတ်ခဲ့တာ။ အဲ့ဒီစစ်‌ကြောင်း ၂ ကြောင်း မြင်းမူမြို့ထဲပြန်ရောက်တဲ့အချိန် ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းဘက်ကို ကား ၂ စီးနဲ့ပို့တယ်"

မြိုင်မြို့ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခံရလို့ စစ်သား ၁ ဦးနဲ့ ရဲ ၁ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့ မန္တလေးသွားကားလမ်းပေါ်က စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီ စစ်သား ၁ ဦး ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ပကဖ အဖွဲ့ဆီက သိရပါတယ်။

အမြန်လမ်းစစ်ဆေးရေးဂိတ်အပါအဝင် ၃ နေရာကို PDF တိုက်ခိုက် (ရုပ်/သံ)

"ကျနော်တို့ စုံစမ်းသိရှိရသလောက်တော့ ပြင်စည်စာသင်ကျောင်းထဲမှာကတော့ ၂ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာလည်းရှိတယ်။ အမြန်လမ်းမှာတော့ ထိခိုက်ဒဏ်ရာပဲရတာ မြင်ရတယ်။ ကန်နားရဲစခန်းကတော့ စစ်** ၃ ကောင်သေတယ်။ ရဲ ၄ ကောင်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရတယ်"

NUG ဒုဝန်ကြီး မကွေးတိုင်း ၆ မြို့နယ်မှာ ပထမဆုံးအကြိမ် မြေပြင်တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းဟာ မကွေးတိုင်း၊ ၆ မြို့နယ်က ပအဖ၊ ပကဖ၊ PDFနဲ့ ပြည်သူတွေကို မြေပြင်မှာ တိုက်ရိုက်သွားရောက်တွေ့ဆုံပြီး တော်လှန်ရေးကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

မုံရွာနယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ၃ ‌ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းက ထွက်လာတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ PDF မဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က စစ်ဗိုလ်အပါအဝင် ၃ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ထောက်ပို့စစ်ကြောင်း ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

“ကျနော်တို့ကြားနေတာ မြိုင်ဆေးရုံထဲမှာ ၄ ယောက်သေတယ်။ ၁၁ ယောက် ခြေပြတ် လက်ပြတ်တွေ ဖြစ်နေတာရှိတယ်။ ၅ ရက်နေ့ ထွက်လာတဲ့ စစ်ကြောင်းက ကန်နီရွာကို မရောက်ဘူး။ ပေါက်ပျဉ်းလမ်းဆုံကနေ မိုင်းဆွဲလိုက်တော့ နေ့လယ် ၁၁ နာရီလောက်မှာ မြိုင်မြို့ထဲကို ပြန်ဆုတ်သွားတယ်။”

တင်းဂတ်ရွာ စစ်တပ်ဂိတ် ဗုံးကြဲခံရ (ရုပ်/သံ)

"ဂိတ်ရှေ့တည့်တည့်ကော ဘန်ကာထဲကောကျတာ မြင်နေရတယ်၊ ပျူ** ၂ ကောင်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ချက်ခြင်းပခုက္ကူဆေးရုံကြီးကိုသွားပြီးတော့ ဆေးကုနေတယ်၊ သေလားမသေလားတော့ ကျနော်တို့လည်း မသိရသေးဘူး၊ သူတို့ဘက်လည်း လက်နက်ငယ် လက်နက်ကြီးတွေနဲ့တော့ မနားမနေပြန်ပစ်တယ်"

စစ်ကောင်စီ ထောက်ပို့သင်္ဘော ၂ စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

"ရှိန်းမကားရဲစခန်းကို ထောက်ပို့ပစ္စည်းလာပို့တာ။ ကျနော်တို့က ရှိန်းမကားရဲစခန်းအနားရောက်ကာနီး ရွာသစ်ရွာထိပ်လောက်မှာ စပြီးတိုက်ပွဲဖြစ်တာ။ တိုက်ပွဲချိန်က ၂ နာရီကျော်လောက်ထိကြာတယ်။ အဲဒီအချိန်မှာ သူတို့သင်္ဘောဆက်မောင်းဖို့ အဆင်မပြေ‌တော့ဘူးပေါ့။ တိုက်ပွဲဖြစ်ပြီးရှေ့ကိုဆက်မသွားဘဲနဲ့ နောက်ကိုပဲပြန်မောင်းသွားတယ်"

အဆရ ၁၂ က တပ်သားတဦး လက်နက်တွေနဲ့အတူ အလင်းဝင်

“တပ်သားကတော့ ဧရာဝတီတိုင်း၊ ဟင်္သာတဘက်ကပါ။ အင်မထီးကျေးရွာမှာ တာဝန်ကျနေတာ။ အင်မထီးကျေးရွာ အရှေ့ဘက်မှာ ကျနော်တို့ရဲဘော်တွေ ကင်းချထားတာတွေရှိတယ်။ အဲဒီရဲဘော်တွေဆီ အလံဖြူထောင်ပြီးတော့ ‘ကျနော်အင်မထီးကျေးရွာထဲက ထွက်လာတာပါ၊ ပြည်သူနဲ့ ပူးပေါင်းချင်လို့ပါ’ ပြောပြီး အလင်းဝင်လာတာ”

“လိုအပ်ချက်တွေကို သင်ခန်းစာယူပြီး ရှေ့ဆက်သွားရမယ့်နှစ်ဖြစ်ပါတယ်” (ရုပ်သံဆောင်းပါး)

မြင်းခြံ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ၂၀၂၃ က သင်ခန်းစာတွေ၊ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး ၂၀၂၄ မှာ အာဏာသိမ်းစစ်တပ်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

အိမ်စီးကားနဲ့ ကင်းပတ်ပြန်တဲ့ ရဲအုပ်စု ပစ်ခတ်ခံရလို့ ဒုရဲအုပ် ၁ ဦးနဲ့ တပ်သား ၂ ဦး သေဆုံး

" ကားမောင်းတဲ့သူကတော့ လက်မောင်းထိမှန် ဒဏ်ရာရသွားတယ်လို့ သိရတယ်၊ စက်မှုဇုန်အနီးဝန်းကျင်မှာ အိမ်စီးကားတွေနဲ့ ကင်းပတ်တွေလုပ်နေပြီး သေဆုံးအလောင်းကိုတော့ နာရေးကား ၂ စီးနဲ့ မြို့ထဲကိုသယ်ဆောင်သွားတယ်"

မြို့မရဲစခန်းနဲ့ မြို့တွင်းကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲ ၃ဦးနဲ့ စစ်သား ၅ဦးသေဆုံး (ရုပ်/သံ)

နွားထိုးကြီးမြို့နယ်ထဲမှာ ပြောက်ကြားစစ်ပုံစံမျိုး အမြဲတမ်းဖြစ်ပွားနေပြီး ယခင်တိုက်ပွဲတွေက မြို့ပြင် နယ်ဘက်၊‌ တောဘက်တွေမှာ တိုက်ပွဲအဖြစ်များကာ ယခုမြို့ပေါ်တိုက်ပွဲမှာတော့ ပြည်သူတွေက မတိမ်းမရှောင်တတ်လို့ တိုက်ပွဲဖော်ဆောင်ရာမှာ ခက်ခဲခဲ့တယ်လို့ Myingyan District Army-4 Natogyi PDF တပ်ရေးဗိုလ်က ပြောပါတယ်။

ယင်းမာပင် ရဲစခန်းနဲ့ ဌာနရုံးတွေကို လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ် (ရုပ်/သံ)

ယင်းမာပင်ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ သစ်တောရုံးတို့ကို ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီကနေ ၁၁ နာရီခန့်အထိ ၃ နာရီကြာအောင် ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10