Danger

သောက်ရေလာခပ်တဲ့ စစ်သားတွေရဲ့ ရေစည်တင်နွားလှည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထပေါက်ကုန်းကျေးရွာ သောက်ရေကန်ကနေ ရေစည်တိုက်ပြီးပြန်လာတဲ့ စစ်အုပ်စုမောင်းနှင်လာတဲ့ ရေစည်နွားလှည်းကို သောက်ရေကန်အနီးမှာ Drone နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်

စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်ခံ ပြည်သူတွေနဲ့ ကျဆုံးရဲဘော်တွေအတွက် NUG က ငွေကြေးထောက်ပံ့

“NUG က ထောက်ပံ့ဖို့ပေးတာကြောင့် သွားထောက်ပံ့ပေးတာ။ ကျဆုံး ၁ ဦးကို ၁ သိန်းနှုန်းထောက်ပံပေးပြီး ဒဏ်ရာရသူ ၁ ဦး ကို ၅ သောင်းနှုန်းထောက်ပံ့ပေးခဲ့တယ်”

ရဲဘော်တွေလွတ်မြောက်ဖို့ စစ်ကောင်စီတပ်ကို ခံပစ်ရင်း အသက် ၂၀ အရွယ် PDF ၁ ဦးကျဆုံး

“မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျနော်တို့အဖွဲ့တွေ စစ်ကူသွားတဲ့အချိန် ရန်သူ့တပ်တွေရဲ့ချောင်းပစ်တာ ခံလိုက်ရတယ်။ ကျန်တဲ့ရဲဘော်တွေ အကုန်လုံးလည်း ပိတ်မိနေတာ။ ၁ နာရီနီးပါး စစ်ကောင်စီတပ်တွေ ပစ်တာခံခဲ့ရတာ။ အဲဒီရဲဘော်က ကျန်တဲ့ရဲဘော်တွေအတွက် ခံပစ်ရင်းနဲ့ ကျဆုံးသွားတာ”

PDF ထိန်းချုပ်ရပ်ကွက်ကို နယ်ကျွံလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၄ ဦး သေဆုံးဟုဆို

“ရုံးပေါင်းစုံနဲ့ ဆေးရုံမှာ တပ်စွဲထားတဲ့ကောင်တွေ စစ်ကြောင်း ၃ ကြောင်းခွဲပြီးတော့ ဝင်လာတာ။ ရေစကြို မြို့ အမှတ် ၁ ထင်းတန်းရပ်ကွက်က ကျနော်တို့အပိုင်စိုးမိုးထားတဲ့နယ်မြေ။ အဲ့ဒီစစ်ကြောင်း ၃ ခုထဲက အင်အား ၂၅ လောက်က နယ်ကျွံလာတဲ့အချိန် အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲ ကင်းသမားက ခွဲခဲ့တာ။ ၄ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်”

ပျူရွာရဲ့ ရိက္ခာလမ်းကြောင်း ကြားဖြတ်တိုက်ခံရလို့ ရိက္ခာနဲ့ လက်နက်အချို့သိမ်းခံရ( ရုပ်/သံ)

ကန်နီရွာ ပျူစောထီးနဲ့စစ်‌သား‌တွေက မြိုင်မြို့ပေါ်ကနေ ဖောကား ၂ စီး အင်အား ၁၀၀ ကျော်နဲ့ ရိက္ခာသယ်ပြီးပြန်လာတာမှာ မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခဲ့တာလို့ ဆိုပါတယ်။

ပွင့်ဖြူ-ပကဖ က ၂ မိုင်ထိ ပစ်လို့ရတဲ့ ၆၀ မမ လက်နက်ကြီး ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်း အခြေစိုက်ပြီး မြေလတ်ဒေသတလျှောက် စစ်ကောင်စီကို တော်လှန်နေတဲ့ ပွင့်ဖြူ-ပကဖ အဖွဲ့က အကွာအဝေး ၂ မိုင်အထိ ပစ်လို့ရတဲ့ ၆၀ မမ လက်နက်ကြီး ထုတ်လုပ်ခဲ့တယ်

ရေနံချောင်းမြို့မ ရဲစခန်း အဝေးထိန်းမိုင်းခွဲခံရလို့ ဘန်ကာတွေ ပျက်ဆီး

"ည ၈ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မိုင်း ၂ လုံးခွဲတိုက်ခိုက်ခဲ့တာ၊ အဲဒီရေနံချောင်းမြို့မရဲစခန်းမှာ အင်အား ၃၀ လောက်ရှိမယ်။ ကျနော်တို့ ပြန်လည်ဆုတ်ခွာတဲ့အချိန်မှာ သူတို့က နောက်လိုက်ပစ်တာတော့ ရှိတယ်။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းဆဲပါ။ ပျက်စီးဆုံးရှုံးတာကတော့ ရဲစခန်းဘန်ကာအပိုင်းကို မိုင်းခွဲခဲ့တာဆိုတော့ ပျက်စီးဆုံးရှုံးမှုတော့ရှိမယ်"

စျေးထွက်ဝယ်တဲ့ စစ်သားနဲ့ ပျူတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ၇ဦးသေဆုံး( ရုပ်/သံ)

မြိုင်မြို့ပေါ်ကို စျေးတက်ဝယ်တဲ့ ကန်နီရွာက စစ်သားနဲ့ ပျူစောထီးတွေ အပြန်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ပြီး မိုင်း ၂ကြိမ်ဆွဲတိုက်ခိုက်ခံရလို့ ၇ဦးသေဆုံးခဲ့တယ်လို့ မြိုင် ပကဖ ဆီကသိရပါတယ်။

တပ်မ ၁၀၁တပ်သားတွေရဲ့ စစ်ဆေးရေးဂိတ် လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၂ ဦး သေဆုံး ( ရုပ်/သံ)

"အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ က စစ်သား‌ ၁၀ ယောက်လောက်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေလို့ မတ်လ ၄ ရက် ညနေ ၅ နာရီကျော်မှာ လက်နက်ကြီး အချက် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာ"

ဝက်လက်အခြေစိုက် Acid အဖွဲ့က ရိုင်ဖယ် သေနတ်ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာအခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ Acid အဖွဲ့က 7.62 Refile အမျိုးအစား သေနတ်ကို ဖေဖော်ဝါရီလကုန်မှာ ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

တမခ ၁၀၁ ကစစ်သားတွေ ကင်းပုန်းဝပ်နေတဲ့နေရာ ၃ နေရာကို တနေ့တည်းတိုက်ခိုက်

“၈ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ မြိုင်မြို့အရှေ့ဘက်ပေါက်ပြင်းရွာမှာ ကင်းပုန်းဝတ်လာတဲ့ *၃ ကောင်ကိုတကြိမ် မိုင်းဆွဲခဲ့ပြီး၊ နေ့ခင်း ၂ နာရီ ၂၅ မိနစ်လောက်မှာ မြိုင်အရှေ့ဘက်၊ သံပုရာခြံကျေးရွာ၊ အခွန်လွတ်ဈေးနေရာမှာ တကြိမ်၊ နောက်ထပ် ဈေးဝန်းအတွင်းထဲမှာပဲ ပေပါမိုင်းအကြီးနဲ့တကြိမ် စုစုပေါင်း ၃ ကြိမ် မိုင်းဆွဲခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

မိုင်းမတော်တဆမှုကြောင့် ၁၉ နှစ်အရွယ်ရဲဘော် ၁ ဦးလက်ဖြတ်လိုက်ရ

“MOD (Ministry of Defence – NUG) က ကျနော်တို့ကို အိမ်မက်တွေအမျိုးမျိုးပေးပြီး လက်နက်တွေ တပ်ဆင်ပါမယ်ပြောပြီးတော့ အရေးကြီးတဲ့မြို့နယ်ကို မတပ်ဆင်ပဲနဲ့ ကျန်တဲ့မြို့နယ်တွေကိုတပ်ဆင်နေတော့ ကျ‌နော်တို့တွေ တော်တော်ဒုက္ခရောက်တယ်၊ ကျနော်တို့တွေက ကိုယ်ထုကိုယ်ထဘဝနဲ့ပဲ အခုအချိန်ထိ တော်လှန်ရေးကို ဆက်လက်သွားနေရတုန်း၊ ရှိတဲ့လက်နက်နဲ့ပဲတွန်းလှန်နေရတယ်၊ သူတို့တွေ D Day တွေ ဘယ်လောက်ပဲကြော်ငြာ ကြော်ငြာ ကျနော်တို့တွေကို သူတို့လက်နက်မချပေးပဲနဲ့ ဘာမှလုပ်လို့မရဘူး” လို့ ဆိုပါတယ်။

မူးယစ်ဆေးသုံးစွဲနေသူ တဦး တောကြီးမြွေပွေးအဖွဲ့က ဖမ်းဆီးမိ (ရုပ်/သံ)

"မတ္တရာမြို့နယ် အနောက်အခြမ်းက NUG ရဲ့စိုးမိုးနယ်မြေထဲမှာ မပါဘူး၊ စစ်တပ်ရဲ့ စိုးမိုးနယ်မြေပဲရှိသေးတယ်၊ စစ်ကောင်စီနဲ့ဆက်နွယ်နေတော့ ဆေးကအစ အကုန်လုံးက သူတို့အတွက်လွယ်ကူတယ်၊ ကျ‌နော်တို့ဖမ်းပြီးသက်ဆိုင်ရာမြို့နယ်ကို ဒေသခံအဖွဲ့အစည်းတွေဆီအပ်လိုက်တာ"

ရွာမီးငြိမ်းဖို့သွားတဲ့ ရဲဘော် ၅ ဦးအပါ ၁၀ ဦး ကို စစ်ကောင်စီက မီးရှို့သတ်သွား

"စစ်ကောင်စီတပ်သား‌တွေ ထွက်ပြီဆိုပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူ‌တွေက ပြောတာ။ ဆိုက်ဝါးလွှတ်လိုက်တာလို့ ကျနော်တို့က ထင်တာပဲ။ ကျနော်တို့က မီးငြိမ်းဖို့ ရွာထဲပတ်တာ။ စစ်**တွေက ဝင်လာတာသိရဲ့သားနဲ့ ကျနော်တို့ကို မပစ်သေးဘူး။ ကျနော်တို့ကတဖြည်းဖြည်းတိုးရင်းနဲ့ အိမ်တွေထဲ ဝင်သွားတာ။ သူတို့က ပြည်သူတွေ ဖမ်းထားပြီးတော့ မရှိဘူးလို့ ပြောခိုင်းထားပုံ ထင်ပါတယ်။ ကျနော်တို့ကို ဝိုင်းထားတာ။ သူတို့ဘက်က သေနတ်တွေနဲ့ ကောက်ချိန်တဲ့အချိန်မှာ ခုန်ချရတယ်။ မှန်တဲ့သူတွေလည်း မှန်တယ်။ ကျနော်တို့က အကုန်ပြေးရတာ။ ၁၀ ယောက်ကတော့ အကျအဆုံး ရှိတယ်"

စာမေးပွဲမေးခွန်း သယ်လာတဲ့ကား မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

"မေးခွန်းသယ်လာတဲ့ စစ်ကောင်စီ တပ်သားတွေ ပါလာတဲ့ Super Custom ၁ စီး Eurofect ကား ၁ စီး နဲ့ CRV ကား ၁ စီး ၃ စီးကို ရေစကြိုမြို့အပြင်ဘက် ဘက်စုံကွေ့အနားရောက်တဲ့အချိန် ပဒေသာမိုင်း ၃ လုံးတွဲ ၂ တွဲ ၆ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10