အရာတော်မှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို
“အစကတော့ နယ်မြေခံတပ်ရင်းတွေ တိုက်ခိုက်နေတာ၊ ကျနော်တို့က အခြားစစ်ဆင်ရေးတခုမှာ ရောက်နေတော့ အစောပိုင်းမှာ မပါလိုက်ဘူး။ ညနေပိုင်းမှာ ကျနော်တို့ကို တပ်ကူခေါ်တယ်။ ကျနော်တို့အင်အားစုပြီး အမြန်သွားရောက်ခဲ့တယ်။ ဘန်ကာတွေကို RPG နဲ့ ပစ်တယ်။ စက်ကလေးတွေနဲ့ ပစ်တယ်။ သေတဲ့သူတွေလည်း သေတယ်။ မီးလောင်တာတွေလည်း အများကြီးပါ။ ထွက်ပြေးတာတွေလည်း ရှိတယ်”