ခန့်အောင်

ယင်းမာပင်က စစ်ကောင်စီစခန်းကို PDF ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုန်းနဲ့ပစ်

"ပျူတွေ ကားနှစ်စီးနဲ့တပ်ထောက်ပို့အတွက် ထပ်ရောက်လာလို့တိုက်ခိုက်ခဲ့တာပါ။ ညနေ ၄ နာရီကျော်လောက်ကနေ စပစ်ခတ်တာပါ၊ နာရီဝက်ကျော်ကြာပါတယ်။ အဝေးပစ်ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့တာပါ။ အထိအခိုက်တော့ သေချာမသိရဘူးဗျ။ အစပိုင်းတော့ပြန်ပစ်တယ်။ သူတို့စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီးနောက်ပိုင်း ပြန်ပစ်ခတ်တာတော့ မရှိတော့ဘူး"

ရွှေဘိုမှာ စပါးခိုးရိတ်နေတဲ့ပျူစောထီးတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ

"ရွာသာရွာကျေးရွာကပျူရွာတွေဗျ၊ သူတို့ကကောက်ရိတ်စက်နဲ့ အနီးနားက စပါးခင်းတွေကို ပျူအင်အားအများအပြားနဲ့ခိုးရိတ်နေတာကို ဒရုန်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ"

မန္တလေးက စီးပွားရေးဘဏ် ဗုံးခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

"ဆိုင်ကယ်ပေါ်ကနေ မောင်းရင်းပစ်တာ။ စစ်သားတယောက်နဲ့ ရဲတယောက်သေတယ်။ လဲသွားတဲ့ကောင်ကို တရွတ်တိုက်ဆွဲခေါ်သွားတယ်။ လက်ပစ်ဗုံးနဲ့ပစ်တဲ့ချိန်တုန်းကတော့ သူတို့ဘက်က သေနတ် ၆ ချက် ၇ ချက်ပြန်ပစ်တယ်။ နာရေးကားရော လူနာတင်ယာဥ်ရော သွားတယ်"

ပျူစောထီးတွေကို PDF အဖွဲ့တွေပေါင်းပြီး နေရာခွဲတိုက်လို့ တဦးသေကာ ပြင်းထန်ဒဏ်ရာရသူများ

"သီးလုံးရွာက ပျူစောထီးခေါင်းဆောင် ဝင်းဇော်အောင်နဲ့မြင့်ခိုင်တို့က ရွာထဲကနေ ဆိုင်ကယ်တစီးကို နှစ်ယောက်စီးထွက်လာတာ အဲဒါကို မိုင်းဆွဲခဲ့တာပါ။ နှစ်ဦးစလုံးသေလောက်တဲ့ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်။ တည်သီးတောက ပျူတယောက်ကတော့ သေပါတယ်"

ဂန့်ဂေါမှာ ကြားကာလပညာရေးစုံညီပွဲတော် ကျင်းပ

"ကျောင်းသားကျောင်းသူတွေရဲ့ အားကစားစိတ်ဓာတ်ရှင်သန့်ဖို့၊ စုပေါင်းလုပ်ဆောင်တတ်တဲ့အမူအကျင့်တွေရဖို့၊ အားကစားစည်းကမ်းကိုလေးစားလိုက်နာတတ်ပြီး အပြင်မှာလည်း ဥပဒေကိုလေးစားတတ်တဲ့ လူငယ်တွေဖြစ်စေဖို့၊ ကျန်းမာကြံ့ခိုင်ဖို့နဲ့ ကလေးတွေ စိတ်ရွှင်လန်းပျော်ပါးစေဖို့ ရည်ရွယ်ကျင်းပဖြစ်တာပါ"

အကျဥ်းသားမထားဘဲ စစ်တပ်ကတပ်စွဲထားတဲ့ ထောင်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်

"ကျနော်တို့ မဟာမိတ်တွေပူးပေါင်းပြီး ၄၀ မမ ၆၀ မမ ၁၂၀ မမ တွေနဲ့ သွားပစ်တာဗျ။ သာစည်လမ်းတလျှောက် စစ်တာဆေးတာတွေဒေသခံတွေကို ဖိနှိပ်တာတွေ လုပ်နေတဲ့အတွက် မုံရွာပကဖရဲ့ ခွင့်ပြု့မိန့်ယူပြီး mission ဖော်ဆောင်ခဲ့တာဗျ"

မုံရွာမြို့လယ်မှာ လူငယ်တွေအရုဏ်ဦးပျောက်ကြားသပိတ်ပြုလုပ်

"စစ်ခွေး နိဂုံး2023" စာသားပါဘန်နာကိုကိုင်ဆောင်ကြွေးကြော်ပြီး မင်းအောင်လိူင်ဓါတ်ပုံကို နင်းခြေဖျက်စီးကာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ရေးသားထားတဲ့ စာရွက်တွေဖြန့်ကြဲခဲ့ကြတယ်။

မန္တလေးမှာ သက်ကြီးအမျိုးသမီးတဦးတည်းရှိနေချိန် အိမ်ထဲဝင်ပစ္စည်းလု လူသတ်မှုဖြစ်

"ကျနော်တို့ဆီကို သတိလစ်နေတဲ့လူနာတယောက်ရှိတယ်ဆိုပြီး အကြောင်းကြားလို့ ကျနော်တို့ရောက်တဲ့အချိန်မှာ လူနာအသက်မရှိတော့ဘူး သွေးတွေနဲ့ ဘေးပတ်ဝန်းကျင်ပြောတာကတော့လုယက်ခံထားရတယ် ရွှေတွေငွေတွေပါသွားတယ်လို့ပြောတယ် ရဲကတော့အတိအကျသိမှာပါ"

ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ၂ ပါးဇာတိရွာအပါအဝင် နေအိမ် ၇၀၀ ကျော်ကို စစ်ကောင်စီကမီးရှို့

"မနေ့ကမနက် ၁၀ နာရီလောက်က တပ်မ ၃၃ ကနေ အင်အား ၇၀ လောက်နဲ့လာပြီး ကုန်းကြီးရွာကို မီးစရိူ့တာပါ၊ မီးဘေးသင့်ပြည်သူခန့်မှန်းခြေ သုံးထောင်ကျော်ရှိပါမယ်။ မီးဘေးသင့်ပြည်သူတွေကတော့ လက်ရှိမှာကြုံသလိုနေထိုင်နေရပါတယ်"

မန္တလေး ချမ်းမြသာစည်ရဲစခန်းလိုင်းခန်း လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရ

"မြို့မရဲစခန်းလိုင်းခန်းထဲကို ခြံစည်းရိုးအပြင်ကနေ လက်ပစ်ဗုံးတလုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာပါ။ ပျက်စီးမှုနဲ့ ထိခိုက်မှုကတော့ သေချာပေါက်ရှိမှာ၊ စုံစမ်းတုန်းပါ"

သင်တန်းမတက်ပါက ကိုယ်တိုင်မီးရှို့မည်ဟု ပျူစောထီးခေါင်းဆောင် ဘုန်းကြီးဝါသဝခြိမ်းခြောက်

"တအိမ်တယောက် မဖြစ်မနေတက်ရမယ်။ အဝေးမှာသွားပြီး အလုပ်လုပ်ကိုင်နေတဲ့ ကျေးရွာက လူငယ်တွေကိုလည်း ပျူသင်တန်းတက်ဖို့ဖိအားပေးပြီး ပြန်ခေါ်ခိုင်းတယ်။ ပြန်မလာတဲ့ လူငယ်တွေရှိရင် ရွာမှာကျန်နေတဲ့မိသားစုဝင်တွေကို ဖမ်းမယ်"

ကားဆွဲလာတဲ့ကရိန်းယာဉ်အရှိန်လွန်ပြီး နှစ်စီးစလုံးလမ်းအောက်ထိုးကျကာ ၁ ဦးသေဆုံး

"နောက်က NISSAN DIESEL ခြောက်ဘီးကုန်ကားက မှောက်ထားလို့ ကရိန်းနဲ့သွားဆွဲတာ အခုဖြစ်တဲ့နေရာက လေးထပ်ကွေ့ အပေါ်ဆုံးထပ်ကို ရောက်တဲ့အချိန်မှာ ကရိန်းကအရှိန်နည်းပြီး အောက်ကိုကျသွားတာ၊ အဲတော့နောက်ကဆွဲလာတဲ့ ကားပါအောက်ကိုကျပြီး ကရိန်းပေါ်ကိုပိတာမှာ ကရိန်းယာဥ်မောင်းကဆုံးသွားတာ"

ပုတီးကုန်း EPC ရုံးကို သတိပေးတဲ့အနေနဲ့မိုင်းခွဲ

"ပုတီးကုန်း EPC ကို ခုမနက် ၆ ခွဲလောက်ကမိုင်းခွဲခဲ့ပါတယ် ၂ လုံးခွဲခဲ့တာပါ ထိခိုက်မှုကတော့မှန်တွေ ကွဲသွားရုံလောက်ပဲရှိတယ်။ သတိပေးတဲ့အဆင့်ပါ။ မီးကျတော့ ပုံမှန်မပေးပဲ ပြည်သူတွေကို ဖိအားပေးမီတာခတောင်းခံနေလို့ သတိပေးခဲ့တာပါ"

ပေါက်တောင်ပိုင်းပြောက်ကျားတပ်က ဒေသခံတွေရဲ့ကျန်းမာရေးကို နယ်လှည့်ကုသပေးနေ

"ကျောင်းကျန်းမာရေးအတွက်နဲ့ ကျေးလက်ကျန်းမာရေးအတွက် ပညာပေးဟောပြောရတာပါ။ စစ်ရှောင်တွေကလည်း နေရာအနှံ့အပြားမှာရှိနေတော့ အလှည့်ကျဟောပြောပညာပေးကုသရပါတယ်။ အသိပညာပေးဟောပြောကုသပေးတာက CDM ကျန်းမာရေးဆရာမတွေပါ။ တော်လှန်ရေးရဲဘော်တွေက ဝိုင်းကူကြတာပါ"

ကန့်ဘလူမှာ ၆ တန်းကျောင်းသားတဦးကို စစ်အုပ်စုကသတ်ပြီး နေအိမ်ကိုပါမီးရိူ့

"စစ်တပ်နဲ့ပျူတွေက ဇီးပင်သာရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်မီးရိူ့နေချိန် ကလေးကကြောက်လို့ အိမ်သာနားပုန်းနေတာမှာ ပစ်သတ်ခံရတာပါ။ ပျူက ပစ်သလား၊ စစ်တပ်က ပစ်သလားတော့မသိဘူး။ အခုရွာထဲက စစ်တပ်နဲ့ပျူတွေထွက်သွားတော့ အလောင်းကတော့ မိဘတွေလက်ထဲရောက်ပေမယ့် သူ့အိမ်ပါမီးရိူ့ခံရတော့ ထားစရာမရှိဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10