ခန့်အောင်

ပေါင်းတည်က စစ်ကောင်စီသတင်းပေးဆိုသူကို PPDF က ရှင်းလင်း

“သူ့အိမ်သွား ဝိုင်းတာမှာ မတွေ့လို့ ညောင်နီပင်ရွာနားက နွားစားကျက်မှာ နွားကျောင်းနေတာကို တွေ့ပြီး ရှင်းပစ်ခဲ့တာ“

ကြို့ပင်ကောက်မှာ သစ်လုပ်ငန်းဝန်ထမ်းနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေ

“ဝါးရုံအောက်မှာ နားနေတဲ့အချိန်မှာ တိုက်ရင်း သေကုန်ကြတာ။ သူတို့ဘက်ကလည်း ၄၀ မမတွေ လက်နက်ငယ်တွေနဲ့ ပစ်ကြတာ ၁၅ မိနစ်လောက်ကြာတယ်။ ကျန်တဲ့ပျူစောထီးတွေကတော့ ထွက်ပြေးကုန်ကြတယ်”

မင်းလှမြို့နယ် ခလရ(၁) တပ်ရင်းမှာ စစ်သားအင်းအားနည်းလို့ ပြည်သူ့စစ်နဲ့ အင်အားဖြည့်တင်းနေရ

“တပ်ထဲမှာက မနှစ်(၂၀၂၃)ကတည်းကစပြီး ခြောက်ကပ်နေတာ။ အကျိုးအကန်းပဲ ကျန်တာလေ။ ဒါကြောင့် အခုနှစ်ဆန်းပိုင်းကတည်းက ပြည်သူ့စစ်တွေကို ပျမ်းမျှ တမြို့ ၄၊ ၅ ယောက်လောက်နဲ့ အလီလီ ခေါ်ထည့်ထားရတာ“

သုံးဆယ်မြို့ပေါ်မှာ PDF နဲ့ စစ်ကောင်စီ ပြန်လှန်ပစ်ခတ်မှုဖြစ်

သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းမဘေး ၉ လမ်းထိပ်က ဝတ်ရည်မွန်စားသောက်ဆိုင်ရှေ့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဖေဖေါ်ဝါရီ ၁၅ ရက် ည ၈ နာရီခွဲလောက်မှာ ပစ်ခတ်ကြတာလို့ ပြောပါတယ်။

တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ရဲဘော်ကို ကောင်းမွန်စွာသင်္ဂြိုဟ် (ရုပ်သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တဦးကို ဖေဖေါ်ဝါရီလ ၁၅ ရက် မနက် ၉ နာရီက ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၂ က တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ပြောပါတယ်။

ကြို့ပင်ကောက်မှာ ယာဥ်တိုက်မှုဖြစ်လို့ တဦးသေပြီး သုံးဦးဒဏ်ရာရ

"သေဆုံးတဲ့ဦးလေးက စက်ဘီးစီးနေတာကို ကားက အရှိန်လွန်ပြီး နောက်ကတိုက်တာ။ စက်ဘီးသမားက ပွဲချင်းပြီးဆုံးသွားတယ်"

တိုက်ပွဲကျဆုံးရဲဘော်ကို ကောင်းမွန်စွာသင်္ဂြိုဟ်

ရဲဘော်တောင်တန်းဟာ ဖေဖေါ်ဝါရီ ၁၁ ရက် မနက် ၇ နာရီက ‌သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နဲ့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အုတ်ဖိုမြို့နယ် မင်းလှဆည်ရှင်းလင်းဆောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဝင်တိုက်ချိန် စစ်သားတဦးပစ်တဲ့ သေနတ်ကျည်ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။

ပေါက်ခေါင်း စခန်းသိမ်းတိုက်ပွဲ ကျည်မလုံလောက်လို့  နောက်ပြန်ဆုတ်ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီဂိတ်စခန်းကိုသိမ်းဖို့ PDF တွေ ကျည်မလုံလောက်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ရဲ့ စခန်းတာဝန်ခံ ဒေါင်းဝေ ပြောပါတယ်။

မတ်ပဲ ၁ တင်း ကျပ် ၁ သိန်းဈေးအောက် ပြန်ကျ

“တသိန်းအောက်ကို ကျတယ်ဆိုတာကတော့ တောင်သူတွေအတွက် သတင်းဆိုးပါ။ ဒီထက် ဆက်ကျရင် စိုက်စရိတ်လောက်ပဲ ရနိုင်မယ်။ အရင်းအနှီးကြီးကြီးနဲ့ လုပ်ရတာ ဈေးဆက်ကျမှာ စိုးရိမ်တယ်”

အုတ်ဖိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက် သေဆုံးမှုရှိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး PDF ၁ ဦးသေဆုံးခဲ့သလို ဖမ်းမိတဲ့ စစ်သား ၁ ဦးလည်း ဆေးဝါးကုသနေစဉ် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဆီက သိရပါတယ်။

နတ်မောက်က အုပ်ချုပ်ရေးမှူးတဦး အသတ်ခံရ

“သူ့အိမ်ထဲကို တော်လှန်‌ရေးတပ်ဖွဲ့တွေ ဝင်ဖို့ ကြိုးစားတုန်း ဓါးနဲ့ ခုခံမယ်လုပ်လို့ လမ်းပေါ်ဆွဲထုတ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်ပြီး နံကြားကို ဓါးနဲ့ထိုးခဲ့တာ ပွဲချင်းပြီးပဲ"

အုတ်ဖိုက စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂ ခုကို PDF ဝင်တိုက်၊ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်ကောင်စီရဲ့အဆောင် မီးရှို့ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး ၂ ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

“အရေးကြီး ပစ်မှတ်စာရင်းထဲပါတယ်။ ခုဟာကတော့ မြင့်ဟန်ကို လမ်းကြုံလို့ ရှင်းခဲ့တာ။ ဦးခေါင်းကို ၃ ချက်ပစ်တာ ပွဲချင်းပြီးသေတယ်”

ရေဦးဒေသခံ ၂ ဦးကို စစ်တပ်က လည်လှီးသတ်ခဲ့

“ညပိုင်းမှာ စစ်ကြောင်းထိုးလို့ ပြည်သူတွေ အလစ်ငိုက်ခံရပြီး PDF လို့ ခေါင်းစဉ်တပ်သတ်ဖြတ်သွားတာ”

ဝက်ထီးကန်မှာ ဆည်မြောင်းက စီမံခန့်ခွဲမှုညံ့ဖျင်းလို့ တောင်သူတွေ ပဲမစိုက်ရဘဲ နစ်နာခဲ့ရ

“တာဝန်ရှိသူတွေက တွက်ချက်မှုညံ့ဖျင်းတာလား၊ လယ်သမားတွေကို နှိပ်ကွပ်တာလားတော့ မပြောတတ်ဘူး။ တကယ်ဆို သေချာတွက်ချက်ပေါ့။ သုံးသီး(မိုးစပါး+ မတ်ပဲ+ နွေစပါး) စိုက်ရင်လည်း ရရဲ့သားနဲ့ ရေလွှတ်စောမယ်ပြောတော့ စိုက်ပြီးမှ ရေဝင်လို့ ပဲတွေသေရင် ဆုံးရှုံးမှာစိုးပြီး မစိုက်ကြတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10