လက်နက်ကြီးထိမှန် ကျဆုံးတဲ့ရဲဘော်ရဲ့ ဈာပနပြုလုပ် (ရုပ်/သံ)
“လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ရင်း စကစဘက်က ပစ်တဲ့ လက်နက်ကြီးကောင်တာနဲ့ ထိတာပါ။ လည်ပင်းနဲ့ ပခုံးကြား ထိတာ၊ ဆေးရုံကဝေးတော့ လမ်းမှာတင် ကျဆုံးသွားတာဗျ။”
“လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ရင်း စကစဘက်က ပစ်တဲ့ လက်နက်ကြီးကောင်တာနဲ့ ထိတာပါ။ လည်ပင်းနဲ့ ပခုံးကြား ထိတာ၊ ဆေးရုံကဝေးတော့ လမ်းမှာတင် ကျဆုံးသွားတာဗျ။”
"တပ်မ ၁၀၁ ကနေ ညနေ ၄ နာရီ ၄၅ မိနစ်ကထွက်လာတာ၊ ကျနော်တို့မိုင်းဆွဲတာက ညနေ ၅ နာရီကျော်မှာပါ၊ ကားပေါ်မှာ ပါတာက ၃၃ ကောင်ပါတယ်၊ ပထမ ကားမှာပဲ မိုင်းပွိုင့်အကြီးနဲ့ မိသွားတယ်"
Mark II ကားကိုမှန်အလုံပိတ်ပြီး မြင်းချင်းပျူစောထီးခေါင်းဆောင်ထွန်းနိုင် သူ့အမျိုးသမီးနဲ့ ပျူစောထီး ကောင်းကောင်း ၃ ယောက်တို့ ပစ်ခတ်ခံရကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ AK သေနတ် အစုတ် ၁ လက် ရခဲ့တယ်ရွှေဘိုအားမာန် မြို့ပြပြောက်ကျား တာဝန်ခံက ပြောပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာက ပျူစောထီးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာမှာ ပျုစောထီးကျော်ခိုင်ရဲ့ ဆီးခုံကိုဗုံးစထိမှန်ပြီး သေဆုံးသွားတယ်လို့ Young Force UG တာဝန်ခံ ကိုပိန်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြုလုပ်တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာကျင်းပတဲ့ ၇၇ နဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ၂ နှစ်ဆက်တိုက် ထည့်သွင်းပြောဆိုခဲ့ပေမယ့် အခုနှစ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုတာမျိုး မတွေ့ရတာပါ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ရွှေဘိုမြို့မုခ်ပေါက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ ၅ ဦးဒဏ်ရာရသွားတယ်လို့ Buffalo soldiers freedom Force အဖွဲဆီက သိရပါတယ်။
ကိုယ်အလေးချိန်ကိုထိန်းညှိဖို့ သဖန်းသီးကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ကင်ဆာရောဂါဖြစ်နိုင်ချေ လျော့နည်းစေဖို့ သဖန်းသီးကိုဘယ်လိုစားသုံးရမလဲ။ သဖန်းသီးဟာ ကိုယ်ဝန်ဆောင်တွေအတွက် သံဓာတ်ကို ဘယ်လိုထောက်ပံ့နိုင်သလဲ။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ သဖန်းရွက်ကို ဘယ်လိုစားသုံးသင့်သလဲစတာတွေကို နားဆင်ရမှာပါ။
စစ်ကြောင်းပြန်ထွက်သွားလို့ အသက်ဘေးလွတ်မြောက်သွားတဲ့ ပြည်သူတွေဟာ ရွာထဲက စာသင်ကျောင်းတွေမှာ ခိုကပ်နေရကြပြီး ပြာပုံထဲက သံတိုသံစတွေကို ရသလောက် လိုက်ကောက်ကာ ပိဿာချိန်နဲ့ ပြန်ရောင်းကြပြီး ကလေးငယ်တွေအတွက် မုန့်ဖိုးရှာနေကြတာပါ။
မင်းလှမြို့၊ စက်ကြီးတန်းလမ်းမှာနေတဲ့ ကိုမျိုးမြင့်အောင် (ခ) အောင်အောင်ကို မတ် ၂၆ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တပ်ခွဲ ၃ နဲ့ မင်းလှ ပကဖ က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
-မကွေးတိုင်း၊ ပဒါန်းအုပ်စုက အုပ်ကြီးက ဒေသခံတွေစစ်မှုထမ်းဖို့ကို ဘယ်လိုပုံစံတွေနဲ့ လုပ်ဆောင်နေသလဲ။ -မကွေး၊ ကံဖျားရွာဝန်းကျင်က လောင်းကစားဝိုင်းတွေ။ -မိုးညိုမြို့နယ်၊ လက်ပံခုံရွာမှာ စစ်သားစုဆောင်းဖို့ ဘယ်သူကလုပ်ကိုင်နေတာလဲ စတဲ့ စာတွေကို နားဆင်ရပါမယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့တယ်လို့ ပါဝင်သူတဦးဖြစ်တဲ့ မချောစုဟန်က ပြောပါတယ်။
ပြည်သူတွေက သင်တန်းဆင်းရဲဘော်တွေနဲ့ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေပန်းတွေနဲ့ ဝမ်းပန်တသာ ကြိုဆိုနေကြသလို ဆုငွေပေးတာ၊ ဖျော်ရည်မျိုးစုံလည်း လက်ဆောင်ပေးကြတယ်လို့ တာဝန်ခံ ဗိုလ်စွမ်းက ဆိုပါတယ်။
ရဲဘော်တွေကို အစားအသောက်တွေ ကောင်းမွန်စွာနဲ့ ကျွေးမွေးတာရှိပေမယ့် အရက်၊ ဘီယာသောက်ခွင့်မပေးထားကာ တလတကြိမ် ဟမ်ဘာကာကျွေးဖြစ်တယ်လို့ ဓားမဆိုင်းတပ်မတော် တာဝန်ခံဗိုလ်စွမ်းက ပြောပါတယ်။
မတ်လ ၂၅ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ အင်အား စုစုပေါင်း ၆၀ ခန့်နဲ့ အစည်းအဝေးလုပ်နေချိန် Fixed Wings (မောင်းသူမဲ့လေယာဉ်) ၅ စီးအသုံးပြုပြီး ဗုံးသီး ၄ လုံး ချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုကျွဲကြီးအဖွဲ့က ဗိုလ်ကျွဲကြီးက ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ စစ်ရေးဌာနက ပြုလုပ်ခဲ့တဲ့ အထူးတိုက်ခိုက်ရေးသင်တန်းဆင်း ကျားသစ်နက်တပ်မတော်က PDF ရဲဘော်တွေကို မိသားစုဝင်တွေနဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။