ထိန်းသိမ်းရေးဇုန်ထဲ အစွန့်ပစ်ခံ ဧရာဝတီလင်းပိုင် (ရုပ်သံဆောင်းပါး)

 

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဇုန် မန္တလေးတိုင်းကနေစလို့ အထက်ဘက် ကသာမြို့နယ်အထိ မိုင် ၂၀၀ ကျော်ရှည်တဲ့ ဧရာဝတီမြစ် ဝဲယာတလျှောက်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာ ခုဆို ၃ နှစ်နီးပါးရှိနေပါပြီ။ 

ဒီ ၃ နှစ်တာအတွင်း ဧရာဝတီလင်းပိုင်တွေ ကျက်စားတဲ့နေရာတွေမှာ လျှပ်စစ်ရှော့တိုက်ငါးဖမ်းတာတွေ၊ ရေထဲကို လက်နက်ကြီးကျတာတွေရှိနေပြီး လင်းပိုင်အသေတွေကို တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့တွေ့နဲ့ ငါးလုပ်ငန်းဦးစီးဌာနက ၂၀၂၀ မှာ နောက်ဆုံးစာရင်း ကောက်ခံမှုအရ လင်းပိုင်အကောင်ရေ ၇၉ ကောင်ရှိခဲ့ပါတယ်။ 

စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း ဒေသခံရေလုပ်သားတွေ၊ မြစ်ထဲမော်တော်မောင်းသူတွေ၊ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောပြချက်နဲ့ လူမှုကွန်ရက်ဓာတ်ပုံတွေအရ အနည်းဆုံးဧရာဝတီလင်းပိုင် ၆ ကောင်ခန့်သေဆုံးထားတယ်လို့ သိရပါတယ်။

(သတင်းရင်းမြစ်တွေရဲ့ လုံခြုံရေးအရ နာမည်လွှဲထားပြီး အသံအစားထိုးဖတ်ထားပါတယ်။)

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံဆောင်းပါး #ဧရာဝတီလင်းပိုင် #ထိန်းသိမ်းရေး #ဧရာဝတီမြစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10