ဟယ်ရီ

စစ်သားစုဆောင်းရင်း သေနှုန်းမြင့်လာတဲ့ အုပ်ချုပ်ရေးမှူးများ (ဆောင်းပါး)

၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက် စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးနောက်မှာ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက်ဆိုသလို ရှင်းလင်းခဲ့ရာမှာ အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်သေဆုံးမှုတွေဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အရင်ကထက် ပိုမိုမြင့်တက်လာနေတာကို တွေ့ရပါတယ်။ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "စကစဒေါက်တိုင်တွေကို စတင်ရှင်းလင်းနေပြီ” လို့ ပြောပါတယ်။

မိဘတွေပြောပြတဲ့ သားထောင် (ရုပ်သံဆောင်းပါး)

မိဘနှစ်ပါးကလည်း ဓာတ်ပုံတွေကိုတွေ့ပေမဲ့ သားထောင်ကျတယ်ဆိုတာကို လက်ခံဖို့ခက်ခဲနေပြီး တပ်ဖွဲ့ရဲ့ နောက်ထပ်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါမှ သူတို့ရဲ့သား ကျဆုံးသွားပြီ ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်။ ဒါပေမဲ့ ရဲဘော်သားထောင်ဟာ ရှေ့တန်းမှာဘယ်လိုဘယ်ပုံနဲ့ ကျဆုံးသွားခဲ့ရတာကိုတော့ သူတို့ အဲဒီအချိန်အထိ မသိရသေးပါဘူး။

ထိန်းသိမ်းရေးဇုန်ထဲက အစွန့်ပစ်ခံ ဧရာဝတီလင်းပိုင် (ဆောင်းပါး)

“လင်းပိုင် စောင့်ကြည့်တဲ့ ဒေသခံတွေတောင် ခုက ကိုယ့်အသက်ကိုယ်ဖက်နဲ့ ထုပ်ထားရတယ်”

ဖခင်ဖြစ်သူပြောပြတဲ့ ဖိုးတေ (ရုပ်သံဆောင်းပါး)

“ဟာ....သွားပြီ။ တယောက်က ဖိုးတေ၊ တယောက်က သားထောင်ပေါ့ဗျာ။ ဒီလောက်ရက်ရက်စက်စက်လုပ်မယ်လို့ မထင်ထားခဲ့ဘူး။ မိုက်တွင်းနက်တဲ့ကောင်တွေ လုပ်ရက်ကြတယ်။ ကျနော်လည်း ကြည့်ရင်း ငိုချလိုက်တယ်ဗျာ။ အသည်းတွေ ကွဲမတတ်ပါပဲ။"

“အရှိုချင်းလူမျိုးဖြစ်တယ်ဆိုတာကိုတောင် မဖော်ပြရဲလောက်အောင် သိမ်ငယ်ခဲ့ရ၊ ခွဲခြားဆက်ဆံခံခဲ့ရတယ်။” (အင်တာဗျူး)

မြေပြန့်က အရှိုချင်းတွေကရော နွေဦးတော်လှန်ရေးမှာ ဘယ်လိုပါဝင်လှုပ်ရှားနေသလဲဆိုတာ Chin Defence Force – Asho တပ်ဖွဲ့ဝင် ဆလိုင်းရိုးရှင်းကို မြေလတ်အသံက မေးမြန်းထားပါတယ်။

လင်းလက်နေဆဲ ကြယ်စင် (ရုပ်သံဆောင်းပါး)

ကြယ်စင်သေဆုံးရတာဟာ စစ်တပ်က သူတို့လက်ချက်ကြောင့်မဟုတ်ဘဲ ဆန္ဒပြလူစုထဲက တစုံတယောက်ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတာလို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီနေ့ကဖြစ်ရပ်ကို ဆန္ဒပြပွဲမှာ သူနဲ့အတူရှိနေခဲ့သူ လက်ရှိ People's Democratic Organization ရဲ့ ဥက္ကဌ ကိုလပြည့် က ခုလိုပြန်ပြောပြပါတယ်။

အမျိုးသမီး ဆေးတပ်သား အီကြာကွေးရဲ့ ၃ နှစ်တာ တော်လှန်ရေးခရီး (ရုပ်သံဆောင်းပါး)

“တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ အချိန်ကာလအားဖြင့် ၃ နှစ်ပြည့်ပြီပေါ့နော်။ အချိန်ကာလကိုပဲ မကြည့်ဘဲနဲ့ လိုချင်တဲ့ ပန်းတိုင်ကိုသာကြည့်ပြီးတော့ မလျှော့သောဇွဲလုံ့လနဲ့ ဆက်လက်တိုက်ပွဲဝင်ပေးကြပါ၊ ပြည်သူတွေလည်း အားမလျှော့ဘဲနဲ့ ပါဝင်ပေးကြပါ”

မုန်းစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင် မှန်လေး (ရုပ်ပုံလွှာ)

နောက်ဆုံး သူ့အမေနဲ့ ဖုန်းပြောခဲ့တဲ့နေ့ကလည်း သူ့ညီလေးကို ပညာတက်အောင်သင်ဖို့နဲ့ သူ့အတွက် စိတ်မပူဖို့ တဖွဖွမှာနေခဲ့ပါတယ်။ “သူအမြဲပြောနေတာက တော်လှန်ရေးပြီးရင် မိသားစုတွေ ပြန်ဆုံကြမယ်တဲ့။ ဒါပေမဲ့ နေစရာ အိမ်မရှိတော့ (သူ)အရမ်းဝမ်းနည်းပြီး ငိုတယ်။”လို့ သူ့အမေကပြောပြပါတယ်။

"၂၀၂၄က ကျနော်တို့အတွက် ရောင်နီပါပဲ" (ရုပ်သံဆောင်းပါး)

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးတော်လှန်ရေးသမား ကျားခင်စိန်ဟာ သူမှာယူထားတဲ့ ဒရုန်းတွေ ရလာရင် ၂၀၂၄ ထဲမှာ စကစ ထိန်းချုပ်ထားတဲ့ စခန်းနဲ့ မြို့တွေကို သိမ်းပိုက်နိုင်အောင် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

“လက်နက်ရှိရင် တော်လှန်ရေးလုပ်လို့ရပြီဆိုတဲ့ အတွေးကနေ တော်လှန်ရေးလုပ်ရင် အလုံးစုံတည်ဆောက်ဖို့လိုတယ်ဆိုတဲ့ အခြေအနေအထိ ကျနော်တို့အတွေးတွေ ပြောင်းလဲလာခဲ့တယ်”  (ရုပ်သံဆောင်းပါး)

ဧရာဝတီမြစ်အနောက်ဘက်ကမ်းလွတ်မြောက်ရေးနဲ့ ကပစ စက်ရုံတွေကို ပစ်မှတ်ထားတဲ့ People’s Revolution Alliance - PRA Magway ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်ပြောတဲ့ ၂၀၂၃ အထိဖြတ်သန်းမှုနဲ့ ၂၀၂၄ ရည်မှန်းချက်

PDO / PDA တပ်ဖွဲ့ဝင်တွေကို ကောလင်းပကဖကဖမ်းပြီး ဘာကြောင့်ပြန်လွှတ်ပေးလိုက်သလဲ (ရုပ်သံအင်တာဗျူး)

“ကျနော်တို့ ရပ်တည်နေတာဟာ အန်ယူဂျီကို ကျနော်တို့က တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ ကွဲပြားနေဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီကို တန်ဖိုးထားတာကြောင့်မလို့ ကျနော်တို့မှာ မတူတဲ့အမြင်တွေရှိတယ်။ မတူတဲ့ လှုပ်ရှားမှုတွေရှိတယ်။ အဲ့ဒါတွေကို အန်ယူဂျီအနေနဲ့ လက်ခံပေးဖို့၊ တော်လှန်ရေးကိုရှေးရှုပြီးတော့ သဘောထားကြီးဖို့ ကျနော်တို့က မျှော်လင့်တယ်။”

AA ထံသွားတဲ့ PDA တပ်ဖွဲ့ဝင် ၆ ဦးကို ကောလင်းပကဖက ဖမ်းဆီးထား

“လက်ထဲမှာလည်း ရခိုင့်တပ်တော်နဲ့ဆက်သွယ်ဖို့ စာရွက်စာတမ်းတွေ ပါသွားတယ်။ အဲဒီစာရွက်စာတမ်းတွေကိုလည်း သူတို့(ကောလင်းပကဖ)က သိမ်းထားတယ်။ ဖမ်းဖမ်းချင်းမှာ ကျနော်တို့ရဲဘော်တွေကို အချုပ်ချထားတာ။ ဘာအမှုလဲလို့ မေးတော့လည်း ဘာမှ မပြောဘဲ ဖမ်းထားတာ။ ၃ ရက်လောက်ကြာအောင် ဆက်တိုက်မေးကာမှ နယ်မြေထဲကို သတင်းမပို့ဘဲဝင်လို့ဆိုပြီး ဖမ်းထားတာလို့ ပြောတယ်။”

ဝမ်ပေါင်နဲ့ ဒေသခံတို့ရဲ့ စီးချင်းတိုက်ပွဲ (သတင်းဆောင်းပါး)

ကုမ္မဏီအနေနဲ့ သီးသန့်ရပ်တည်နေမယ်ဆို တိုက်ခိုက်စရာအကြောင်းမရှိဘူး။ တိုက်ဖို့ဆန္ဒလည်း မရှိဘူးဗျ။ စစ်ကောင်စီကို အထောက်ပံ့ဖြစ်စေတဲ့ အရာတွေလုပ်နေလို့ တိုက်ခိုက်ရတာ။

“ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နေတာ မဟုတ်ပါဘူး။ လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာ” (အင်တာဗျူး)

“ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နေတာ မဟုတ်ပါဘူး။ လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာ”

သွေးပျက်နေတဲ့ စစ်ကောင်စီတပ် (ရုပ်သံဆောင်းပါး)

အညာတခွင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ မင်းအောင်လှိုင်ဦးဆောင်နေတဲ့ နှစ် ၇၀ ကျော်သက်တမ်းရှိ စစ်ကောင်စီတပ်နဲ့ လက်လုပ်သေနတ်ဆွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကိုစခဲ့တဲ့ စစ်ရေးအတွေ့အကြုံ ၂ နှစ်ဝန်းကျင်သာရှိသေးတဲ့ အညာသားတွေရဲ့ တိုက်ပွဲဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10