အင်တာနက်သုံးဖို့ သစ်ပင်တက်နေရသူတွေ (ရုပ်/သံ)

၂၀၂၁ စစ်အာဏာသိမ်ပြီးကတည်းက စစ်ကောင်စီဟာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ရာ ခုဆို ၃ နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီ ၃ နှစ်ကာလအတွင်းမှာ တချို့သောဒေသတွေမှာ ဆက်သွယ်ရေးလိုင်းတွေကို ပုံမှန်အတိုင်းပြန်သုံးလို့ရခဲ့ပေမဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလို တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာတော့ ဆက်သွယ်ရေးလိုင်းတွေကို တစိတ်တပိုင်းသာဖွင့်ပေးထားပါတယ်။ 

ပြီးခဲ့တဲ့လက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးလှုပ်ရှားနေတဲ့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းက ၂၇ မြို့နယ်နဲ့ မကွေးတိုင်းက ၄ မြို့နယ်ဟာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။ 

ဒေသခံတွေဟာ ဖုန်းတခါပြောဖို့နဲ့ အင်တာနက်သုံးဖို့အရေးကို သစ်ပင်ပေါ်နဲ့ တောင်ကုန်းတွေပေါ်တက်နေရပြီး တချို့ သော တော်လှန်ရေးအင်အားစုတွေကတော့ စတားလင့်ဂြိုလ်တုအင်တာနက်နဲ့ ချိတ်ပြီး ဆက်သွယ်နေကြပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#အညာ #အင်တာနက် #ဖုန်းလိုင်း #စစ်ကိုင်း #မကွေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10